Part 14

979 32 0
                                    

        ချက်ချင်း အသုံးအနှုန်းတွေက တစိမ်းဆန်သွားပြန်ပြီ။ ရင်ထဲက နာကျင်နေပေမယ့် မတတ်နိုင်သေးပေ။  အချစ်က ဒဏ်ရာတွေကိုသာ ပေးသည်တဲ့လား။ မျက်တောင်စတွေတွင် တွဲခိုနေသော မျက်ရည်စတို့ကို ပုတ်ထုတ်လိုက်ရသည်။ တကယ်ဆို ကြိုးက ပြိုင်ပွဲတွင် ထွက်သွားရမည့်သူ မဟုတ်လား။
မချစ်သင့်သည့် သူကို ချစ်မိ၍ ရင်နင့်စွာခံစားရပြန်သည်။
             မိုးပင် အတော်ချုပ်နေပြီ ကြိုး အခန်းထဲသို့ ဝင်မလာသေးပေ။ ဘုန်းမဟော်စိတ်ပူလာ၍ စာရင်းစစ်နေရာမှ ထကာ အခန်းပြင်သို့ ထွက်လာခဲ့၏။ ဧည့်ခန်းထဲတွင်လည်း တယောက်မှ မရှိ။ ကြိုးသည် သူ့အား စိတ်ကောက်ပြီး ထွက်သွားသည်လား။ နောက်ဆုံး သမီး၏ အခန်းသို့ ဝင်၍ ကြည့်တော့ သမီးလေးနှင့် အိပ်နေသော ကြိုး။ သူအား စိတ်ပျက်၍ အခုလို ထွက်သွားသည်လား။
          အိပ်မပျော်သောကြောင့် အိပ်ယာစောစောထကာ မနက်စာအတွက် ချက်ပြုတ်နေလိုက်သည်။ သမီးလေးကိုတော့ နိုးထား၍ မျက်နှာသစ်ခိုင်းထားသည်။  သူကတော့ ထလောက်ပြီ ထင်ပါသည်။ အနောက်မှ သိုင်းဖက်ထားသော လက်တစုံကြောင့် သူမလန့်သွားရသည်။
“အာ”
“ကြိုး ညိမ်ညိမ်လေးနေပေး”
“ရှင် ဘာလုပ်တာလဲ”
“ကြိုး အရင်ကလို ကိုလို့ ပြန်ခေါ်ပါလား”
“လွတ်ပါ”
“ကိုယ် မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ် ဆိုဖီယာ”
        သူ၏စကား မဆုံးခင်မှာပဲ ကြိုးက ရပ်တန့်ပစ်လိုက်သည်။
“ကြိုး စိတ်ထဲမှာ ဘာမှ မရှိတဲ့ အတွက် တောင်းပန်စရာမလိုပါဘူး”
        သူ ကြိုး၏ ကိုယ်လေးအား တင်းကျပ်စွာ ဖက်ထားမိနေသေးသည်။
“မောင်”
                   နားထဲတွင် ကိုးလိုးကန့်လန့် အသံတခု။ သူ ကြိုး၏ ကိုယ်လေးအား မလွတ်ချင်သေးပေမယ့် လွတ်ပေးလိုက်ရပြန်ပြီ။ မီးဖိုခန်းဝတွင် ရောက်နေပြီဖြစ်သော ဆိုဖီယာ။
“မောင် ဘာဖြစ်လို့လဲ ဘာလဲဆိုဖီ ရောက်လာလို့လား”
“ဟုတ်တယ် မင်းရောက်လာလို့ မင်းက ငါ့သာယာနေတဲ့ အချိန်တွေကို ဖျက်စီးနေတာပဲ”
“ဘယ်သူက ဖျက်ဆီးနေလို့လဲ မောင်ရယ် ရွှေချည်ကြိုး ဒါနဲ့ Breakfastရနေပြီ မဟုတ်လား ပြင်ပေးနော် မောင်နဲ့တို့ စားဖို့”
“ဆိုဖီယာ”
“ရပါတယ် ကြိုးအဆင်ပြေပါတယ်”
          ရင်နာနာနှင့်ပင် ကြိုးသူတို့အတွက် မနက်စာကိုပြင်ပေးလိုက်သည်။ ကိုယ့်ယောက်ျားအား တခြားမိန်း မနှင့် မနက်စာ အတူစားဖို့ မိန်းမဖြစ်သူက ပြင်ဆင်ပေးနေရသည့် မြင်ကွင်းသည် မည်မျှ ရင်နာစရာ ကောင်းလိုက်ပါဘိ။
            အပေါ်ထပ်ကနေ ဆင်းလာမည့် သမီးကိုတော့ မည်သို့ ပြောရမည်ကို စဉ်းစားမရနေသေးပေ။ တကယ်ဆို သမီးလေးက ကြိုးထက် သူမ၏ ဖေဖေကို ပို၍ချစ်သည် မဟုတ်လား။ သမီးလေးက အသံတစာစာဖြင့် အော်၍ ဆင်းလာလေပြီ။
“ဖေဖေရေ မေမေရေ Breakfast စားမယ်ဟေ့”
           စားပွဲဝိုင်းတွင် ထိုင်နေသော သူ၏ဖေဖေကြောင့် ထင်သည် သမီးလေးက  ချက်ချင်းပင် ပြန်လှည့်ထွက်သွား၏။
“သမီး နေပါအုံး ဖေဖေ”
“ရပါတယ် ကျွန်မခေါ်သွားပါ့မယ် အနှောင့်ယှက်ဖြစ်သွားလို့ Sorryပါ”
            သမီးဆီ ပြေးလိုက်တော့ သမီးက လမ်းလျှောက်ထွက်သွားသည်မှာ တစ်ခြံကျော်တောင် ရောက်နေချေပြီ။ ငိုရှိုက်နေသည်မှာလည်း သနားစရာပင်။
“ဘုံဘုံ သမီးလေး ဘာဖြစ်လို့လဲ ဘယ်ကိုလဲ”
“ဟီး ဖေဖေ လူဆိုးကြီး ဖေဖေ့ကို မုန်းတယ်”
“သမီးရယ် သမီးဖေဖေက ဘာတွေ လူဆိုးဖြစ်နေလို့လဲ ဟမ်”
“ဟီး ဟုတ်တယ် မေမေ မဟုတ်ပဲ တခြားမိန်းမနဲ့  မနက်စာစားတယ် ဟီး”
“သမီး အဲ့ဒါက သမီးဖေဖေရဲ့ အလုပ်မိတ်ဆွေလေ သမီး အဲ့လို မဆိုးရဘူးနော်”
“မသိဘူး မသိဘူး ဖေဖေ့ကို မုန်းတယ်”
‌         ဪ သမီးလေးရယ် ကြိုး သမီးလေး၏ ခေါင်းအား ပွတ်ကာ နှစ်သိမ့်ပေးမိသည်။ ကိုယ်တိုင်ကမှု ရင်ဘတ်တခုလုံး သွေးစက်တွေ ဗလဗွနှင့်။
“ဘာ တခြားမိန်းမ ဟုတ်လား”
           မာမီ၏ ဒေါသပါပါ အသံက ခေါင်းကြိမ်းဖွယ်အတိ။ ကြိုး မည်သို့ ဖြေရှင်းရမည်ကို မစဉ်းစားတတ်သေးပေ။ မာမီ စကားသံကြောင့် ရီက သမီးလေးကို ခေါ်၍ ကားပေါ်တွင် သွားထိုင်နေချေပြီ။
“ဟမ် ရီ မြေးလေးကို ခေါ်သွားလိုက်တော့  ငါ ကြိုးနဲ့ စကားပြောလိုက်အုံးမယ်”
       ကြိုး မာမီအား မျက်နှာ အသေအချာပင် မကြည်ရဲပါ ရှက်ရွံ့နေသလို ကြောက်လဲကြောက်ရွံ့နေမိသည်။
“ကြိုး မြေးလေး ပြောတဲ့ တခြားမိန်းမဆိုတာက ဘာလဲ ဟမ် သူအခု အိမ်ထဲမှာ ရှိနေတာလား”
“ဟို မဟုတ် မဟုတ်ပါဘူး မာမီ”
“ရွှေချည်ကြိုး  မာမီ့ကို မလိမ်နဲ့နော် မာမီ့ကို ပွင့်ပွင့်လင်းလင်းပြော”
“သူ့ရဲ့ အလုပ်က မိတ်ဆွေပါ မာမီ ဘာမဟုတ်ပါဘူး”
“ကြိုး မာမီ့ကို လိမ်လို့မရဘူးဆိုတာ သိလား”
“ဟုတ် သိ…သိပါတယ် မာမီ”
“တကယ်လို့ သမီး အခုမပြောချင်သေးရင် သမီး အဆင်ပြေတဲ့အချိန် မာမီ့ကို အကုန်ပြောလို့ရတယ်နော်”
“သမီး အဆင်ပြေပြီဆိုရင် မာမီ့ကို ဖွင့်ပြောမယ်နော် သမီးကို ယုံပေးပါ မာမီ”
“ အေး မာမီ စောင့်ပေးမယ် ဒါက သမီးကို မာမီယုံလို့နော်”
               ကြားနေရသော စကားသံတွေကြောင့် ရွှေချည်ကြိုးသည် ခြံဝတွင် ရပ်နေမိလိုက်သည်။ အိမ်ထဲက စကားသံတွေကိုသာ နားမ‌ေထာင်ပါပဲနှင့် အလိုလို ကြားနေရသည်။
“ဆိုဖီက ကလေးမွေးရင် အလှပျက်မှာ စိုးတာနဲ့ အတော်ပဲ သမီးလေးကို ဆိုဖီတို့ မွေးစားလိုက်ကြမယ်လေ”
“ဘာ ဆိုဖီယာ မင်းဘာပြော နေတာလဲ”
“မောင်ဘာတွေဖြစ်နေတာလဲ”
“ငါ မေးရမှာပါ ငါမင်းကို လက်မထပ်နိုင်ဘူး ငါ့ဘဝမှာ သမီးလေးနဲ့ ကြိုးသာ အရာရာပဲ”
“မောင်”
“ဟုတ်တယ် ငါမင်းကို လက်ထပ်မှာ မဟုတ်လို့ မင်းငါ့ကို ထပ်ပြီးတွယ်ကပ်မနေပါနဲ့”
“ဟာ မောင် ဆိုဖီယာက မောင့်ချစ်သူလေ”
“ရွှေချည်ကြိုးက ငါ့တရားဝင် မိန်းမ ငါသူနဲ့ လက်ထပ်ထားပြီးပြီ ငါမင်းကိုလဲ မချစ်တော့ဘူး ငါချစ်တာ ရွှေချည်ကြိုး မင်းကို မချစ်ဘူး အဲ့တာကြောင့် ငါနဲ့ မပတ်သက်ပါနဲ့”
“မောင် ဆိုဖီ ထင်ထားတာ အဲ့လိုမဟုတ်ဖူး မောင် သူ့ကို မောင့်ရဲ့ သွေးသားဆန္ဒအတွက် အသုံးချခဲ့တာပဲ မဟုတ်ဖူးလား”
“မဟုတ်ဖူး ငါ သူ့ကို ချစ်တာ မြတ်မြတ်နိုးနိုးကို ချစ်တာ”
“မောင် ဆိုဖီ့ကို တကယ်လက်မထပ်နိုင်တာလား”
“ဟုတ်တယ်”
သူ၏ အသံသည် ခိုင်မာသည်၊သေချာသည်၊ပြတ်သားသည်။
“ဒါဆိုလဲ မောင် စောင့်ကြည့်နေလိုက်ပါ ဆိုဖီယာဆိုတဲ့ မိန်းမက သူရချင်တာကို မရရအောင် ယူပြမှာ”
“မင်း ကြိုးနဲ့ သမီးကို တခုခု ထိခိုက်အောင် လုပ်လို့ရတော့ သေတောင် ခွင့်မလွှတ်ဘူးနော်”

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now