part 1

7.5K 99 6
                                    

‌ကုတင်ပေါ်တွင် နွမ်းလျစွာ လဲလျောင်းနေသော သမီးဖြစ်သူအား ကြည့်ရင်း ဒေါ်သီရိတစ်ယောက် သက်မအကြိမ်ကြိမ်ချနေမိသည်။ "ဪ လူ့ဘဝ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရှိပါလား" ဒေါ်သီရိတစ်ယောက် တိုးတိတ်စွာပင် ညည်းညူမိလိုက်သည်။

ခေါင်းထဲတွင်နောက်ကျိနေသော်လည်း လက်ထဲတွင် ဆုပ်ကိုင်ထားသော နွေးထွေးသည့်လက်တစ်စုံကြောင့် ‌‌ကြိုး မျက်လုံးအား အားယူဖွင့်လိုက်ရသည်။ မာမီက စိတ်ပူနေမည်မှာ အသေအချာပင်။ လက်အစုံအား ဆုပ်ကိုင်ထားသော ရင်သွေးငယ်သမီး၏ မျက်နှာအားကြည့်လိုက်တော့ ငိုထားသည်မှာ မျက်ခုံးတို့ပင် မို့အစ်နေသည်မှာ သိသာလှသည်။ ကြိုး လက်ကလေး အသာလှုပ်ရှားလိုက်တော့ "ဘွားဘွား မေမေနိုးလာပြီ မေမေ သက်သာလားဟင် ဘာဖြစ်သေးလဲ မီးမီး ဘာလုပ်ပေးရမလဲ" အသက်၅နှစ်အရွယ်နှင့်ပင် မလိုက်ပဲ မိခင်ဖြစ်သူအား ကြိုး စိတ်မောစွာ နားထောင်နေမိသည်။ "သမီးကြိုး ဘာဖြစ်သေးလဲ မာမီ့ကို ပြောနော် " ကြိုး ခေါင်းလေးသာ ညိမ့်ပြလိုက်နိုင်သည်။ ‌ဪ "တောင်းဆိုးပလုံးဆိုးသာ ပစ်နိုင်သည် သားဆိုး သမီးဆိုးကိုတော့ မပစ်ပယ်နိုင်" ဟူသော စကားနှင့်အညီ မိထွေးတိုင်း မကောင်းကြသည်မဟုတ်ကို ကြိုးနားလည်မိလာသည်။ ‌ဒေါ်သီရိသည် ကြိုးဒယ်ဒီ၏ မယားငယ်ဆိုပေမယ့် ကြိုး၏မိခင်အရင်းတဖွယ်ပင်။
"ကြိုး ဘာစားချင်လည်း မာမီ ဘာလုပ်ပေးရမလဲ"
"အဟွတ် ကြိုး အဆင် ပြေ ပါတယ် " စကားတစ်ခွန်းပြောရသည်ကိုပင် မောပန်းလှ၏။ သမီးလေး၏ လက်အား ဆုပ်ကိုင်ရင်း။ "‌မာမီ သမီးလေးကို သေချာ ဂရုစိုက်ပေးနော်" ဒေါ်သီရိက မျက်ရည်စတို့အား သိမ်းဆည်းရင်း။ "သမီး နားလိုက်အုံးလေ စကားတွေ အများကြီး မပြောပါနဲ့ ကျန်းမာရေးကောင်းတာလဲ မဟုတ်"
ကြိုး မျက်လုံးတွေအား အနားပေးလိုက်၏။အရာအားလုံးကတော့ အမှောင်အတိ။

"ကြိုး "
"ကြိုးရေ ကြိုး"
ခေါ်သံတွေက နီးလာလိုက် ဝေးသွားလိုက်နှင့် ရှုပ်ထွေးလွန်းလှ၏။
ခရေပင်အောက်တွင် ခရေပွင့်တွေအား ကောက်နေသော သူမအား
"ကြိုး ငါမင်းကို ရှာနေတာ"
ကြိုး ခေါင်းလေးထောင်လာပြီး
"ဘာလုပ်ဖို့လဲဟယ် "
ကြိုး၏ အမေးကို မဟော် သဘောမကျ။ ကြိုးဟူသော ရွှေချည်ကြိုးနှင့် ဘုန်းမဟော်ဆိုသော မဟော်တို့သည် ဆယ်တန်းနှစ်မှစပြီး တစ်ဦးနှစ့်တစ်ဦးသိလာခြင်းဖြစ်သည်။ "ကြိုး နင့်ဟာကလည်း ငါ့ကို"
ဟုတ်ပါသည်။ မဟော်သည် တစ်ကျောင်းလုံး၏ king တယောက်သည် မိန်းကလေးများစွာ ဝိုင်းဝိုင်းလည်နေသည့်ကြားက ဒီကောင်မလေးအနားကမခွာ။ Friend Zoneကပင် မရုန်းထွက်နိုင်။
"ကြိုး ဟိုလေ "။ ပြောစရာစကားကို ထစ်နေသော မဟော်ကြောင့် ကြိုးစိတ်မရှည်စွာဖြင့်
"မဟော် ဘာပြောစရာရှိလို့လဲ ပြော "
"ငါ နင့်ကို အကူအညီတောင်းချင်လို့ "
မဟော် အရဲစွန့်ကာ ပြောလိုက်တော့ ကြိုး ခုံပြာတန်းလေးပေါ်တွင် ဝင်ထိုင်လိုက်ကာ
"ကဲပြော ဘာအကူအညီလဲ"
မဟော်က ကြိုးဘေးတွင် ဝင်ထိုင်လိုက်ပြီး
"ဒီည ငါတို့မိသားစုတွေ ပါတီ တစ်ခုသွားမှာ အဲ့ဒါ နင်က ငါ့ရဲ့ ပါတနာ တယောက်အနေနဲ့ လိုက်ပေးပါလား"
"ဘယ်လို ဘယ်လို ပြန်ပြောလိုက်စမ်း ဘုန်းမဟော်"
"ငါရဲ့ ပါတနာအနေနဲ့ ခဏလေးပါပဲဟာ နော် နင်ကြိုက်တာတွေ ငါအကုန် ငါလိုက်ဝယ် ကျွေးမယ်ဟာ နော် ကြိုး ဈေးမကိုင်ပါနဲ့"
အင်းပေါ့လေ ဘုန်းမဟော်ဆိုသည်ကား မိန်းမပွေသော်လည်း ပွဲတက်ရမည်ဆိုလျှင်တော့ ဘယ်ကောင်မလေးကိုမျှ ပွဲမထုတ်ချေ။ နီးနီးဝေးဝေး ကြိုးကိုသာ အပူတပြင်း ကပ်လေ့ရှိသည်။
☺️☺️☺️☺️
"သမီး ကျောင်းရောက်ရင် ကောင်းကောင်းနေရမယ်နော် ဆရာမတွေပြောတဲ့စကားလည်းနားထောင် ဟိုဟိုဒီဒီမထွက်နဲ့နော် ရီ သမီးလေးကို စိတ်ချမယ်နော် "
စိုးရိမ်းကြီးစွာ အနားမနေမှာကြားနေသော အမဖြစ်သူကြိုးအား ရီ ပြုံးစိစိဖြင့် ကြည့်ပြီး
"ဟုတ်ပါပြီ မမကြိုးရယ် ဒီနေ့မှလည်း မဟုတ် အမြဲတမ်း ရီနဲ့သွားနေတာကို ဘုံဘုံ သွားရအောင်"
ရီနှင့် သမီးလေး မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးကြည့်နေမိ၏။ ကြိုးကိုယ်တိုင်က ကျန်းမာရေး အတော်ကောင်းနေပြီဖြစ်သော်လည်း နေမကောင်းချိန်ထားခဲ့ရသည့် အလုပ်တွေကတန်းစီနေသည်။ ဒါကြောင့် ထုံးစံအတိုင်း ရီနှင့်သာ လွှတ်လိုက်ရသည်။ ရီဆိုသည်မှာ မာမီ့တူမ။ သမီးလေးအား ထိန်းသိမ်းဖို့ နယ်မှ ကြိုးကိုယ်တိုင် ခေါ်ထားခြင်းပင်ဖြစ်သည်။ အလုပ်သွားဖို့ ဆင်းလာတော့ ဧည့်ခန်းထဲမှ မာမီက
"ကြိုးရယ် နားပါအုံးလား တော်ကြာ ပြန်ပြီး နေမကောင်းဖြစ်လာပါလိမ့်မယ် "
"ရပါတယ် မာမီရယ် ကြိုး ကောင်းနေပါပြီ "
ကြိုး ရုံးခန်းသို့ရောက်သည်နှင့် လုပ်စရာအလုပ်တွေက တပုံတပင်ပင်။
" ညနေကို ATR Companyကလည်း Appointment ယူထားတယ် စီနီယာ မဝင့်တို့ဆီကနဲ့လည်း စာချုပ်အတွက်ရှိတယ် မမhလေး"
"အင်းရတယ် "
တကယ်တော့ ကြိုး ခေါင်းထဲက သိပ်မကြည်လှသေး။ သို့ပေမယ့် အလုပ်တွေက လုပ်ရပေအုံးမည်။ ကြိုးကို ကြည့်ပြီး ဝန်းထမ်းမလေးက
"မမလေး ခေါင်းကိုက်လို့လား ထားသံပုရာရည် ယူလာပေးမယ်နော်"
ကြိုး ခေါင်းလေးညိမ့်ပြလိုက်တော့ ထားခင်လေးက စာရွက်စာတမ်းတွေ ချပြီး သံပုရာရည် ဖျော်ဖို့ထွက်သွားလေရဲ့။ ထားခင်လေးသည် ကြိုးနှင့် သမီးလေး၏ အသက်သခင်ကျေးဇူးရှင်၏ သမီးတစ်ယောက်ပင်ဖြစ်သည်။ ကြိုး ဒီပုံစံအတိုင်းဆို ‌အိမ်အပြန်တွင် ဆေးခန်းသို့ ဝင်ရပေအုံးမည်။ ATR Companyနှင့် တွေ့ပြီး ပြန်တော့ မိုးပင် အတော်မှောင်စပြုနေလေပြီ။ အင်းလေ အလုပ်ဆိုတော့လည်း။
☺☺️☺️☺️☺️

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now