အပိုင်း(၁၀)

50.2K 4.2K 194
                                    

(Unicode)

ယခု သူတို့လေးဦးသား ရောက်ရှိနေသည်က လေဆိပ်တွင်ဖြစ်သည်။
အကြောင်းအရာက ခိုင်မြဲသက္ခနှင့်နန္ဒဦးမောင်၏ အချစ်ရဆုံးသူငယ်ချင်းလေး တစ်ခေတ်အား လာကြိုခြင်း။

ပြောရလျှင် တစ်ခေတ်ဦးသည်က သူတို့နှစ်ယောက်ထက်တော့ လပိုင်းမျှ ပိုငယ်လိမ့်မည်။ ခိုင်မြဲသက္ခက ရည်ရွယ်ချက်ရှိရှိချဥ်းကပ်ခဲ့ကြောင်း Ploris သခင်လေးက သိရှိသွားသော်ငြား ၂နှစ်တာခင်မင်ခဲ့သော Friendshipအားမပျက်ဆီးစေဘဲ ထားရှိခဲ့သည်မှာ ယခုဆို ၈နှစ်ပင်ကျော်ခဲ့လေပြီ။

"ဟာ ငါ့ကောင် မင်းကတော့ မတွေ့တာကြာလာသလောက် ပိုနုဖက် ဥအက်လာတယ်နော်"

တစ်ခေတ်ဦးအား မြင်မြင်ချင်း ပွေ့ဖက်ရင်း နန္ဒဦးမောင်က ထိုသို့ဆို၏။

"အေး မင်းကတော့ တဖြေးဖြေး ရင့်လာလိုက်တာ လူအိုကြီးဖြစ်နေပြီ"

ရောင်းသူဝယ်သူအသံမတူပါဘဲ စကားနာပြန်ထိုးလိုက်သည်က သူတို့၃ယောက်အဖွဲ့၏ ကလေးကြီး တစ်ခေတ်ဦးသာ။

နန္ဒဦးမောင်က မျက်မှောင်ကြုံ့ကာ လက်သီးခပ်ဖွဖွဖြင့် တစ်ခေတ်လက်မောင်းအားအသာအယာထိုးလိုက်ပြီး တစ်ခေတ်ကတော့ ခိုင်မြဲသက္ခနှင့်နိမိတ်အား စူးစမ်းသည်။

"ကြားရတဲ့သတင်းတေအရ မင်းတောင် ငါ့ယောက်ဖဖြစ်လာတော့မယ်ဆို"

"နန္ဒဦးမောင်...ခွေးသတောင်းစား!!"

ခိုင်မြဲသက္ခက နန္ဒဦးမောင်အား စိုက်ကြည့်ကာ ပုံမှန်အသံနေအသံထားဖြင့်သာ ရုပ်တည်ကြီးနှင့်ဆဲ၏။

"ကျွန်တော့်ကလေးကြီးကို မစကြပါနဲ့ဗျာ၊ ဒီလူကြီးရှက်ရင် သိပ်ချစ်ဖို့ကောင်းလို့ "

"မင်း! မင်းလည်း သောက်ပါးစပ်ပိတ်ထား အကြီးကိုအကြီးမှန်းသိ"

"ဟုတ်ပါပြီ အကြီးလေးဗျ"

နိမိတ်က ထိုသို့ပြုံးနေတဲ့မျက်နှာဖြင့်ပြောလေတော့ တစ်ခေတ်ဦးပင်လျှင် ပါးစပ်အဟောင်းသား။ ထိုကောင်လေး၏ ဤသို့ပုံစံကို သူမမြင်တွေ့ဖူးခဲ့။

နိမိတ်၊တစ်ခေတ်နဲ့နန္ဒဦးမောင်တို့ ၃ယောက်သားက အတိုင်ပေါက်ညီနေတော့ ခိုင်မြဲသက္ခ သုံးကောင်လုံးကို ဘုကြည့်ကြည့်လိုက်ပြီး နိမိတ်အား လက်သီးထောင်ပြလိုက်သည်။ နိမိတ်က လက်ဝါးပြန်ပြလေတော့ သူနားမလည်နိုင်ဖြစ်သွားပီး ရှူးရှူးရှဲရှဲဖြစ်သွားကာ,

His Star-သူ့ကြယ် [Complete] Where stories live. Discover now