အပိုင်း(၃၁)

32.1K 2.2K 313
                                    


(Unicode)

[A/N : 18 plus ! WARNING !
DS Relationship တွေမှာ တွေ့ရတတ်တဲ့ ဆက်ဆံပုံတွေကို သဘောမကျရင် နည်းနည်းကျော်ဖတ်ပေးပါခင်ဗျာ၊ Sex ဆိုတာထက် အဓိက,က Pet Role play ကို အခြေခံမှာမလို့ ဖတ်ရ အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ်၊]

_______________________________

နန္ဒမင်းမောင်ဟာ သူရောက်ရှိနေတဲ့ နေရာကို သူကိုယ်တိုင်ပင် အသေအချာမသိ။

မြို့လည်ခေါင်၏ အချက်အချာကျသောနေရာရှိ ၎င်း Condoကို ကိုကြီးပိုင်ဆိုင်ပါသည်ဟုလည်း သူသတင်းမကြားခဲ့မိ။

ပြောရလျှင် ထိုအချက်ထက် ထူးဆန်းသည်က အမဲရောင် ပရိဘောဂများဖြင့်သာ အလှဆင်ထားသည့် Play Roomကြီး။

၎င်းPlay Room သည် သူ့မှာရှိသော Play Roomထက်စာလျှင် ပစ္စည်းပစ္စယာများ ပို၍ ဆုံသည်ဟု သူထင်မိသည်။

Sex Toy အစုံကို အစီအရီ စုံလင်စွာထား,ထားသော နံရံများမှာ အမှန်တကယ်ကို BDSMအား နှစ်သက်သော သူတို့အဖို့ ပြီးပြည့်စုံသော Play Roomပင်ဖြစ်သည်။

ယောင်လည်လည်နှင့် သူက ကိုကြီးဆွဲခေါ်ရာ လိုက်ပါလာခဲ့သူမို့ ကြောင်အမ်းကာရပ်နေမိသည်။ အူတူတူဖြစ်နေသော သူ့အား Master chair မှ ထိုင်၍ ကြည့်နေသော ကိုကြီးက အသံထွက်ရယ်၏။

"မင်းဆီမှာ အဲ့လောက် မစုံဘူးမလား?"

ကိုကြီးက သူ့အား စ,နောက်သလို စိန်ခေါ်မေးလိုက်တော့ သူ့ရဲ့ မျက်မှောင်တွေဟာ အလိုအလျောက်ကြုံ့လျက်သားဖြစ်သွားရသည်။

"ကျွန်တော့်Play Roomထဲ တစ်ခါလောက် လိုက်ကြည့်ပါလား!
ကိုကြီး သဘောကျသွား..အဲ ဟို..မလိုက်ပါနဲ့ နေပါစေတော့!"

ပြောပြီးခါမှ လွန်သွားသော စကားတို့အတွက် ကိုယ့်ပါးစပ်ကိုယ်သာ လက်ဖုဝါးဖြင့် အုပ်လိုက်မိသည်။

ကိုယ့်ဒုက္ခကိုယ်ရှာပြီး ကိုယ်သေတွင်းကိုယ်တူးနေပြီလား နန္ဒမင်းမောင်!

ကိုကြီးကို သွားပြီးတော့ "ငါ့နေရာမှာ ငါကြက်ဖ" ဆိုပြီး သွားလုပ်၍ ရမည့်ပုံမရှိ။

သူက ထိုသို့ပြောလိုက်ပြီး ပါးစပ်ကိုချက်ချင်းပိတ်တော့ ကိုကြီးက မဲ့ပြုံး ပြုံးလိုက်ရင်းမှ ,

His Star-သူ့ကြယ် [Complete] Where stories live. Discover now