အပိုင်း(၃၆)

28.4K 2.1K 247
                                    


(Unicode)

ဤနေ့က TOXIN၏ သမိုင်းသစ်ကို ရေးထိုးနိုင်မည့်နေ့။

ဘယ်လိုလူမျိုးက ခန့်မှန်းမိမလဲ။
နိုင်ငံရဲ့ အချက်အချာကျသော မျိုးကြီးပြကြီးတွေကို စိုးမိုးခြယ်လှယ်နေတဲ့ TOXINဟာ နယ်စပ်ဒေသတွေကိုပါ မျက်စိကျလာလိမ့်မယ်လို့လေ။

တကယ်က TOXINက မျက်စိကျခဲ့ခြင်းမျိုးတော့ မဟုတ်။ တုန့်ပြန်လာချင်းသာ။

TOXINဟာ မြွေပွေးလို ငြိမ်နေတတ်ပေမယ့် လာထိရင်တော့ မသေမချင်းကိုက်သတ်တတ်သည်ကို သိစေချင်သည်။

ယနေ့တွင် ၎င်းတို့သည် တာချီလိတ်သို့ ဦးတည်၍ ရောက်ရှိလာခဲ့ကြပြီ။
၎င်းတို့ဆိုရာတွင် Davidခမ်းနှင့်ဂိုဏ်းငယ်များ။ ထို့အပြင် သူတို့ ၆ဦးသားဖြစ်၏။

အခြေအနေကား ခက်ခဲ့သည်တော့မဟုတ်။ သူကြိုတင်၍ စေလွှတ်ထားသော လူများက အားလုံး ​အခြေမှဖြုတ်၍ ထားပြီးသား ။
လိုအပ် သည်က အပေါ်ယံ သဲ့၍ ယူရုံသာ။

Polaris သည် မာန်ဆွယ်ချိုးခဲ့ထားရသေား ကျားနာတစ်ကောင်သဖွယ်ရှိလှ၏။
Polarisတွင် သစ္စာခံဆို၍ လူယုံအချို့သာရှိတော့ပြီး ကျန်လူအချို့မှာ နိမိတ်၏ ဗျူဟာအတိုင်း စည်းရုံးပြီးသားဖြစ်၍နေလေပြီ။

ခုခံကာကွယ်လိုရ၌လည်း ထိုလူရုံများကို အားကိုးရုံမှ အပ ဦးစိုင်းနောင်မတတ်နိုင်တော့။
ဒါက သူမထိသင့်တဲ့အရာကို သွားထိမိ၍ တန်ပြန်ရရှိလာသော အကျိုးဆက်ပင်ဖြစ်သည်။

အခု ခိုင်မြဲသက္ခတို့ ရောက်နေတာ Polaris ရဲ့ အိမ်တော်!

Davidခမ်းက သိပ်ကိုတော်သည်။
Davidခမ်းရဲ့ လူတွေကလည်း သိပ်အားကိုးရသည်။ အသက်ကိုစတေးပြီးတော့တောင် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်ကြ၏ ။

ဂိုဏ်းသိမ်းခြင်းကို သူ့ခြေ၊သူ့လက်သာမက သူ့လူတွေပါ မသုံးလိုက်ရခြင်းအပေါ် သူများစွာကျေနပ်နေမိသည်။

ဒါဟာ နောင်တရစရာကိစ္စတစ်ခုဖြစ်လာလိမ့်မည်လို့ သူမတွေးခဲ့မိ။

ယခုသူလာရောက်သည်ကလည်း ဦးစိုင်နောင်ဆီမှ တရားဝင် ဝင်ရောက်ခိုလှုံခြင်းအဖြစ် အတည်ပြုရန်သာ။

His Star-သူ့ကြယ် [Complete] Место, где живут истории. Откройте их для себя