part 6

2K 78 11
                                    

အခန်း 2

ကြိုး ထို့နေ့ကစပြီး မဟော်နှင့် ထပ်မတွေ့ဖြစ်တော့ပေ။ ကြိုး ရုံးသို့လည်း သူလာမနှောင့်ယှက်တော့ပေ။ အရာအားလုံးက ပုံမြန်ပင် ပြန်၍ လည်ပတ်နေပြန်သည်။ တခါတရံ ကြိုးအခန်းထဲတွင် အတွေးလွန်ပြီး မျက်ရည်များ ကျနေလျှင် ဘုံဘုံက
"မေမေ ဖေဖေ့ကို သတိရလို့လား ဟင်"
လို့ မေးတတ်သည်မှ လွှဲ၍ပေါ့။ အင်းပေါ့လေ သမီးလဲ တခါတလေတော့ သူ့အဖေကို သတိရမှာပေါ့။
🥰🥰🥰🥰🥰

"မင်္ဂလာဆောင် ဟုတ်လား မာမီ"
ဆိုဖာပေါ်တွင် ဝင်ထိုင်ရင်း ကြိုး မာမီ့အားမေးလိုက်မိသည်။ မာမီက
"ဟုတ်တယ် သမီး "
"‌မာမီ သမီးက အပျိုတယောက်မဟုတ်ဖူးနော် "
"သူတို့သိပါတယ် မြေးလေးကိုတောင် တွေ့လို့ သဘောကျနေကြတာ မာမီ တခါမှ မတောင်းဆိုဖူးပေမယ့် ဒီတခါတော့ မာမီ တောင်းဆိုပါရစေ "
ကြိုး အရုပ်ကြိုးပြတ်သကဲ့သို့ပင် ငြိမ်ကျသွားလေသည်။ တသက်နှင့်တကိုယ် ဒီလို လက်ထပ်ရမယ်လို့ပင် ကြိုး မမျှော်လင့်မိပေ။
"သမီး ဒီလက်ထပ်ပွဲကို သမီးအတွက်မဟုတ်ပေမယ့် မြေးလေးအတွက် ငဲ့ညာပြီး လက်ခံပေးပါကွယ် မြေးလေးဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ မေတ္တာငတ်မွတ်နေသူပါ ကြိုးကိုယ်တိုင်က မြေးလေးရဲ့ ဖခင်ဘယ်သူဘယ်ဝါဆိုတာ သိခွင့်မပေးထားတော့ မြေးလေးဟာ အတော်ခံစားရခက်နေရှာမှာ ဒါထက် မြေးလေးဟာ သူများမိသားစုတွေ ပျော်ပါးနေတာမြင်ရင် ငေးကြည့်ပြီး မျက်ရည်ကျတာကို မာမီအသိဆုံးပါကွယ် အခုလက်ထပ်ရမှာလည်း မြေးလေးအတွက် တွေးပြီး ဆုံးဖြတ်ပေးပါကွယ် ဟိုဘက်မိသားစုကလဲ ‌သမီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်မျှော်နေကြမှာ သမီးသာ ခေါင်းညိမ့်လိုက်ရင် သူတို့ဘက်က အရာအားလုံး အဆင်သင့်‌ဖြစ်စေရပါမယ်တဲ့"
ဒေါ်သီရိ ပြောရင်းနှင့် မျက်ရည်များပင် စီးကျလာသည်။ဒေါ်သီရိတယောက်ထဲ မဟုတ် ကြိုးပါ မျက်ရည်တွေ ကျနေလေ၏။
"အင်းပါ မာမီ ကြိုး စဉ်းစားလိုက်ပါမယ်"
ကော်ဖီတွေသည်သာ တခွက်ပြီးတခွက်ကုန်သွားသည် ခုထိ ကြိုးအဖြေရှာမရသေးပေ။ နားထဲတွင်လည်း
"ငါ မင်းကို လက်ထပ်မယ်ကြိုး"
"သမီး ဒီလက်ထပ်ပွဲကို သမီးအတွက်မဟုတ်ပေမယ့် မြေးလေးအတွက် ငဲ့ညာပြီး လက်ခံပေးပါကွယ် မြေးလေးဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ မေတ္တာငတ်မွတ်နေသူပါ ကြိုးကိုယ်တိုင်က မြေးလေးရဲ့ ဖခင်ဘယ်သူဘယ်ဝါဆိုတာ သိခွင့်မပေးထားတော့ မြေးလေးဟာ အတော်ခံစားရခက်နေရှာမှာ ဒါထက် မြေးလေးဟာ သူများမိသားစုတွေ ပျော်ပါးနေတာမြင်ရင် ငေးကြည့်ပြီး မျက်ရည်ကျတာကို မာမီအသိဆုံးပါကွယ် အခုလက်ထပ်ရမှာလည်း မြေးလေးအတွက် တွေးပြီး ဆုံးဖြတ်ပေးပါကွယ် ဟိုဘက်မိသားစုကလဲ ‌သမီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်မျှော်နေကြမှာ သမီးသာ ခေါင်းညိမ့်လိုက်ရင် သူတို့ဘက်က အရာအားလုံး အဆင်သင့်‌ဖြစ်စေရပါမယ်တဲ့"
စကားတွေကိုသာ ပြန်ကြားနေမိသည်။ ကြိုး ဘယ်လိုဆုံးဖြတ်ချက်ချရမယ်ကိုပင် တွေး၍မရ။ မာမီသည် သူမမိခင် ဗိုက်ထဲက ထွက်သည့်အချိန်ကစ၍ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သူပင်။ တခါမှ ကြိုး၏ ကိုယ်ရေးကိုယ်တာအား ဝင်ရောက်စွတ်ဖက်ခြင်းမပြုသလို၊ တခါမှလဲ မချုပ်ချယ်ပါ။ တသက်နှင့်တကိုယ် အခုမှ ပထမဆုံးဝင်ရောက်ဆုံးဖြတ်ခြင်းဖြစ်သည်။ ဆုံးဖြတ်သည်ထက် တောင်းဆိုသည်က ပို၍ပင် မှန်သည်။ တကယ်လို့ မဟော်သည် လူကောင်းတယောက်ဖြစ်နေမည်ဆိုလျှင်တော့ သမီးလေး၏ အဖေအဖြစ် ကြိုးအသာတကြည် လက်ခံဖြစ်မှာပင်။ သို့ပေမယ့် .................။ သမီးလေး၏ အနာဂတ်အတွက် ကြိုး ထိူသူနှင့် လက်ထပ်ဖို့ကိုသာ ရွေးချယ်လိုက်ရသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသော သမီးလေးအား အသာအယာနမ်းရှိုက်ကာ
"သမီးလေး မေမေ့ကို ခွင့်လွှတ်ပါကွယ် သမီးလေးရဲ့ ဖေဖေဟာ ကိုဘုန်းမဟော်ပါ သမီးလေးရယ် ဒါပေမယ့် လူယုတ်မာတယောက်ရဲ့ သမီးအဖြစ်သမီးကို မရပ်တည်စေချင်ဘူးကွယ်"
သမီးလေးအား ရင်ခွင်ထဲ ထွေးပိုက်ကာ အိပ်ပျော်သွားလေ၏။ မာမီ့ကို လက်ခံသည့်အကြောင်း ပြောလိုက်တော့ မင်္ဂလာပွဲအတွက် ထိုသူတို့အား ဆက်သွယ်လေ၏။ ရီကတော့ နားမလည်သည့်အကြည့်ဖြင့်
"မမကြိုး ဟိုလေ မမကြိုး တကယ် လက်ခံလိုက်တာလား"
"အင်း ဟုတ်တယ်ရီ "
"ဒါဆို ကျောင်းကိုလာလာနေတဲ့ ဘုံဘုံလေးရဲ့ အဖေဆိုတာကကော"
"ဟင်း....."
ကြိုး သက်ပြင်းချလိုက်သံကြောင့် ရီဆက်ပြီးမေးရန်တုန့်နှေးသွားရသည်။ ပွဲရက်တွေ ၊ဖိတ်စာတွေကအစ ကြိုးစီစဉ်စရာမလိုပေ၊ မာမီသာ အစအဆုံးစီစဉ်ပေးနေ၏။ ဘာကြောင့်ရယ်မသိ ကြိုး ဘာကိုမှ ဝင်ရောက်မစွတ်ဖက်ချင်။ ကြိုးနှင့် လက်ထပ်မည့် အမျိုးသားက ဘယ်သူဘယ်ဝါဆိုတာ၊ သူ့အသိုင်းအဝိုင်းကဘယ်လိုဆိုတာကိုလဲ ကြိုးမသိချင်။ မာမီကတော့ သူမအား ဖြစ်သလို တွေ့သည့်သူနှင့် လက်ထပ်ပေးမည် မဟုတ်တာကို ကြိုးယုံကြည်ပါသည်။ ဒီနေ့တော့ ထိုသူက ဝတ်စုံရွှေးသွားရအောင်လို့ မာမီအား တောင်းဆိုထားသည့်အတွက် ကြိုးရုံးခန်းတွင် လာကြိုမည့်အချိန်ကို စောင့်နေလေ၏။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် ကြိုးက
"ဝင်ခဲ့ပါ"
လက်ထဲက ပါဆယ်ထုတ်အားကိုင်ကာ ဝင်လာသော ထား။
"မမကြိုး ဒီမှာ မမကြိုး နာမည်နဲ့ ပါဆယ်တခု Delivery လာပို့သွားတယ်"
"ဟင်"
ကြိုးထံသို့ တော်ရုံတန်ရုံ ဒီလို ပါဆယ်မျိုးမရောက်ဖူးပေ။
"အင်း ရတယ် ချထားလိုက် ထား"
"ဟုတ်မမကြိုး"
ပါဆယ်ထုတ်အား ဆိုဖာပေါ်တွင်တင်ထားပြီး ထားက ထွက်သွားလေ၏။ ထားထွက်သွားမှ ကြိုးပါဆယ်ထုတ်အနားသို့ လှမ်းလာခဲ့လိုက်၏။ ဆိုဖာပေါ်တွင်ထိုင်ကာပါဆယ် ထုတ်အား ဖွင့်လိုက်တော့ စာတစောင်နှင့် ခရမ်း‌ရောင် Dress တစုံ။ စာအားဖွင့်ဖတ်ကြည့်လိုက်တော့
"သို့ ‌
ရွှေချည်ကြိုး.........
ကြိုး ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းနဲ့ ဝတ်စုံရွေးအတူသွားဖို့
စီစဉ်ထားကာမှ အလုပ်အရေးတကြီးပေါ်လာလို့ နဲ့ တိုင်ပင်ပြီး
ကြိုးနဲ့ လိုက်ဖက်မယ့်ဟာလေး ထည့်ပေးလိုက်တယ်
ဝတ်ကြည့်လိုက်နော် အဆင်မပြေရင် အန်တီကို ပြောပေးနော်
ပွဲနေ့မှ တွေ့ကြရအောင် ကိုယ် အခု အလုပ်တွေများနေလို့ စာရပ်လိုက်ပြီနော်"

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now