Part 20

961 32 0
                                    

ဆိုဖီယာ မင်းဟာလေ တော်တော်အရှက်မရှိတဲ့ မိန်းမ တော်တော် ကလိမ်ကကျစ်ကျတဲ့မိန်းမ မင်းဟာ အောက်တန်းစားမိန်းမပဲ”
“ပြောပါ မောင်ကြိုက်သလိုပြော ဆိုဖီလက်ခံတယ် အဓိက က ရွှေချည်ကြိုးနဲ့ ကွာရှင်းဖို့ပဲ”
“ဟ မင်းကို ငါလက်မထပ်နိုင်ဘူး ငါ ကြိုးကို ကွာရှင်းပေးမှာ မဟုတ်ဖူး”
“မောင် ကွာရှင်းရမှာပေါ့ မောင်ချစ်တာ ဆိုဖီ့ကိုလေ”
“ဆိုဖီယာ မင်းကို ငါမချစ်ဖူးလို့ ပြောပြီးပြီလေ”
“တော် ဘာပဲဖြစ်ဖြစ် မောင် ဆိုဖီယာကို လက်ထပ်ရမယ်”
ဆိုဖီယာ၏ ပုံစံက ရက်စက်ကြမ်းကြုတ်သည့် သူတယောက်တဖွယ် ပြောင်းလဲသွားသည်မှာ အသိအသာပင်။
“ဆိုဖီယာ ရှင်ဘယ်လို မိန်းမမျိုးလဲ ကိုယ့်ကို မချစ်ပါဘူးဆိုတဲ့ ယောကျာ်းကို ဘယ်လိုဖြစ်ပြီး ဒီလောက် တွယ်ကပ်နေရတာလဲ”
“မင်း တို့ကို ဝင်ပြောစရာမလိုဘူး ရွှေချည်ကြိုး ဒီလိုတွေဖြစ်လာတာ မင်းကြောင့် မင်းကြောင့်”
ပြောလဲပြော ငိုလဲငို ဖြစ်နေသော ဆိုဖီယာက တနည်းအားဖြင့် ကြည့်လျှင်တော့ သနားစရာပင်။
“ရွှေချည်ကြိုး မင်း ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုး
လိုက်စမ်းပါ”
“မထိုးဘူး”
“ထိုးစရာ မလိုဘူး ကြိုး”
“ပြီးတော့   ဘုံဘုံလေး သမီးကို တို့ စာချုပ်စာတမ်းနဲ့မွေးစားချင်တယ်”
“ဘာ  ဒီမှာ ဆိုဖီယာ ကျွန်မရဲ့ သမီးလေးကို မွေးစားခွင့်လုံးဝပြုမှာမ ဟုတ်ဘူး။           ကျွန်မ မဖြစ်မနေ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရမယ်ဆိုရင်တောင် ဒီစာချုပ်မှာ ကိုဘုန်းမဟော်လက်မှတ်ထိုးပြီးထားပြီ ဆိုတဲ့ အချိန်ရောက်မှ ကျွန်မဆီ ဆက်သွယ်ခဲ့ပါ အဲ့ခါကျရင်တော့ ကျွန်မအချိန်တမိနစ်တောင် မဆိုင်းပဲ ချက်ချင်း ထိုးပေးလိုက်ပါ့မယ်”
“ကြိုး သွားစရာမလိုဘူး”
“ကိုဘုန်းမဟော် ရှင် ဒီစာချုပ်မှာ လက်မှတ်ထိုးတာနဲ့ ကျွန်မ ချက်ချင်းလာထိုးပေးပါ့မယ် ဆိုဖီယာ ကျွန်မ မထွက်သွားခင်ရှင်သိအောင်ပြောသွားချင်တယ်   ဒီစာချုပ်မှာ သူလက်မှတ်မထိုးမချင်း ကျွန်မကလဲ လက်မှတ်ထိုးမှာ မဟုတ်ဖူး”
ရွှေချည်ကြိုး လှည့်ထွက်လိုက်တော့ ဘုန်းမဟော်က ချက်ချင်းပင် တားရှာသည်။ သို့ပေမယ့် ကြိုးသည် အဝတ်အစားပင်မယူ သမီးလေးအားခေါ်ကာ ထွက်လာခဲ့သည်။ ထိုနေ့ကစပြီး ကြိုးနှင့်သမီးလေး ဒီအိမ်ကထွက်သွားခဲ့သည် သူလိုက်တားသော်လည်း အရာမဝင်ချေ။ ကြိုးတင်သာမက၊ကြိုး၏မာမီ၊ဒယ်ဒီနှင့်မာမီတို့ပါ ဝိုင်း၍ ကျဉ်ဖယ်လာကြသည်။ ဆိုဖီယာကတော့ သူ၏ အိမ်ပေါ်တွင် အခုထိ ‌ဆက်၍နေဆဲပင်။၊သူပိုင်ဆိုင်သမျှ အရာရာကို သမီးလေးနာမည်နှင့် အကုန်လွှဲပြောင်းထားပြီး ဖြစ်သည်။
“မောင်”
“မင်း ဒီမှာ ဘာလုပ်နေတာလဲ”
“မောင်ရယ် ဒီအိမ်ကြီးမှာ မောင့်တယောက်ထဲနေလို့ ပျင်းနေမှာပေါ့”
“မင်းရှိနေလို့ကို ငါက မနေချင်တာ တောက့်စ်”
တောက်ခေါက်ပြီး အကျီအရှည်ကို ဆွဲယူကာ ထွက်လာခဲ့သည်။  ကြိုးနှင့် သမီးလေးကို ရှာသောလည်း အရိပ်အယောင်ပင်မရ။ ဆိုဖီယာကလည်း သူ့အိမ်မှာ တဖဝါးမှ မခွာ။ မနက်မိုးလင်းသည်နှင့် ထွက်လာခဲ့ပြီး မိုးချုပ်မှ ပြန်သွားတတ်သည်။
“မောင် အပြန်နောက်ကျလှချည်လား”
“…..”
“ဆိုဖီ မောင့်ကို စောင့်နေတာလေ”
“မင်း ဒီအိမ်က ဆင်းဖို့ စိတ်မကူးထားဘူးလား”
“လုံးဝပဲ ဒါနဲ့ မောင်ရယ် စာချုပ်မှာ လက်မှတ်
လေးထိုးလိုက်ပါတော့လား”
“မင်းကို လက်မထပ်ဖူးလို့ ငါပြောပြီးသားလေ ငါစိတ်ညစ်နေတယ် ဇယားလာမရှုပ်နဲ့-“
မျက်‌နှာပြောင်တိုက်သည်ထက်ပိုသော မိန်းမ။ သူမည်မျှပင် မောင်းထုတ်သော်လည်း အရာမထင်။ သူ ရေချိုးနေစဉ် ဧည့်ခန်းတွင် မည်နေသော ဖုန်းအသံ။
“ဟယ်လို”
“………”
“ဘယ်လို”
“………………”
သူ အပြင်သွားရန် ဆင်းလာတော့ ဧည့်ခန်းထဲတွင် ငူငူကြီးထိုင်နေသော ဆိုဖီယာ။ သူ့အားမြင်တော့ ပြေးလာကာ ငိုဟန်ချီနေသော မျက်နှာထားဖြင့်
“မောင် ဒီအိမ်တွေ ပိုင်ဆိုင်မှုတွေက ရွှေကြိုးဘုံရဲ့ နာမည်နဲ့ လွှဲထား ပြီဆို ဒါဖြင့် ဆိုဖီ့ အတွက်က ဘာလဲ “
“ဟုတိတယ်လေ ငါ့သမီးကို ငါ့ပိုင်ဆိုင်မှုတွေ လွှဲပေးထားတာ ဘာဖြစ်လဲ”
“မောင့်”
“မင်းမက်တာ ငွေတွေမဟုတ်လား ငါက အခု HKLရဲ့ MDလဲ မဟုတ်တော့ဘူး ငါ့မိဘတွေကလဲ အမွေဖြတ်စွန့်လွတ်ထားပြီ ငါ့ဘဝက ကုန်းကောက်စရာမရှိအောင် မွဲသွားပြီ”
“ဟမ် ရှင်”
“ကဲ ဘယ်လိုလဲ လက်ထပ်ကြတော့မလား”
သူက လက်ထပ်ဖို့‌အကြောင်းစပြောလိုက်လျင်ပင် ဆိုဖီယာ မျက်နှာတွေ အပျက်ပျက်အယွင်းယွင်း ဖြစ်သွားရပေသည်။ သူချစ်တာ ဂုဏ်တွေ ရွှေတွေ ငွေတွေ မဟုတ်လား။ အခုလို မွဲသွားသည်ဆိုမှတော့ သူ့အား။  လက်ထပ်ပါမည်သတဲ့လား။
“ဟို ဆိုဖီတို့ အိမ်က ရေပိုက် ပြန်ရပြီဆိုတော့ ဆိုဖီ ပြန်…ပြန်တော့မယ်နော်”
သူ၏ နှုတ်ဆက်စကားတောင့် မစောင့်နိုင်ပဲ ခပ်မြန်မြန်ထွက်သွားးလေ၏။
“အတော်ရယ်ချင်စရာကောက်းတဲ့ မိန်းမတွေဟေ့”
သူ ဟက်ဟက်ပက်ပက်ရယ်မိလိုက်၏။  သူ့ကို ကပ်သွယ်ကြသူတိုင်းက သူ၏ ဂုဏ်တွေ ရွှေတွေငွေတွေ ကြောင့်သာပင်။ ကြိုး…….ရွှေချည်ကြိုး။

အရက်သောက်လျှင် အရာရာကိုမေ့နိုင်သည်ဟု လူတွေ ဆိုစမှတ်ပြုကြသော်လည်း သူ၏ အတွက်တော့ မဟုတ်ပေ။ မူးလာလျှင် ဇနီးနှင့် သမီးကို ပို၍ သတိရလာသည်။   သူသေချာမသိလိုက်သည့် အချိန်မှာပင် အရက်သမားလုံး
လုံးဖြစ်ခဲ့ရသည်။ အိမ်ကိုလည်း သမီး၏ နာမနှင့် လွှဲထားသဖြင့် ဆိုဖီယာကတော့ အော်ကြီးဟစ်ကျယ် ဆင်းသွားလေသည်။ မာမီနှင့် ဒယ်ဒီတို့ကလည်း အိမ်ပြန်လာဖို့ လက်မခံချေ

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now