Part 3

3.2K 65 2
                                    

အရာအားလုံးက တခုချင်း လှပစွာ ပျောက်ကွယ်သွားလေပြီ။ ဒါတွေသည် မဟော်မှတ်မိသည့်အရာရာ အကုန်လုံးဖြစ်သည်။ မဟော် ထို့နေ့နိုးလာတော့ အိပ်ယာဘေးတွင် ကျနေသော ရင်ထိုးတစုံမှလွှဲပြီး မည်သည်မှ မတွေ့။ ထို့နေ့ကစပြီး ရွှေချည်ကြိုးသည်လည်း သူ့အနားမှ ပျောက်ကွယ်သွားသည်မှာ ယခုထက်ပင်။
☺️☺️☺️☺️

မနက်အစောကြီးနိုးကာ ကားပေါ်တွင် တက်ထိုင်နေသော ဘောစ်ဖြစ်သူအား မိုးမင်း စိတ်မရှည်စွာ
"ဘော့စ် အခုက ဘယ်သွားမှာလဲ ဘယ်မောင်းရမှာလဲ"
ဖြေသံမရှိ။
"ဘော့စ်"
"ဘာလဲကွာ မောင်းမှာကိုမောင်းတာ မဟုတ်ဖူး"
"ဟောဗျာ ဘယ်မောင်းရမလဲ မပြောပဲနဲ့ လူသေကောင်လို ဘော့စ်ပဲ ငုတ်တုတ်ထိုင်နေတာလေ"
"မင်း ဟိုနေ့က သွားခဲ့တဲ့ဆိုင်ကို မောင်းကွာ "
ဟုတ်ပါသည် ဟိုနေ့က ကြိုးဟူသော ဘော့စ်အသည်း၏ သတင်းအစအနပေးမိသည်ကား အမှားပင်။
"ဘော့စ် အဲ့ဒီ ကြိုးဆိုတဲ့ မိန်းခလေးက အိမ်ထောင်ကျထားပြီ ဆိုရင်ကော "
အင်း ဟုတ်ပါရဲ့ အကယ်၍သာ ကြိုးသည် အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပြီဆိုလျှင်😥 ။ဘော့စ် မျက်နှာ ညိုးငယ်သွားသည်မှာ အတော်ပင် သိသာလွန်းလှသည်။ ကားကို ထိုဆိုင်ရှိရာဆီပဲ မောင်းလာခဲ့လိုက်သည်။ ကော်ဖီတခွက်သာ ဘော့စ်ဖြစ်သူက မှာထားသော်ငြား မိုးမင်းကတော့ စားစရာစုံအောင်ပင် မှာထားသည်။ မျက်စိထဲသို့ ဝင်လာသော အသားဖွေးဖွေးနှင့် ကလေးတစ်ယောက်။ မျက်လုံး မျက်ခုံးကအစ သူ့နှင့် တပုံစံတည်းပင်။
"အန်တီ မေမေက ပုံမှန်သုံးပွဲထည့်ပေးတဲ့"
"အေးပါကွယ် သမီးမေမေ ဖုန်းဆက်ထားတယ် ဘုံဘုံကော ဘာစားမလဲ"
ဘုံဘုံတဲ့လား။ သမီးလေး၏ ဘေးတွင် ဝင်ရပ်ပြီး ဒူးထောက်လိုက်ကာ
"ဟယ်လို သမီးလေး "
"ဟုတ် ဦးဦး"
ဆိုင်ရှင် မိန်းမကြီးက သူ့အား ကြည့်လိုက် သမီးလေးကို ကြည့်လိုက်နှင့်ပင်။
"ဟို သမီးကို ဦးဦး မေးစရာရှိလို့ "
"ဟုတ် "
"သမီးနာမည်က "
"ရွှေကြိုးဘုံပါ ဦး"
"ရွှေကြိုးဘုံ သမီးမေမေကကော"
"မေမေက ဒေါ်ရွှေချည်ကြိုးပါ ဦး"
အနောက်မှ
"ဘုံဘုံ မှာထားပြီလား "
"ဟုတ် တီရီ "
"ဒါနဲ့ သူက "
ရီကား သမီးလေးနှင့် ချွတ်စွတ်တူနေသော အမျိုးသားအား ငေးမောကြည့်နေမိ၏။ ထိုသူသည် သမီးလေး၏ ဖခင်ဖြစ်မည်ဟုထင်မိသည်။
☺️☺️☺️

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now