🚨 Part 5🚨

3.2K 82 6
                                    

ဘုန်းမဟော် မင်း ဘယ်တော့များမှ မိန်းမယူမယ်လို့တွေးထားလဲ မင်းအသက်ကလဲ ငယ်တော့တာ မဟုတ် သုံးဆယ်နားကပ်နေပြီ ခုထိ ယူမယ့်မိန်းမက မရှိသေး"
အိမ်သို့ပြန်လာတိုင်း ဒယ်ဒီဖြစ်သူ၏ ပြောနေကျစကားပင်။ မဟော် ဘာမျှ မပြောဘဲ ဆို‌ဖာပေါ်တွင်ဝင်ထိုင်လိုက်၏။
"ဟုတ်သားပဲ သားရယ် မာမီတို့က အသက်ကကြီးလာပြီ မသေခင်တော့ မြေးလေး ချီသွားချင်တယ်အေ"
"အချိန်တန်ရင် ယူခဲ့ပါမယ်ဗျာ"
ဘော့စ်မိဘတွေအား ကြည့်ကာ မိုးမင်းတယောက် စိတ်မကောင်းဖြစ်နေမိသည်။
"ဆရာတို့ သားကလေ မိန်းမသာ မယူတာ ကလေးကဖြင့် တယောက်တောင်ရနေပြီ"
ဘော့စ်ကတော့ ကြိုး သူ့ကို လက်ထပ်မှာဟု အသေအချာအပိုင် တွက်ထားပုံရသည်။ ဟိုကဖြင့် ငြင်းလိုက်သည်ကား ဇွတ်။ ခက်လှပါသည်။ ထို စကားဝိုင်းလေး တိတ်ဆိတ်သွားပေမယ့်
"သား ဒါနဲ့ သမီးကြိုးရဲ့ သတင်းအစအနလေးများ မရဘူးလား"
မာမီကတော့ အခုချိန်အထိ ကြိုးကို မျှော်လင့်နေဆဲပင်ဖြစ်သည်။ မျှော်လင့်တကြီး မေးနေသော မာမီအား သူမလိမ်ညာချင်တော့ပါ။
"ကြိုး မြို့ထဲမှာပဲ ရှိတယ်မာမီ ဒါပေမယ့်"
မာမီကော ဒယ်ဒီပါ ဝမ်းသာသွားသည့်ဟန်။ မာမီကပင်
"သားရေ သိနေတာများ အိမ်ကို ထမင်းစားလေး ခေါ်လာပါလား မာမီတို့နဲ့တောင် မတွေ့ရတာ ကြာနေပြီကို"
"ဟုတ် မာမီ အဆင်ပြေရင် ခေါ်လာပါ့မယ်"
မျက်နှာပျက်သွားသော သားဖြစ်သူအား ‌ဒေါ်မာမြိုင် နားမလည်မိပေ။ မဟော် ဘာမှ ဆက်မပြေချင်တော့ပဲ ထိုနားမှ ထွက်လာခဲ့လိုက်သည်။ ရင်ထဲတွင်ကား ကြိုးအပေါ်ချစ်သော အချစ်တွေသာ ရှိနေသည်။
ဒီနေ့တော့ သမီးလေးကျောင်းပိတ်ရက်ဖြစ်သဖြင့် သမီးလေးနဲ့ Shopping ထွက်ဖို့ ညှိနှိုင်းထားရသည်။ ရီ့ကိုတော့ ဒီနေ့တရက် နားစေထားလိုက်၏။
"မာမီ ဘာဝယ်ခဲ့ရမလဲ"
ဒေါ်သီရိက စာအုပ်ဖတ်နေရာမှ
"ဘာမလိုပါဘူးကွယ် သမီးတို့သာ ‌သွားကြပါ "
"ဟုတ်မာမီ"
ဘုံဘုံလေးက အတော်ပင် လိမ္မာသည့် ကလေးတယောက်ပင်။ Single Mother တယောက်အနေနဲ့ ရှက်ရွံ့စွာ နေထိုင်ရမည့်အစား သမီးလေးကို မွေးဖွားပြီးသည့် အချိန်မှစ၍ သူမတို့မိသားစု၏ စီးပွားရေးသည် အတော်ပင် အဆင်ပြေလာ၏။ သမီးလေးသည် သူမအတွက်တော့ ဆုလာဘ် တစ်ခုပင်။ သစ်သီးဆိုင်ရှေ့တွင် သားအမိနှစ်ယောက် သစ်သီးရွေးနေစဉ် ဘေးမှ သူမဘက်သို့ လှမ်းလာသော ပန်းသီးကြောင့် သမီးလေးကော ကြိုးပါ လှည့်ကြည့်မိလိုက်၏။
"ရှင် "
"ဟယ်လို သမီး"
မျက်နှာပြောင်တိုက်သည့်သူပါလား သမီးလေးကိုတောင်နှုတ်ဆက်နေသေးတယ်။
"ကြိုး ဘာဝယ်မလို့လဲ "
"လာ သမီး "
သမီးလက်ကို ဆွဲ၍ ထွက်သွားမည် လုပ်တော့လည်း သူက အလွတ်မပေး။ ကြိုးအရှေ့တွင် ဝင်ကာပြီး
"ကြိုး ဘယ်ကိုပြေးမလို့လဲ ဘာလဲ ကိုယ်ဟာ သမီးလေးရဲ့ဖေဖေဆိုတာ သမီးလေးကို မသိစေချင်လို့လား"
ဖေဖေဟူသော အသုံးကြောင့် သမီးလေး၏ အကြည့်တွေက သူ့ဆီသို့ရောက်လာသည်။သူမက အံ့ကြိတ်ထားကာ
"ရှင် ကလေးကို ဘာလို့ မဟုတ်တာတွေ ပြောနေရတာလဲ"
သမီးလေးကတော့ သူ့ကို သေချာကြည့်ကာ
"ဖေဖေ ဟုတ်လား"
"အင်း ဟုတ်တယ် သမီးလေးရဲ့ ဖေဖေ"
"သမီး"
ကြိုးအော်လိုက်သော်လည်း သမီးလေးက သူမကိုပင် ဂရုမစိုက်။ ငြိမ်ကျသွားပြီးမှ
"မေမေပြောတော့ ကြိုးမှာ ဖေဖေမရှိတော့ဘူးတဲ့ ဟိုးအဝေးကို ထွက်သွားပြီတဲ့"
"အဲ့ဒါ သမီးမေမေက ဖေဖေ့ကို စိတ်ကောက်နေလို့ "
ကြိုး စိတ်တို၍ နှုတ်ခမ်းအား ဖိကိုက်ထားသည်မှာ သွေးများပင် စို့နေချေပြီ။ သမီးလေးကတော့ သူ့အား အဖေတယောက်လိုသဘောထားသော်လည်း သူချစ်သည်က မိခင်။ ကြိုး၏ လက်လေးအား အသာအယာ ဖွဖွလေး ဆုပ်ကိုင်လိုက်လျှင် ကြိုး၏ လက်တဖက်က သူ၏ ပါးပြင‌်ပေါ်သို့ ။
"ဖြန်း"
"နောက်တခါ ကျွန်မနဲ့ သမီးလေးကို မနောက်ယှက်ပါနဲ့"
ကြိုး၏ လက်အား မလွတ်ပေးလိုက်ချင် သို့ပေမယ့် သူလွှတ်ပေးရမည်။
"ကြိုး ကိုယ်မင်းလက်ကို လွတ်ပေးမယ် ဒါပေမယ့် ကိုယ်မေးတာကိုပဲဖြေသွား"
ကြိုး ခေါင်းညိမ့်ပြလိုက်တော့
"ဒါ ကိုယ်သမီး ဟုတ်တယ်မလား ကြိုး"
ကြိုး ပြန်မဖြေချ‌င်ပေမယ့် ခေါင်းအား အသာငြိမ့်ပြလိုက်ပြီး ထိုအနားမှ သမီးလက်ကို ဆွဲကာ ထွက်လာခဲ့လိုက်၏။ သမီးလေးက ကိုယ့်ကလေးတဲ့လာစ ကြိုးရယ် ။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now