အပိုင်း(၂၉)

31.1K 2.4K 218
                                    


(Unicode)

သူ့ရဲ့ အတိတ်ဟာ သူ့နောက်ကို အရိပ်လို လိုက်နေခဲ့သည်။

မလှမပ, ဒီလိုအတိတ်နဲ့ သူ့က ချစ်ရသူအမျိုးသားအတွက် ချစ်ခြင်းမေတ္တာမှလွဲရင် သိမ်ငယ်ခြင်းတွေပဲ ​ရှိလိမ့်မည်။

သူရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားမိသည်။ သူ့ရဲ့အတိတ်ဟာ ဝမ်းသာအားရ ဂုဏ်ယူပြောချင်စရာကိစ္စမျိုးမှ မဟုတ်ဘဲ !

ထိုအမျိုးသား၏ ရှေ့မှာ မျက်ရည်ခံထိုးပြမှ ထိုအမျိုးရဲ့စိတ်တွေဟာ သူ့အပေါ်ပြန်လည်လာမယ်ဆိုလည်း သူ့အနေနဲ့ ဘာသိက္ခာကိုမှ ငဲ့မည်မဟုတ်၊ မျက်ရည်ခံထိုးပြမိမှာပဲ။

"ပြောမယ်ဆို ပြောလေ
ငါအိပ်ချင်နေပြီမလို့ "

မြဲက ဒီလိုအချိန်အထိ သူ့အား ရှောင်ဖယ်ချင်နေဆဲ။

မြဲရဲ့ လက်ဖုဝါးတွေကို အသေအချာ ဆုပ်ကိုင်လိုက်ရင်း မြဲရဲ့မေးဖျားလေးကို သူ၏လက်နှင့် ပင့်တင်ပြီး အကြည့်တို့အား ဆုံစေသည်။

" ကိုကို မသိချင်ဘူးလားဟင်
ကျွန်တော့်အတိတ်အကြောင်း၊ ပြီးတော့ ကျွန်တော်အစစ်အမှန်က ဘယ်လိုလူမျိုးဖြစ်ကြောင်းတွေပေါ့ "

ချစ်ရတဲ့ အမျိုးသားက ရုတ်တရတ် အကြည့်တို့အား လွှဲသွားပြီး အေးစက်သော အသံနေအသံထားဖြင့် သူ့အား ရှင်းပြရန် ခွင့်ပြု၏။

"မင်း ဆန္ဒရှိရင် ပြောပါ "

"ကိုကိုကရော နားထောင်ဖို့ ဆန္ဒရှိရဲ့လားဟင် !"

ခိုင်မြဲသက္ခက ကျစ်ကနဲ စုတ်သတ်လိုက်ရင်း စိတ်မရှည်သော မျက်နှာပေးဖြင့် သူ့အား မျက်စောင်းထိုးကြည့်လာသည်။

"မောင်ပြောပြပါ့မယ်ဗျာ..မောင့် ဘဝက အရမ်းဆိုးတယ် ကိုကိုရ၊ မောင့် အမေက မိန်းမပျက်ပေါ့ မောင့်အဖေက လူသတ်သမား ၊ အဲ့လိုလူတွေကနေ မွေးလာတဲ့ မောင်ကလေ..ဘာဖြစ်မယ်လို့ ကိုကိုထင်လဲဟင် "

သူက မေးသော်လည်း ချစ်ရသူက အဖြေမပေး ၊ ရှူတည်တည်မျက်နှာပေးဖြင့်သာ သူ့အား ကြည့်လာသည်။

သူ့အား စကားကိုဆက်ပြောရန် မေးဆတ်ပြတော့မှ သူလည်း ပြုံးပြလိုက်ရင်း အတိတ်ဆိုးတို့အား မချွင်းမချန်
ဖွင့်ဟ ပြောရန် ဆိုရ၏။

His Star-သူ့ကြယ် [Complete] Where stories live. Discover now