အပိုင်း(၂၄)

33.6K 2.4K 190
                                    


(Unicode)

[WARNING:Sexual scene အချို့နဲ့ child abuse caseအချို့ပါမှာမို့ Trauma ရှိတဲ့သူတွေ စိတ်ပြင်ဆင်ပြီးမှ ဖတ်စေချင်ပါတယ်၊]

2013 ခုနှစ် အစောပိုင်း ။

အရပ်၅ပေကျော်ခန့်ရှိသည် ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက်သည် ခြေထောက်မှာပင် ဖိနပ်မကပ်နိုင်ဘဲ ခြေဦးတည်ရာသို့ ပြေးလွှားနေသည်။

ထိုကောင်လေးသည် ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် ၎င်း၏ ကျစ်လစ်သော ခန္ဓာကိုယ်ကို တမင်လှစ်ဟပြထားဟန်ဖြင့် အဝတ်အစားပင် ဝတ်၍ မထား။

သို့ရာတွင် ၎င်း၏ အောက်ပိုင်း၌ သစ်လွင်တောက်ပသော Jean pantကို ဝတ်ဆင်ထားရာ သေချာတွေးကြည့်လျှင် ထိုလူငယ်သည်က အပေါ်ပိုင်းကိုသာ တမင်ချန်၍ မဝတ်ဆင်ထားသည်ကို ရိပ်စားမိနိုင်သည်။

ပြေးသာ ပြေးနေရသည်။ သို့ရာတွင် သူ့အတွက် စိတ်သက်သာရာရရန်သာဖြစ်၏။ အချိန်တန်လျှင် သူက
မဖြစ်မနေ ထိုငရဲခန်းသို့ ပြန်ရမည်သာ။

အမေမသိ၊ အဖေမရှိဘဲ ကြီးပြင်းရသည့် သူ့ဘဝက မိထွေးလက်ထဲ၌
ငွေရှာစက်ကလေးပင် ဖြစ်ရသေးသည်။

အဖေ..!
အဖေလို့ ဦးနှောက်က တွေးလိုက်သော်လည်း ထိုလူ၏ ရုပ်ရည်ကိုပင်အသေအချာ မှတ်မိရန် ခဲယဥ်းသည်။
၃နှစ်ခြားမှ ၁ခါလောက်တွေ့ရတတ်သော ဦးမင်းမြတ်ဆိုသူက သူ၏ ဖခင်ဖြစ်သည်တဲ့။

ဦးမင်းမြတ်ဟာ တစ်နေ့တစ်နေ့ သူ့စီကို လာနေကျ အန်တီကြီးတွေလောက်တောင် သူ့ကို လိုချင်ဆန္ဒရှိပါ့မလား။

သူ့မိထွေးက သူ့ကို အမြဲပြောနေကျ စကားရှိတယ်။

"နင့်အမေက ဖာ! နင်လည်း ဖာပဲဖြစ်ရမယ်"တဲ့ ။

အမှန်တိုင်းပြောရရင် သူ့မှာ "ဖာ" ဆိုတာ ဘာလဲလို့ ပြန်မေးယူရတယ်။
သူက ဘာကိုမှ မသိခဲ့၊ သူ့မှာ ဘယ်သူမှလည်း မရှိခဲ့ပဲ။

သူသိတာက တစ်နေ့ ထမင်းတစ်နပ်စားရဖို့ရယ်နဲ့ ဘီလူးကြီးနဲ့ တစ်ခန်းထဲမနေရဖို့ရယ်ပါပဲ။

"လာ! ဘယ်သင်္ချိုင်းမှာ နင်သွားသေနေလဲ! မမူယာ နင့်ကို စောင့်နေရတာ ဘယ်လောက် အားနာစရာကောင်းလဲ အောက်တန်းစား!! ဒီည နင့်ကို ဟိုဘက်အိမ်က ခွေးကြီးနဲ့ အခန်းပိတ်ထားမယ်"

His Star-သူ့ကြယ် [Complete] Dove le storie prendono vita. Scoprilo ora