Part 25(complete)

2.5K 51 3
                                    

ခဏကြာတော့ အပြင်ဘက်တွင် ဆူညံညံလေးဖြစ်လာသည်။ မာမီ၊ ရီ၊ သူ၏ ဒယ်ဒီနှင့်မာမီ ကိုမိုးမင်းနှင့်ယုယ၊ လူတွေအစုံပင်။ သူမ ထွက်လာတော့ အံ့အားသင့်သွားရသည်။
“‌တို့တော့ မြေးထပ်ချီရတော့မယ်ဟေ့ မသီရိရေ”
“ဟုတ်ပါ့ ဟုတ်ပါ့”
“မိန်းမရေ မင်းသားကို ပြောလိုက်စမ်းကွာ ချွေးမကို အိမ်ခေါ်ပြီး ပြန်လာတော့လို့”
         အားလုံးက ရယ်၍ မော၍ပင်။ သမီးလေးကတော့ ပြန်လိုက်ဖို့ အကျီတွေ ပြေးထည့်နေလေသည်။
“ကြိုး ကိုယ်နဲ့ ပြန်လိုက်ခဲ့နော်”
“မလိုက်ပါဘူး”
“လိုက်ခဲ့ပါကွာ အရင်က ဘုန်းမဟော်မဖြစ်စေရဘူးလို့ သေချာပေါက် ကတိပေးပါတယ်”
“ကျွန်မ မလိုက်ချင်ဘူးလို့”
“ကြိုး ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်တို့ တူတူ
ပြန်နေကြမယ်လေ”
“မနေချင်ပါဘူး”
“ကြိုး ကိုယ်လေ ကြိုးကို တကယ့် တကယ် တကယ်ကို ချစ်ပါတယ်ကွာ ကြိုးလဲ ကိုယ့်ကို ချစ်တာပဲကို”
“မချစ်ပါဘူး”
“ကြိုး မလိုက်ချင်ရင်တောင် သမီးလေးနဲ့ ဗိုက်ထဲက ကလေးလေးအတွက် ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ”
“အေးနော် ကလေးတွေ မျက်နှာကြောင့်သာနော်”
“ဒါဆို လိုက်ခဲ့မယ် ဟုတ်လား”
“အင်း”
“ဒါနဲ့ ကြိုး ကိုယ့်ကို ချစ်လား”
“အင်း”
“ဟာ စကားနဲ့ဖြေလေကွာ ကိုယ့်ကို ချစ်လားလို့”
“အင်း ချစ်တယ်”
        ကလေးတယောက်နှင့် ကိုယ်ဝန်တခုရမှ ကောင်မလေးဆီကနေ အဖြေတောင်းနေသလိုပင်။    ကားလေးပေါ်‌တွင် ရယ်မော၍ လိုက်ပါလာသော လူသုံးဦးသည် ရှေ့မကြာမီပင် ပျော်ရွှင်ခြင်းတွေ ကုန်ဆုံးကြပေတော့မည်ကို မည်သူကမျှ ကြိုမသိနေခဲ့ကြ။
“ကို့ ရှေမှာကား”
“အား “
“ဝုန်း ဒိုင်း”
“ဖေဖေ့”
         တဖက်က သမီးအား ပွေ့ထားပြီး အခြားတဖက်က ဇနီးအား ပွေ့ဖက်ထားလေသည်။သမီးလေးသည် ဖေဖေဟု တချက်သာ ခေါ်ပြီး ငြိမ်သက်နေလေသည်။ သွေးတွေ ဗလဗွဖြင့် လူနာနှစ်ဦးကြား‌တွင် ဗျာများနေသော သူအား သနားစရာပင်။  မာမီတို့ မျက်နှာတွေက အရောင်မလှချေ။  သူနာပြုလေးဆီမှ ကြားရသော စကားကြောင့် အာူလုံးထိတ်လန့်ရသည်။
“ရွှေကြိုးဘုံရဲ့ လူနာရှင်”
“ကျွန် ကျွန်တော်ပါ”
“ကလေးကို operation ဝင်ဖို့က ငါးဆယ် ငါးဆယ်ပဲ မျှော်လင့်ချက်ရှိတယ် အဲ့ဒါမို့ ဒီမှာ လက်မှတ်ထိုးပေးပါ”
“မဟုတ်ဖူး ‌ဆရာမ သမီးလေးကို ရ…ရအောင် ကယ်ပေးပါ‌ဗျာ ဆရာမ”
“ဟုတ် ကျွန်မတို့လဲ အဲ့လိုဖြစ်ချင်ပါတယ် အဲ့တာကြောင့် လက်မှတ်မြန်မြန်ထိုးပေးပါ”
   ဘုန်းမဟော် အိတ်ထဲမှ ဘောပင်ယူကာ လက်မှတ်ထိုးလိုက်ရသည်။ ကြိုးကတော့ ငို၍ ရယ်၍ ဝိုင်းတားရှာသည်။
“ကို မ မလုပ်နဲ့ သမီးလေးကို ရအောင်ကယ်ပေး ဟင့်”
          မျက်စိမှိတ်၍ ညည်းညူနေသည့် ကြားမှ သမီးလေးအား ကယ်ဖို့ရန်သာ အကြိမ်ကြိမ်အခါခါပြောနေလေသည်။ အခန်းထဲတွင်ရှိသော လူအားလုံးမှာလည်း မျပ်ရည်တွေ စိုလို့ပင်။
“ကို …..ဟင်….ကြိုးက သေလဲအကြောင်းမဟုတ်ဖူး သမီး သမီးလေးက ကို့ရဲ့။ နွေးထွေးမှု အနွေးဓာတိကို လိုတယ် သမီး……သမီးလေးကို ကယ်ပေးပါ ဟင်း……”
“ကြိုး ကြိုး”
“သမီး သမီးကြိုး”
“ကြိုး ကြိုး ဘာမဖြစ်ရဘူးနော် ကိုရအောင်ကယ်မယ် ကိုယ့်ကို တယောက်ထဲ မထားခဲ့ပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ် ကြိုး”
             ကြိုး မျက်စိမှိတ်၍ အနားယူချေနေပြီ။ အခန်းတစ်ခုလုံး ငိုသံများသာ ဖုံးလွမ်းသွားသည်။ သူ ကြိုး၏ ကိုယ်လေးအား ပွေ့ဖက်၍ အားပါးတရ ငိုကျွေးနေ၏။
“ကြိုး အခုလိုတွေဖြစ်ရတာ ကိုယ်မကောင်းလို ဒါကိုယ့်အမှားတွေ”
         သူပြောနေသော စကားသံတွေက ဗလုံးဗထွေးနှင့် ပင်။ အားယူ၍ ဖွင့်ကြည့်သော်လည်း မရ။ ကြိုးးရဲ့ နောက်ဆုံးအချိန်ဖြစ်နေရင်တောင် ကို့ကို ကြိုး တကယ်ချစ်ပါတယ် ကိုရယ်။
        ရက်ကို လစားလကိုနှစ်စားဖြင့် ပြောင်းလဲလာသည်မှာ သုံးနှစ်ခန့်ပင် ရှိချေ။ နွေ၏ အလှပိတောက်လေးများလည်း ပွင့်လန်း၍ လေထဲတွင် ယိမ်းနွဲ့နေကြချေပြီ။နွေဥဩလေးတို့ ကလည်း တေးသီကျုးနေကြချေပြီ။ ဥဩတို့၏သီကျူးသံသည် သူ့တို့အတွက် ဒဏ်ရာဟောင်းကို ဆွပေးနေသလိုပင်။ လေသာဆောင်တွင်ထိုင်ကာ အတွေးကိုယ်စီဖြင့်သာ လွင့်မျှော်နေကြသည်။
“ဖေဖေ မေမေ မမကို သတိရနေတာလား”
“အင်း မဟုတ်ပါဘူး သားလေးရယ်”
“ဖေဖေ တီယု တို့အိမ်သွားချင်တယ်”
“သွားတယ်ပေါ့ ဖေဖေတို့ လိုက်ပို့ပေးမယ်နော်”
           ကြိုးလည်း မသေသလို၊ကြိုး၏ ဒုတိယ ကလေးလည်း မသေခဲ့ပါ၊ ဒါပေမယ့် သမီး သမီးလေးကတော့ မရှိတော့ဘူး။ သူ့၏ လာရာလမ်းကို ပြန်သွားရှာပေပြီ။ ယခုဆိုလျှင်တော့ ဘဝသစ်တွင် ပျော်နေလောက်ရောပေါ့။ ဘဝဆက်တိုင်း သမီးလေးက ကြိုးတို့လို မိဘမျိုးနဲ့ မတွေ့ပါစေနဲ့လို့ အမြဲဆုတောင်းပါတယ်။ သားလေးကို  သူ၏ တီယု အိမ်တွင် ပို့ခဲ့ပြီ အပြန်ကားလေးဟာတော့ တိတ်ဆိတ်၍ နေဆဲပင်။
“ကို သမီးလေးဆီ သွားရအောင်”
“ကြိုး သတိရလာလို့လား ကိုယ် ပို့ပေးမယ်နော်”
“အင်း သမီးလေး ဘဝသစ်မှ သေချာပေါက် ပျော်နေရမှာပါ”
မည်သူမျှ မသိသော အရာသည်ကား သူသည် သမီးလေးအား ပထမဦးစွာ ကယ်ဖို့ ကြိုးစားခဲ့သည်ကိုပင်။ သမီးလေးသည် လူရယ်လို့ ဖြစ်လာကတည်းက ဖခင်၏ နွေးထွေးတဲ့ မေတ္တာကို မရရှိခဲ့ပေ။ ဖခင်နှင့် တွေ့ဆုံ ပြန်သော်လည်း ပျော်ရွှင်မှုတွေ အစား စိတ်ဒဏ်ရာတွေသာ ပို၍ များပြားလာခဲ့သည်။ ဤအမှား၊ သူ၏အမှားတွေ အတွက် သူပြန်၍ပေးဆပ်ချင်သည်။ အဆုံးစွန်ထိ သမီးလေး၏ အသက်အား ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ကံကြမ္မာက လက်မခံခဲ့ချေ။
           လူတို့၏ နောက်ဆုံး ခိုနားရာ ဖြစ်သော သုဿာန်တစပြင်သည် လူတွေ၏ ပျော်ရွှင်ခြင်းတွေကို ဆုပ်ယူထား ပြီး ဝမ်းနည်းခြင်းတွေကို သာ မျှဝေသည့်နေရာ မဟုတ်ပါသလား။
ကြိုး အုတ်ဂူဖြူဖြူလေးကို ငေးကြည့်ရင်း မျက်ရည်ကျနေသည်ကို ကြည့်ပြီး ယောက်ျား အရင့်အမာကြီး ဖြစ်သော သူကိုယ်တိုင်ပင် မျက်ရည်များ စို့လာရသည်။ ကြိုး၏ ပုခုံးလေးအား ဖက်ထား၍ နှစ်သိမ်ပေးခဲ့ပါသေးသည်။
“အားလုံးဟာ ကံစီမံရာ အတိုင်းပဲပေါ့လေ”
“သမီးလေးက အမြဲပြောတယ် သူ့ ဘဝမှာ သူ့ဖေဖေက အချစ်ဆုံးတဲ့”
       ဘဝဆိုတာ ဒီလိုပါပဲလေ။ ဘယ်အရာမှ မမြဲလို့ မမြဲခြင်းတရားကို လက်ကိုင်ထားခဲ့သင့်ကြတာ။ ဒါကြောင့် အချိန်မလွန်ခင် ချစ်တဲ့သူတွေ တန်ဖိုးထားတဲ့သူတွေကို ပျော်ရွှင်အောင်ထားခဲ့သင့်တာ။ သမီးလေးကတော့ ဘဝသစ်မှာ ချစ်ခြင်းမေတ္တာအပြည့်အဝခံစားနိုင်ပါစေ။

       

        

အကောင်းဆုံး ကြိုးစားထားပါတယ်ရှင့်

     ပြီးပါပြီ
                    စားရေသူ -ယု (ကျွန်းတော်)

မန့်လေးတွေ ရေးပေးထားလို့ရပါတယ်

လာမယ့် တပုဒ်ကိုက fbမှာ တင်ရမလား
ဒီမှာတင်ရမလား

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now