Part-18(Zawgyi & Unicode)

26.8K 954 95
                                    

Unicode

လွှမ်းနဲ့ စီနီယာရဲ့အပေးအယူပြီးတဲ့နောက် စီနီယာ့ ခြေစွမ်းကတည်ငြိမ်လာသည်။ အခုနတုန်းက ဂိုးလ်ရောင်းနေသည့် ဂိုးလ်သမားနဲ့လားလားမှမဆိုင်အောင်၊ ကောင်းလွန်းသည်။ တကယ် စီနီယာ့ဆီမှာလွှမ်းအထင် ကြီးလောက်သည့် ခြေစွမ်းကိုပိုင်ဆိုင်ထားသည်။

လွှမ်းတို့ ပထမပွဲမှာဂိုးလ်ရောင်းသူကြီးကြောင့် အနောက်ကနေလိုက်ကစားကာ သရေဘဲယူနိုင်ခဲ့သည်။ နောက်ပွဲတွေမှာ‌တော့ လွှမ်းတို့ကသာနိုင်ပွဲဆင်ခဲ့ရသည်။

"လွှမ်းရာ!...နင်ကတကယ်ကိုမှတိုးတက်လာတာဘဲ။"

"‌စီနီယာတို့လည်းကောင်းပါတယ်။ လွှမ်းကလိုပါသေးတယ်။"

လွှမ်းတို့ ဟိုဘက်အသင်းကသူတွေနဲ့ စကားရပ်ပြေနေတုန်း၊ မြင်လိုက်ရသည့်မြင်ကွင်းက လွှမ်းကိုရေဆာစေသည်။ စီနီယာက ရေဘူးကို ခေါင်းပေါ်ကနေလောင်းချလိုက်သည့်အခါ ဂျာစီအမဲကစီနီယာ့ရင်ဘတ်မှာကပ်လျက် ဖြစ်သွားသည်။ လွှမ်းငေးကြည့်နေတာ စီနီယာကတွေ့သွားတော့ လွှမ်းအကြည့်ခပ်မြန်မြန်ရှောင်လိုက်ပေမယ့် စီနီယာ့ ရဲ့ခပ်ထေ့ထေ့အပြုံးကိုတော့ သေချာမြင်လိုက်ရသည်။

"မဟာ!..မင်းလက်စွမ်းကတော့အရင်တိုင်းဘဲ။"

စီနီယာက လွှမ်းတို့ဘောလုံးအသင်းကလူတို့နဲ့သိကျွမ်းတာဟာမထူးဆန်းပေ။  ကျောင်း သားတွေကြားထဲမိတ်များတာမို့၊ ဒီဖူဆယ်ကွင်းထဲလူတွေအကုန်နဲ့သိသည်။ ပြုံးပြုံးရွှင်ရွှင်ပင် လက်မောင်းချင်းတိုက်ရင်းတောင် နှုတ်ဆတ်နေသေးသည်။

"ဒါတောင် မကစားဖြစ်တာကြာပါပြီကွာ။အခုမှ စိတ်ကခေါ်ဆောင်နေလို့လာဖြစ်တာ။"

ထိုစကားက လွှမ်းကိုကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။

"အေး!...မင်းအားရင် ငါတို့ဒီလိုနောက်ဆိုတစ်ပွဲလောက် ထပ်စမ်းတာပေါ့ မဟာရာ။"

"အေး!...သားကြီး"

ကိုကောင်းမဟာမြတ်တစ်ယောက် လွှမ်းကိုကြည့်ရင်းသာ ပြုံးနေသည်။

"ဘယ်လိုလဲ!...ကိုယ်ပြောတာယုံပြီမလား။ ကိုယ့်လက်စွမ်းကကော အဆင်ပြေရဲ့လား။"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now