အပိုင်း(၉)

48.6K 3.6K 539
                                    


(Unicode)

(Warning 🔞/ အသက်ပြည့်ပြည့်မပြည့်ပြည့်ဖတ်ချင်ရင် ဖတ်လိုက်ပါ ကိုယ့်စိတ်ကို ကိုယ်ပဲပိုင်တာမလို့ ကိုယ်ဆင်ခြင်နိုင်ရင်ဖြစ်ပါတယ်။အသုံးအနှုန်းတွေ ကြမ်းတမ်းပါတယ်)

______________________________

ခိုင်မြဲသက္ခ၏ ဦးခေါင်းသည် တစ်ခုခုနှင့် အပြင်းအထန် ထိခိုက်မိထားသည့်နှယ် အုံခဲနေကာ အမြင်တို့သည်လည်း တစ,တစနှင့် ဝေဝါးလာသည်။

"စိတ်မရှိပါနဲ့ ရှောင်၊ ဒီည ဘယ်လိုမှ မဖြစ်တော့ဘူး "

သူက တရုတ်တန်းမှာရှိတဲ့ သီးသန့်ဆန်တဲ့ Club တစ်ခုမှာ အသိမိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံဖို့ လာခဲ့ခြင်း။
ပြောရရင်...အသိမိတ်ဆွေတွေဆိုတာထက် လုပ်ငန်း ပါတနာသဘောမျိုးဆို ပိုမှန်လိမ့်မည်။

သူတို့TOXIN အိမ်တော်မှ သူရယ် ၊ တည်တံ့မင်းရယ် ကိုယ်စားလာရောက်ခဲ့ရသည်။
အတော်ရင်းရင်းနှီးနှီးပတ်သတ်ဖူးတဲ့ မျက်နှာတွေလည်း ရှိနေတာမလို့ ဘာမှမသောက်ဘဲ စကားစမြည်ထိုင်ပြောနေရုံပဲ ထိုင်နေခဲ့သည်သာ။ ရှောင့်ကိုမြင်မှ ငြင်းမရ၍ ရှောင်တိုက်တဲ့ Whiskey တစ်ခွက်သောက်လိုက်ခါမှ ခိုင်မြဲကမ္ဘာက ခြာခြာလည်သွားရတော့သည်။

သူတွေးမိတာ Allergic များလားပေါ့လေ။

ရှောင် ဆိုတာ သူ America မှာ ကျောင်းနေတုန်းက ရင်းနှီးခဲ့ရတဲ့ တရုတ်-ဗမာ ကပြား ကောင်လေး။
ဖြူဖြူဖွေးဖွေးနှင့်ထိုကောင်လေးက သူ့အပေါ် သိပ်အနွံတာခံတာမလို့ ခိုင်မြဲက ရောရောနှောနှောဆက်ဆံပေးခဲ့သည်။ ဒါဟာ အမှားတစ်ခုဖြစ်နေမယ်လို့ သူဘယ်တုန်းကမှ မတွေးမိခဲ့။

"အာ့..ငါ ခေါင်းတွေ အရမ်းကိုက်လာလို့ ပြန်နှင့်မယ် "

သူက အဲ့လိုပြောတော့ တည့်တံက Whiskey တစ်ခွက်ကိုင်မြှောက်ပြရင်း ခေါင်းငြိမ့်သည်။
ပြီးတော့ ရှောင့်ဘက်ကို လှည့်ပြီး,

"ရှောင်...မင် အကိုကို လိုက်ပို့လိုက်ပါဦး သူအတော်မူးသွားတယ်ထင်တယ် ကောင်းကောင်းပြုစုပေးလိုက်နော်"

ဘာကြောင့် တည်တံ့မင်းက ရှောင့်အား သူ့ကို လိုက်ပို့ခိုင်းရသလဲ သူတွေးမရခဲ့။

His Star-သူ့ကြယ် [Complete] Where stories live. Discover now