ဇာတ်သိမ်းပိုင်း

56.5K 2.5K 186
                                    


(Unicode)

[A:N/ သီချင်းလေးကို နားထောင်စေချင်ရဲ့]


ချစ်ရသူကို ပိုင်ဆိုင်ရခြင်းဟူသည် ၃၈ဖြာမင်္ဂလာတရားထဲတွင် မပါဝင်သော မင်္ဂလာတစ်ပါးပင်ဖြစ်ရနိုင်၏။

သူ့အတွက် ဒီနေ့ဟာ သိပ်ကိုကြည်နူးစရာကောင်း၍နေသည်။

သူက မနက်ကတည်းကအယောင်ယောင်အမှားမှားဖြင့် ဂနာမငြိမ့်သည့် ပုံစံမျိုးဖြစ်နေဟန်တူသည်။

မြဲ၏ အဘွားဖြစ်သူက သူ့အား တူညီသောမေးခွန်းကိုပင် မကြာခဏ မေး၍နေ၏။

"မြေးငယ်လေး...အရမ်းစိတ်လှုပ်ရှားနေလား"

သူက အေးစက်နေတဲ့ သူ့ရဲ့အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး မဆိုင်းမတွပင် ခေါင်းကို ငြိမ့်လိုက်၏။

ပြီးခါမှ အဘွားဖြစ်သူအား ပြုံးပြလိုက်ကာ မျက်လုံးက ချစ်ရတဲ့အမျိုးသားအား ဝေ့ဝိုက်ရှာလိုက်မိသည်။

"No.No မင်္ဂလာခန်းမ ထဲကျမှ မင်းသူ့ကို တွေ့ရတော့မှာ ၊ ဟိုလူပျိုးကြီးနှစ်ယောက်ရောပဲနော် ! မင်္ဂလာခန်းမထဲကျမှ မင်းတို့ရဲ့ သတို့သားလေးတွေကို တွေ့ရမယ်"

မြဲရဲ့ဘွားဘွားက နိမိတ်ရယ်၊နန္ဒဦးမောင်ရယ်၊လက်ယာသက္ခရယ်ကို ကြည်နူးစွာပြုံးပြရင်း ထိုသို့ပြောလာ၏။

မြဲဟာ အဖြူရောင်Suitကလေးနဲ့ ဘယ်လောက်တောင် ခန့်ညားနေလိုက်မလဲလေ။

သူကတော့ အမဲရောင်Suit ကို ဝတ်ဆင်ထားပြီး ကျန်အစ်ကိုကြီးနှစ်ယောက်ကလည်း အမဲရောင်Suitကိုသာ ဝတ်ဆင်ထားကြသည်မှာ ပြီးပြည့်စုံသော Wedding Fashion တစ်ခုလိုပင် ရှိလှသည်။

"နိမိတ်..အရမ်း စိတ်လှုပ်ရှားနေလား"

ကိုလက်ယာက သူ၏ပုခုံးအား ပုတ်လိုက်ရင်းမှ ထိုသို့ လာ၍ မေး၏ ။

သူ့ပုံစံဟာ တကယ်ကိုပဲ အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံဖြစ်နေလို့ထင်သည်။
သူလည်း ဒါကို ဘယ်လိုမျှ မထိန်းချုပ်နိုင်။

ထိုအမျိုးသားအား တရားဝင်ထိမ်မြားလက်ထပ်၍ ပိုင်ဆိုင်ကြောင်းအတည်ပြုရမည်ဟူသော စိတ်ခံစားချက်က သူ့အား ဆောက်တည်ရာမရဖြစ်ရလောက်အောင်ပင် ကြည်နူးနေစေသည်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now