Part 22

936 30 0
                                    

ရှေ့ရက်ဆိုလျှင်တော့ ဒီတိုက်ပွဲကြီးကို စရပေအုံးမည်။ ဒီရက်ပိုင်းတွေမှာ သူ့အား အာဟာရ ပြည့်အောင် ယုယကပင် 
မီးဖိုချောင်ကို သူကိုယ်တိုင် ဝင်ချက်လေ၏။
      သူအတော်ပင် အားပြန်ပြည့်နေသည်ကို သူကိုယ်တိုင်ပင် သတိထားမိသည်။ သူဆေးစွဲနေသည်မှန်သော်လည်း အသိစိတ်တော့ မလွတ်သေးပေ။ ဒါကြောင့် ဒီနေ့တော့ မိုးမင်းအား ရုံးသို့ လွတ်ရသည်။ ယုယကတော့ ဂျူတီနားသဖြင့် အိမ်မှာ ရှိနေလေသည်။
“ယုယ ဘာတွေ ချက်နေတာလဲ”
“အော် ကိုဘုန်း ဒီမှာ ကိုဘုန်းအတွက် အမဲစွပ်ပြုတ်လေးနွေးနေတာ”
“အမဲစွပ်ပြုတ်”
“ဟုတ်တယ် ကိုဘုန်း”
အမဲစွပ်ပြုတ်ဟူသော အသံလေးကြောင့် မျက်ရည်တို့ပင် ဝဲတက် လာရသည်။ သမီးလေး Allergen ဖြစ်ချိန်က အစားထပ်မှားမည်စိုး၍ သူကိုယ်တိုင် မီးဖိုခန်းဝင်ကာ ချက်ခဲ့ဖူးသည် မဟုတ်လား။
“ကိုဘုန်း ဘာတွေတွေးနေတာလဲ”
“ဟို ဘာမဟုတ်ပါဘူး ဒီလိုပါပဲ”
“ကိုဘုန်း ဘာစားချင်လဲ ယုကိုပြောနော် အားမနာနဲ့”
“ယုယ နက်ဖြန် ဒေါက်တာလာမယ် မဟုတ်လား ဘာတွေလို အပ်တယ်ပြောလဲ”
“ရှင်”
ယုယတို့ သူ့အား ဆေးဖြတ်ပေးမည့် အစီအစဉ်အား မပြောပြရဲကြသေးပါ။ မိုးမင်းနှင့် ယုယသာ တိုးတိုးတိတ်တိတ် စီစဉ်ထားကြခြင်းဖြစ်သည်။ ဟိုနေ့က သူ ရေသောက်ရန်
အောက်သို့ ဆင်းလာစဉ် ဒေါက်တာနှင့်ယုယတို့ ပြော‌သော် အသံကြား၍ သူသိခဲ့ခြင်းဖြစ်သည်။
“ကိုယ်လဲ ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆေးပြတ်သွားတာနဲ့ ဘဝအသစ်စပြီး ကြိုးနဲ့ သမီးလေးကို ဆက်ရှာရမယ်”
ဆေးသမားတစ်ယောက်ဖြစ်နေသည့်တိုင် သမီးနှင့် ဇနီးဖြစ်သူအား မမေ့သေးပေ။
“ဆေးဖြတ်တယ်ဆိုတာ စိတ်ခိုင့်ဖို့လဲ လိုတယ် ကိုဘုန်း အများအားဖြင့် မအောင်မြင်ကြတာ ပိုများတယ်”
“သမီးလေးနဲ့ ကြိုး အတွက် ဆေးကို အောင်မြင်အောင် ဖြတ်ရမယ်”
ဒီနေ့တော့ သူ ဆေးစဖြတ်မည့်နေ့။ ဒေါက်တာ ရောက်လာပြီး အရင်က             သူနေ့သည့် အခန်းမှ တခြားဘက်သို့
၊လေဝင်လေထွက် ကောင်းသည့် နေရာသို့ပြောင့်းခိုင်းသည်။
“ကိုဘုန်းမဟော် သေချာဆုံးဖြတ်ပြီးပြီလား”
“သေချာပါပြီ ဒေါက်တာ”
“ဒီပွဲထဲ ဝင်လိုက်တာနဲ့ ပြန်ထွက်လို့ မရဘူးဆိုတာရော နားလည်လား”
“နားလည်ပါတယ် ဒေါက်တာ”
မိုးမင်းနှင့် ယုယကတော့ မျက်နှာမလှသော်လည်း ဟန်ဆောင်၍ ပြုံးနေကြသည်။
“ယုယတို့ကလည်း သူဘယ်လိုပဲ ဆေးပေးပါလို့ တောင်းဆိုတောင်းဆို လုံးဝမပေးပါနဲ့”
“ဟုတ်ကဲ့ဒေါက်တာ”
ဒေါက်တာ ဆေးထိုးသွားပြီး တညလုံးအဆင်ပြေနေ
သေးသည်။ နောက်နေ့တွင်တော့ အဆင်မပြေလာတော့ပေ။ သွေးသားထဲက လိုလိုချင်ချင် တောင်းဆိုလာပြီ။ အံတင်း၍ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုတ်ထားရာ အကြောများမှာ အပြိုင်းပြိုင်းထနေလေ၏။ အငြိမ်လဲ ရပ်မနေနိုင် ဂဏာမငြိမ် လျှောက်သွားနေလေ၏။ သူ တကယ်လိုချင်လာပြီ။ ဒီထက်ပိုပြီး သူသည်းမခံနိုင် အောင့်အီး နိုင်စွမ်းလည်း မရှိတော့ပေ။ သို့ပေမယ့် သူအားတင်းရပေဦးမည်။ အခန်းအပြင်တွင် အခြေအနေစောင့်
ကြည့်နေကြသော မိုးမင်းနှင့် ယုယ။ ယုယက အခန်းထဲမှ အသံကို ကြားသည်နှင့်  အခြေအနေကို နားလည်ကာ မိုးမင်းအား
“အကို ကိုဘုန်း ယင်းထနေပြီ ဆေးကို အရမ်းကြီး စွဲလမ်းထားတာ မဟုတ်ဖူးဆိုပေမယ့် ဒေါက်တာကို ဖုန်းဆက်ခေါ်ထားလိုက်တာပိုကောင်းမယ်”
“အေးအေး ဒါဆို အကို အခုပဲခေါ်လိုက်မယ်”
“ခွမ်း ဝုန်း”
အခန်းတစ်ခုလုံးလည်း ဆူညံပွက်လေရိုက်၊ ဖန်ခွဲစတွေကလည်း ဗလနှံ့ကျဲ။ ‌ဒေါက်တာ ရောက်လာပြီး ဆေးထိုးလိုက်လျှင်တော့ ညိမ်ကျသွား၏။ ဒီလိုနှင့် တရက်တခြားအတော် တိုးတက်လာသည်ဟု ဆိုရပေမည်။
“ယုယ ဒီနေ့က နောက်ဆုံးရက်ဆိုတော့ နည်းနည်းပြင်း
မယ်နော် “
“ဒေါက်တာ ဖြစ်ပါ့မလားတောင်မသိဘူး ကိုဘုန်းပုံစံက အရမ်းအားနည်းတဲ့ပုံ ဖြစ်နေတာ”
“ယုယ ဒီလို ပျော့ညံ့နေရင်တော့ တွန်းလှန်နိုင်မှာ မဟုတ်ဖူး”
မိုးမင်းက ယုယ၏ လက်အား ဆုပ်ကိုင်ကာ နှစ်သိမ့်ရင်း
“ဟို ယုယက ဘော့စ်ကို အခုလို အဆုံးထိလဲကျနေတာကို မမြင်ဖူးသေးလို့ပါ”
“ဒီနေ့တော့ ဆရာကိုယ်တိုင်လဲ စောင့်မှာဆိုတော့ ယုယက အပြင်ထွက်ရှောင်နေရင် ပို အဆင်ပြေမယ်ထင်တယ် မိန်းကလေးတွေက စိတ်ထိခိုက်လွယ်လို့လေ”
“ဟုတ်ဆရာ”
ယုယ အပြင်ထွက်သွားတော့ ဒေါက်တာနှင့် မိုးမင်းနှစ်ယောက်သာလျှင် ကျန်ခဲ့ကြသည်။ မိုးမင်းကတော့ အခန်းထဲက အသံကို နားစွင့်ရင်း ရင်တမောမော။
“အား ပူတယ် ပူတယ်”
အခန်းထဲမှ ကျယ်လောင်စွာ ထွက်လာသော် ဘုန်းမဟော်၏အသံ။ သေချာက
ပါသည် သူ ယင်းထနေပြီဆိုသည်မှာ။
“ဝုန်း ခွမ်း”
အခန်းထဲမှ ဆူညံသံတွေက ပွက်လောရိုက်။ တံခါးအား  ထိုးနေသော အသံက ဆူညံစွာ။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now