🚨Part 2🚨

6.4K 92 20
                                    

အချိန်တွေသာ ကြာလာသည် ရင်ထဲတွင် ခံစားနေရာသော မာကြောသည့် အရာက မပြယ်သေး။ စိတ်တွေကို ဝီစကီ တစ်ခွက်နှင့် မြိုသိပ်ချနေရ၏။
"ဘော့စ် အိပ်ချိန်ရောက်နေပါပြီ ဒီထက်အိပ်ရေးပျက်ရင် ကျန်းမာရေးထိခိုက်ဖို့ပဲရှိတယ် "
"ထိုင်စမ်း မိုးမင်း "
မိုးမင်းသည်ကား မဟော်၏ အထူးမန်နေဂျာ၊ လူယုံ တစ်ယောက်ဖြစ်သည်။ ဒီ companyကို မဟော် ဦးစီးသည်အချိန်ထဲက ရောက်နေခြင်းဖြစ်သည်။ မဟော့်အကြောင်းဂဂနန သိသူတစ်ယောက်လည်းဖြစ်ပေသည်။
"ငါ "
"ဘော့စ် ပြောပြောနေတဲ့ မိန်းကလေး နာမည်ပြောပါလား ကျွန်တော် ရှာပေးမယ်လေ"
ဘော့စ်နှင့်ပတ်သက်၍ကား မည်သည့်အကြောင်းအရာကိုမဆို မိုးမင်းသိပေမယ့် ဘော့စ် ရင်ထဲတွင် စွဲညှိနေသော ထိုမိန်းကလေး၏ အမည်ကိုကား မိုးမင်းမသိ။ အော် ဘော့စ်ရဲ့ အချစ်ရေးအတွက်တော့ ဆိုးဆပ်ပါလား ။
"ရွှေချည်ကြိုး ကြိုးတဲ့"
ငါးနှစ်အကြာမှ ဘော့စ်ဆီက ကြားရသည့် နာမတစ်ခု။ မဟော်ကပင်ဆက်၍
"အဲ့တာ ရွှေချည်ကြိုးဆိုတာ လွန်ခဲ့တဲ့ ခြောက်နှစ်က Family Companyရဲ့ ပါတီကို ဘော့စ်နဲ့ အတူတက်ခဲ့တဲ့ တယောက်ဟုတ်တယ်မလား "
မိုးမင်း၏ အမေးကို မဟော်ခေါင်းညိမ့်ရုံမျှသာ ဖြေလိုက်ရသည်။
,"သူက ညငှက်ထဲက တစ်ယောက်ပဲ မဟုတ်လား ဘော့စ်"
ဒီတခါတော့ မိုးမင်း ဘယ်နေရာစကားပြောမှားသွားသည်မသိ။ ဘော့စ်ဖြစ်သူ၏ စူးရှုသော အကြည့်တွေက သူ့ဆီသို့ စုပြုံရောက်လာသည်။
"ကြိုးက မိန်းမကောင်းတစ်ယောက်ကွ ငါသူ့ကိုချစ်တာ Sexကြောင့်လုံးဝမဟုတ်ဖူး ဒါပေ့မယ့် ငါသူ့ကို ချစ်တယ်ဆိုတဲ့ အကြောင်းတောင် ဖွင့်ပြောခွင့်မရခဲ့ဘူး"
မိုးမင်း ဘော့စ်ဖြစ်သူအားကြည့်ပြီး အသနားပင် ပိုနေမိပြန်သည်။
ဘော့စ်ကတော့ ညကအရှိုန်နှင့် မထသေးသော်လည်း မိုးမင်းကတော့ တာဝန်အရ မနက်စာအတွက် ပြင်ရပေအုံးမည်။ ပိုက်ဆံလေးယူကာ စားနေကြ စားသောက်ဆိုင်သို့ ထွက်လာရ၏။ မှာထားသည့် စားစရာအား စောင့်နေရင်း နားထဲသို့ အသံတစ်ခုက တိုးဝင်လာ၏။
"ရီရေ ဆိုင်မလာတာကြာပြီနော် "
"ဟုတ်ပါ့ မမကြိုးက ကျန်းမာရေးမကောင်းဘူးလေ"
"ဒါနဲ့ ကလေးက "
"မမကြိုးရဲ့ကလေး ရီနဲ့ လိုက်လာတာ"
ထိုမိန်းမပျိုလေးတွေ ပြောနေကြသော ကြိုးဟူသည့် နာမကြောင့် မိုးမင်း ကလေးအား ကြည့်မိလိုက်သည်။
လခွမ်း ဘော့စ် ပြောတော့ သူကြိုးကို ချစ်တာsexမပါဘူးဆို ကလေးက သူ့ရုပ်ကြီးပါလား
မိုးမင်း ပြောသံကို မည်သူမျှကြားမည်ဟူ၍မထင်။ မိုးမင်း ပြန်လာချိန်အထိ မဟော်ကား မထသေးပေ။ "‌ဘော့စ် ဘော့စ် ထစမ်းပါဗျာ ဘော့စ်ပြောတော့ ‌ကြိုးကို ချစ်တာ sex မပါဘူးဆို ဘယ်လိုဖြစ်ပြီး ရွှေချည်ကြိုးရဲ့ ကလေးက ဘော့စ်နဲ့တူနေရောပဲ"
ကြိုး ဟူသော နာမကြောင့် မဟော့် ထထိုင်လိုက်ပြီး
"ဘယ်လို ကြိုးရဲ့ ကလေး ဟုတ်လား မင်းဘယ်ကသိလာတာလည်း"
မိုးမင်း သူ့တွေခဲ့သည်များကို ပြောပြလိုက်တော့ မဟော်မှာ ငြိမ်ကျသွားလေ၏။
☺️☺️☺️☺️☺️

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now