အပိုင်း(၂၀)

36.6K 2.6K 361
                                    

(Unicode)

[18 plus 100% Warning မဟုတ်ပေမယ့် တစ်ချို့ စကားလုံးလေးတွေကိုတော့ Warning ပေးပါတယ်ဗျ၊ 16 plus❗️]

နန္ဒမင်းမောင်အတွက် အတိတ်က အဖြစ်အပျက်အားလုံးဟာ ပြန်တွေးကြည့်လိုက်ရင် မနေ့တစ်နေ့ကလိုပင် ထင်ထင်ရှားရှား အမှတ်ရနေမိ၏။

အချစ်ဆိုတဲ့အရာကို ဘာမှန်းမသိ သစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့ လူပျိုပေါက် အရွယ်လေးမှာ သူက ဒေါက်တာလေးကို စတင်တွေ့ရှိခဲ့တာဖြစ်သည်။

ဂျူတီကုတ်လေးများ ဝတ်ထားရင် ကိုကြီးက သူ့မျက်လုံးထဲမှာ သိပ်ကို ချော၏။
လူငယ်သဘာဝ ကိုကြီးကို သွားပိုးပန်းခဲ့ရတဲ့ အချိန်တွေမှာ သူဆိုတာ သိပ်ကို တက်ကြွလို့နေခဲ့သည်။

ကိုကြီးကတော့ သူ့ဘက်ကို ဘယ်တုန်းကမှ မငဲ့ကွက်။
သူ့ကိုဆိုလျှင် ဘယ်ဘဝက အငြှိုးတွေ ထားလို့ထားမှန်းမသိ ခါးခါးသီးသီးပင် ငြင်းခဲ့သည်။

ဒါပေမယ့် အခုများတော့ ဒါတွေဟာ အိပ်မက်လားလို့ မေးရလောက်အောင် သူ့ရှေ့က ကိုကြီးက သူ့ကို အခွင့်အရေးပေးနေ၏။

ဒါက အိပ်မက်ဖြစ်နေရင်လည်း သူမနိုးချင်တော့။
'မပိုင်ဆိုင်ရလည်း ကိုင်ဖြစ်အောင် ကိုင်မယ်' လို့တွေးပြီး ကျစ်လစ်သိပ်သည်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သူ့လက်တွေနဲ့ ထိတွေ့ကြည့်လိုက်သည်။

သူ့မျက်လုံးကတော့ မှိတ်လျက်သား။

"မျက်လုံးဖွင့်ထား !"

ကိုကြီးရဲ့အသံက အေးစက်စွာ ထွက်ပေါ်လာသည်။ ကိုကြီးရဲ့ ထိုသို့သော အသံကို သူသိခဲ့တဲ့ နှစ်တွေမှာ တစ်ခါမှ မကြားဖူးခဲ့။

ကိုကြီးက သိပ်လျှို့ဝှက်တယ်။
ကိုကြီးက သိပ်နားလည်ရခက်လိုက်တာ..
သူ့မှာတော့ ကိုကြီးကိုချစ်တယ်ပြောပြီး ကိုကြီးရဲ့ ကွဲပြားတဲ့မျက်နှာတွေကို မမြင်ခဲ့ဖူး...။

ဦးလက်ယာသက္ခ!
ခင်ဗျားဟာလေ မူးယစ်ဆေးလိုပဲ.. စွဲလမ်းချစ်စရာကောင်းနေလိုက်တာများ ။

သူက ​ကိုကြီးကို ဘာစကားမှ ပြန်မပြော၊ မျက်လုံးလည်း မဖွင့်ပါဘဲ မှိတ်လျက် နေမြဲအတိုင်းသာ နေနေလိုက်သည်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now