အပိုင်း(၁၆)

45.5K 3K 85
                                    


(Unicode)

"ငွေနည်းနည်းလိုချင်ရင် လခစားလုပ်ငွေများများလိုချင်ရင် အောင်မြင်အောင်စျေးရောင်းစားဒီထက်လိုချင်ရင်တော့ အာဏာရှင်တို့ရိုနီတို့လုပ်
အဲဒီထက် ပိုလိုချင်သေးရင်တော့ ရွှေတြိဂံနယ်မြေမှာ မူးယစ်ရာဇာ လုပ်တဲ့ ! မင်းအဲ့စကားကို တစ်ယောက်ယောက်က ပြောတာ ကြားဖူးလား "

ခိုင်မြဲသက္ခက ခါးမှာအဖြူရောင်ပိတ်စကို ပတ်ထားပြီး အပေါ်ပိုင်းကိုယ်ခန္ဓာကတော့ ဗလာဖြင့် ။ နိမိတ်ဟာ ခိုင်မြဲသက္ခပြောလိုက်တဲ့စကားထက် အဆီပိုမရှိကျစ်လစ် အတွင်းသားလေးတွေမှာပဲ စိတ်ကို နှစ်ထားနေမိသည်။

သူတို့နှစ်ဦး အိမ်ပြန်ရောက်တော့ မနက်(၃)နာရီပင်ကျော်လေပြီ။
ခိုင်မြဲသက္ခ၏ အခန်းထဲမှာပဲ သန့်ရှင်းရေးလုပ်ကာ တစ်ခါတည်းအိပ်ခဲ့ရ၏။

အခုလည်း မနက်မိုးလင်းလို့ မျက်လုံး
ပွင့်တော့ ဆရာလေးမောင်ခိုင်မြဲက ရေတောင်ချိုးပြီးလျက်သား။

သူ့ကိုမေးခွန်းမေးသည်လား၊ စကားပြောသည်လား မသဲကွဲသော အဆိုကို ပြုနေလေသည်။

"ကြားဖူးတယ်လေ၊ ဒါ ဟိုကလူတွေ ပြောနေကျစကားပဲ "

သူက မထူးဆန်းသလို တုန့်ပြန်လေတော့ ခိုင်မြဲသက္ခက ကြိုတင်တွေးဆ ထားဟန်ဖြင့် နှစ်လိုဖွယ်ပြုံးရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။
ပြီးကာမှ,

"ငါ ရွှေတြိဂံနယ်မြေကို ပိုင်ချင်တယ်၊
ငါဆိုလိုချင်တာကို မင်းသိတယ်မလား"

ခိုင်မြဲသက္ခက စကားကို ရတိပြတ် ရှင်းရှင်းလင်းလင်းပြောလေတော့ သူ့စိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်ရ၏။

ချစ်ဖို့ကောင်းလှပါတယ်လို့ သူအချိန်တိုင်းမြင်ခဲ့တဲ့ မြဲက အခုကျတော့လည်း တကယ်ကို TOXINရဲ့ အာဏာပြယုဂ်ပါပဲ။

"မြဲ အခု ဘယ်သူ့ရှေ့မှ အဲ့စကားပြောနေတာလဲ သတိထားမိရဲ့လား..ကိုယ်က Polarisရဲ့.."

His Star-သူ့ကြယ် [Complete] Where stories live. Discover now