အပိုင်း(၄၃)

30.9K 2K 133
                                    


(Unicode)

"အမြန်ပြင်ကြနော်၊အခုချက်ချင်း မင်္ဂလာဆောင်မှာလည်း မဟုတ်ဘူး ဒါလေးဝတ်တာကိုတောင် မပြီးနိုင်တော့ဘူးလား ပိုကိုပိုလွန်းတယ် "

တစ်ခေတ်ဦးက သူ၏ ထုံးစံအတိုင်း တိုက်ပုံအဖြူရောင်နှင့်ယောပုဆိုးအစိမ်းပုပ်ရောင်ကို အလျင်အမြန်ဝတ်ဆင်လိုက်ပြီး ခိုင်မြဲသက္ခတို့ အခန်းထဲအားလာ၍ အာကျယ်၊အာကျယ်ဖြင့် လာအော်၏။

ခိုင်မြဲသက္ခကပါ တိုက်ပုံအဖြူနှင့်အစိမ်းပုပ်ရောင်ယောပုဆိုးကို ဝတ်ဆင်ထားပြီး နိမိတ်ကတော့ တိုက်ပုံအင်္ကျီနှင့်အောက်တွင်တော့ ပုဆိုးမဝတ်ရသေးဘဲ ဘောင်းဘီအတိုဖြင့်သာ။

တစ်ခေတ်ဦးက နိမိတ်၏ ပုဆိုးမဝတ်ရသေးသော အောက်ပိုင်းအားကြည့်ရင်း တအံ့တသြဖြင့် ,

"ကောင်လေး၊ မင်းမဝတ်တတ်လည်း ဝတ်ရမှာနော်၊ ဆင်တူဝတ်ရအောင်လို့တောင် သေချာခြောက်စုံ အော်ဒါအပ်ထားရတာကွ..ခိုင်မြဲ ဒီကောင့်ကို ရအောင်ဝတ်ပေးစမ်းကွာ"

တစ်ခေတ်ဦးက ရှေ့သို့တိုးလာပြီး ပုဆိုးကိုယူကာ နိမိတ်အား ကောက်စွတ်ပေးမည့်ဟန်ပြင်တော့ နိမိတ်က လက်ကို အမြန်ခါပြလိုက်ပြီး,

"နေနေ ကိုတစ်ခေတ်၊ ကျုပ်..ကျွန်တော်ဘာသာ ဝတ်ပါ့မယ် "

နိမိတ်က အနောက်သို့ အလန့်တကြားဆုတ်သွားသည်မို့ တစ်ခေတ်ဦးက အစိမ်းပုပ်ရောင် ပုဆိုးလေးအား ကိုင်ကာ ကြောင်အအဖြင့် ရပ်နေရင်းမှ ထိုယောပုဆိုးအား ခိုင်မြဲသက္ခဘက်သို့ ပေးကာ,

"ရော့ မင်းလင်ကို မင်းပဲဝတ်ပေးလိုက်
ဟွန့် ပုဆိုးလေးဝတ်ပေးမှာကို သူ့ဘောင်းဘီဆွဲချွတ်မှာကျလို့ ကြောက်လန့်နေလိုက်တာများ.."

တစ်ခေတ်ဦးက သူ့သဘာဝအတိုင်း ပွစိ၊ပွစိပြောကာ ဆောင့်အောင့်ပြီး ထိုအခန်းထဲမှ ထွက်၍ သွား၏။

ခိုင်မြဲသက္ခက ကလေးဆန်သောသူ၏ သူငယ်ချင်းဖြစ်သူအား ပြုံး၍ ကြည့်ရင်းမှ ပုဆိုးလေးကိုင်ကာ နိမိတ်အား မျက်ခုံးပင့်ပြရင်း,

"မောင်..ကြိုးနဲ့ချည်မလားဟင်"

"ဟို...ရ..ရပါတယ် သေချာလေး တင်းကြပ်နေအောင် ထိုးထည့်လိုက်ရင် ရမှာပါ"

His Star-သူ့ကြယ် [Complete] Where stories live. Discover now