Part 18

907 31 0
                                    

မနက်စာ စားဖို့ပြင်ဆင်နေချိန်တွင် ကားဝင်လာသံကြောင့် အရာအားလုံး ပျောက်ရှလုနီးပါပင်။ အိမ်ထဲသို အထုပ်အပိုးတွေဖြင့် ဝင်လာသော ဆိုဖီယာ။ ပါလာသော အလုပ်သမားများအား အထုပ်တွေ ချရန် ခိုင်းနေ‌လိုက်သေးသည်။ အလုပ်သမားတွေ ထွက်သွား‌မှ ဘုန်းမဟော် စကားစပြောလိုက်သည်။ ကြိုး မသိချင်ဟန်ဆောင်ကာ အပေါ်သို့တက်လာခဲ့သည်။
“ဆိုဖီယာ မင်းဘာလုပ်တာလဲ”
“ဘာလုပ်တာ မြင်နေလို့လဲမောင်”
“မင်းရဲ့ အထုပ်တွေ ဒီကို ဘာလုပ်ဖို့ သယ်လာတာလဲ”
“မောင်ရယ် ဆိုဖီ့အိမ်က ရေပိုက်ပျက်နေလို့ ဒီမှာ ခဏလာနေတာပါ မောင်ထင်သလို မဟုတ်ဖူး”
“မင်း ငါ့ကို မောင်လို့ ခေါ်စရာ မလိုဘူးနော် ပြီးတော့ မင်းကိုလဲ ငါ့အိမ်က လက်မခံဘူး”
“‌ဆိုဖီ တောင်းပန်ပါတယ် မြန်မာပြည်မှာကလဲ ဆိုဖီ့အတွက် ဆွေမျိုး မိတ်ဆွေမရှိလို့ပါ  သမီးလေးနဲ့ ကြိုးတို့နဲ့ အဆင်ပြေအောင်နေမယ်လို့ ကတိပေးပါတယ် ဆိုဖီ့ကို တပတ်လောက်ပဲ တည်းခွင့်ပြုပါ”
တဖက်က တွေးကြည့်တော့လည်း သူပြောသည်မှာ ဟုတ်ပါသည်။ ဆိုဖီယာ၏ မိဘများသည် နိုင်ငံခြားသားဖြစ်ခံယူကာ ဟိုမှာ အခြေချနေကြသူများ ဖြစ်သည်။ သမီးလေး အိပ်ယာထလျှင် စားဖို့ မုန့်ယူ ဆင်းလာသောကြိုး။ သူ၏ ခေါ်သံကြောင့် ကြိုး ထိုနားသို့ လာခဲ့၏။
“ကြိုး ခဏ”
“ဘာလဲ ကို”
“မင်း ဒီအိမ်မှာ တည်းချင်တယ် ဟုတ်လား ဆိုဖီယာ ဒီအိမ်ပိုင်ရှင်က ရွှေချည်ကြိုးမို့ သူ့ဆီမှာ ခွင့်တောင်းလိုက်ပါ”
“ရှင် ဘာတွေလဲ ကို”
“ဒီမှာ ဆိုဖီယာက တို့အိမ်မှာ တပတ်လောက် တည်းခွင့်ပြုပါတဲ့ ဒါပေမယ့် ကြိုးက ဒီအိမ်ရဲ့ ပိုင်ရှင် ဖြစ်နေပြီမို့ ကြိုးသာ ဆုံးဖြတ်ပါ”
ဆိုဖီယာ၏ မျက်နှာ ပျက်သွားပေမယ့် ဟန်မပျက်စကားဆို
လာသည်။ အတော်ကို ဟန်ဆောင်နိုင်သည့် သူပင်။
“ဟို ရွှေချည်ကြိုး တို့အိမ်က ရေပိုက်ပျက်ထားတာမို့ တခြားအသိအိမ်တွေလဲ မရှိတာမို့ ဒီမှာ တပတ်လောက် တည်းခွင့်ပြုပါနော်”
သူ့ကိုကြည့်လိုက်တော့ ဘာမသိသည့်ဟန်ဖြင့် ပုခုံးနှစ်ဖက်အား တွန့်ပြနေလေ၏။
“မဆိုဖီယာ တည်းလို့ရပါတယ်နော် ဧည့်သည်တွေလာရင် တည်းဖို့အတွက် စီစဉ်ထားတဲ့ အိပ်ခန်းလေးရဇိတယ် အဲ့မှာ နေလိုက်နော်-
“ကျေးဇူးပါနော် ရွှေချည်ကြိုး”
သူ၏ အကြံအစည်ပထမအဆင့်အောင်မြင်ခြင်းအတွက် ဝမ်းသာမိနေသူကား ဆိုဖီယာပင်။ သမီးလေးကို အဝတ်အစားလှဲပေးနေသော ကြိုးကို ကြည့်ကာ သူအံ့ဩမိသည်။
“ကြိုးရာ ကိုယ်က ကြိုးကို လက်မခံဘူးထင်လို့ ဆုံးဖြတ်ခိုင်းတာ ကြိုးလုပ်ပုံက မမိုက်ဖူးကွာ”
“အော် ကိုရယ် မနေစေချင်တာမှန်း အစထဲက ငြင်းလိုက်လေ ကြိုးက ငြင်းလိုက်ရင် မိန်းမချင်း ကိုယ်ချင်းမစာတဲ့ မိန်းမဆိုးဖြစ်သွားမှပေါ့”
“ဟာ စိတ်ပျက်ပါတယ် ဘယ်ချိန်ထိ ကပ်နေအုံးမယ် မသိပါဘူး”
“အဲ့ဒါအသာထား အခု သမီးကို ကျောင်းသွားပို့မှာ လိုက်မှာလား”
“ကိုယ်လိုက်မယ်”
သူက သမီးလေးကို ပွေ့ပြီး ကြိုးက သမီးလေး၏ ကျောပိုးအိတ်ကို ကိုင်ကာ ဆင်းလာခဲ့သည်။ ကြိုးတို့ကို မြင်သည်နှင့် တပြိုက်နက် ဆိုဖီယာ ပြေးထွက်လာ၏။
“မောင် ဟို မဟော် ဘယ်ကိုလဲ”
“သမီးလေးကို ကျောင်းသွားပို့မလို့”
“ဆိုဖီကော လိုက်လို့ရမလား”
“မရဘူး ကိုယ့်အကန့်ကိုယ်နေ”
သူကလဲသူပင် ကိုယ်တိုင်ငြင်းဆန်လို့ရနေပါလျက် ကြိုးကို ယုံကြည်ပြီး ဆုံးဖြတ်ခိုင်းလိုက်သည်။ လိုချင်တာကို မရရအောင် ယူတတ်သော ဆိုဖီယာသည် မည်သည့်အကြံအစည်တွေဖြင့် ရောက်ရှိလာသည်ကို  မသိပေ။ ရုံးခန်းထဲက ဆိုဖာတွင်ထိုင်နေရင်း ဘော့စ်စိတ်ပျက်စွာ ညည်းညူနေ‌သည်ကိုသာ ထိုင်ကြည့်နေမိသည်။
“အဲ့ဒါဆိုရင် မဆိုဖီယာက ဘယ်ချိန်ထိနေအုံးမှာလဲ”
“မသိဘူး”
“မမလေးက လက်သင့်ခံတာကို အံ့ဩတယ်”
“သူငြင်းလိုက်ရင် သူမိန်းမဆိုးကြီး ဖြစ်သွားလိမ့်မယ်တဲ့”
ဟူး …..။ မိုးမင်းပင် စိတ်ပျက်စွာ လေပူတချက်မှုတ်ထုတ်လိုက်၏။
“ကြိုး ကြိုး ကိုယ့်ကို ပုဆိုးလေး ယူပေးပါအုံး”
ကြိုး၏ အသံကား မကြားရပေ။
“ကြိုး ကိုယ်ချမ်းနေပြီ”
ခြေဖွဖွ လျှောက်လာသံနှင့်အတူ တံခါးအပြင် ထုတ်ထားသော သူ၏လက်ပေါ်သို့ ပုဆိုးတင်လာလေ၏။ သူ ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်တွင် ထိုင်နေသူကား ဆိုဖီယာ။
“မင်း ဘာလုပ်နေတာလဲ ငါ့အခန်းထဲက ထွက်သွားစမ်း”
“မောင်ကလဲ ဆိုဖီတို့က သူစိမ်းတွေမှ မဟုတ်တာ”
“မင်းကွာ တောက်စ့်”
သူ တောက်တချက်ခေါက်ပြီး ထွက်လာလေ၏။ ဆိုဖီယာကတော့ ကြိတ်မနိုင်ခဲမရ ကျန်ခဲ့လေသည်။
“ဖေဖေ”
“ဟင် သမီး”
“ဟို မိန်းမကြီးက ဘယ်ချိန်ထိနေမှာလဲ”
“တပတ်လောက်ပဲတဲ့ သမီးလေး မကြိုက်လို့လား”
“မဟုတ်ပါဘူး အဲ့မိန်းမက သမီးကိုဆို အမြဲစိုက်ကြည့်နေတာ”
ညနေ ထမင်းစားချိန်မို့ မိသားစုသုံးယောက် ထမင်းစားလျှင် သူ့ကိုလည်း ချန်မကောင်းလို အတူပင် ခေါ်စားလိုက်သည်။ ကြိုးနှင့် သမီးလေးက သူ၏ တဖက်တချက်တွင် ထိုင်နေလေတော့ သူမက ကြိုးနှင့် သူ၏အကြား အတင်းတိုးဝှေ့ကာ ထိုင်လေ၏။
“မေမေ ဘုံဘုံ မဆာတော့ဘူး”
သမီးလေး စိတ်ထဲက အန်မသင့်ဖြစ်သွားသည် ထင်၏။ ထထွက်သွားလေသည်။ ကြိုးလည်း သမီးလေး မစားတော့ မျက်နှာပူစွာ ထိုင်မစားနေတော့ဘဲ ထလာလိုက်၏။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now