Part 19

869 25 0
                                    

“ဟို ကြိုးလဲ ခဏနေမှ သမီးနဲ့ စားလိုက်တော့မယ်”
“ကြိုး”
အိမ်ရှေ့ဒန်းတွင် စူပုတ်စွာ ထိုင်နေလေသည်။ သမီးလေး၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ခေါင်းလေးအား ပွတ်ပေးလိုက်၏။
“သမီး ဘာဖြစ်နေတာလဲ”
“မေမေ ကြည့်ပါလား ဟိုအန်တီက ဖေဖေအနား အရမ်းကပ်နေတာကို”
“ဘုံဘုံလေးကလဲလေ”
လျှောက်လာသော ခြေသံကြောင့် ကြိုးကော သမီးပါ လှည့်ကြည့်လိုက်တော့ ဘုန်းမဟော်။
“သမီး ဖေဖေတို့ အပြင်မှာ သွားစားရအောင်”
“ယေး”
“ကို ဆိုဖီယာကို အားနာစရာကြီး”
“ကြိုးသာ အဲ့လို အားနာနေရင် သူက ကိုယ့်ကိုပါ သိမ်းသွားလိမ့်မယ်”
ဟုတ်ပါသည်။ ကြိုးက လူတဖက်သားကို စာနာတာတွေ သနားတာတွေ အားနာတာတွေနှင့်ပင် ပြည့်နေသောသူ။ ဒါကြောင့်လည်း ကြိုးပဲ အမြဲခံစားနေရတာပေါ့။ ညကြီးသန်းခေါင် တံခါးလာခေါက်နေသည်ကြောင့် ကြိုး တံခါးထဖွင့်
လိုက်၏။ တံခါးလာခေါက်သူက ဆိုဖီယာ။
“ဟင် မဆိုဖီယာ”
“ဒါ ဒါ မောင့်အခန်း မဟုတ်လား”
“ဟုတ်တယ်လေ ကြိုးတို့က ဒီမှာ အိပ်တာ ဘာကိစ္စရှိလို့လဲ”
“ဟို ဘာမဟုတ်တော့ပါဘူး ဆောရီးနော် အနှောက့်အယက်ဖြစ်
သွားရင် တောင်းပန်ပါတယ်နော်”
)မဟုတ်တာ ရပါတယ်”
ဆိုဖီယာ လှည့်ထွက်သွားမှ ကြိုးပါ တံခါးပိတ်ပြီး ဝင်လာလိုက်သည်။ သူကမထပါပဲ အိပ်နေရာမှ
“ကြိုး ဘာတဲ့လဲ”
“ဘာမပြောဘူး ဒါမောင့်အခန်းလားတဲ့”
“ဟာကွာ ဆိုးလိုက်တာ တော်ပြီ နောက်ဆို ကြိုးတို့အခန်းမှာပဲ လာအိပ်တော့မယ်”
“အမယ်လေး ကိုလေ ဉာဏ်များနေတာ”
ဟုတ်ပါသည်။ သူ၏ တပတ်လောက်ဆိုသည်မှာ အခုဆို ဆယ်ရက် ခန့်ပင် ရှိချေပြီ။ တရက်တခြား မဟော်အား ပရော်ပရီလုပ်နေသည် မှာ ကြိုးကော သူပါအသိ။ 
“ကြိုး ဆိုဖီယာကို မောင်းထုတ်လိုက်တော့မယ်ကွာ အရမ်းရှုပ်ရှုပ်ရှပ်ရှပ်လုပ်တယ်”
“ကိုရယ် စိတ်ရှိတိုင်းသားဆို အဲ့ဒီလို လုပ်လိုက်ချင်ပေမယ့် မိန်းကလေးတယောက်က တယောက်ထဲနေရတယ်အချိန် ဘယ်လောက်အားငယ်ရလဲဆိုတာ ကြိုးတို့ မိန်းမသားချင်းက ပိုနားလည်တယ် ကို သူလဲ သူ့အိမ်အဆင်ပြေရင် ပြောင်းသွားမယ်ထင်တာပဲ”
“ကြိုး ထင်သလို ဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်”
ကံကြမ္မာက ကြိုးထင်သလို ဖြစ်မလာခဲ့ပါ။ သူ၏ စေလိုရာကိုသာ ကြိုးတိုးအား ကစေခဲ့သည်။ မာမီ နေမကောင်း၍ ကြိုးအိမ်သို့မပြန်နိုင်။ မာမီထံသို့ တန်း၍ သွားရပေမည်။
“ဟယ်လို”
“အင်း ကို မာမီနေမကောင်းလို့ ကြိုးအဲ့ကို သွားတယ် ကို လိုက်မယ်ဆို သမီးကို ကျောင်းက ကြိုပြီးမှ လိုက်ခဲ့တော့နော်”
“အော် ဟုတ်ပြီ ကြိုး ကိုယ်ခပ်စောစော လာခဲ့မယ်”
“အင်း အင်း”
သမီးလေးကို ကျောင်းကြိုစရာရှိသည့်အတွက် သူရုံးစောစော ဆင်းလာလိုက်သည်။ သမီးလေးကို ကြိုပြီး အိမ်ပြန် ရေမိုးချိုးကာ သွားရပေအုံးမည်။ သူတို့ သားအဖဆင်းလာတော့ ဆိုဖီယာက မီးဖိုခန်းထဲမှနေ၍ ပြေးထွက်လာ၏။
“ဟို မဟော် ဘယ်ကိုလဲ ဒီမှာ ဆိုဖီ ညစာ ချက်ထားတယ်လေ အတူစားရအောင်”
“ငါ့မှာ မင်းနဲ့အတူ ထိုင်စားရလောက်အထိ အချိန်တွေ ပေါမနေဘူး နားလည်လား”
ဘုံဘုံလေးဘက် လှည့်ကာ
“ဘုံဘုံ အန်တီနဲ့ ထမင်းစားရအောင်လေ”
“ဟင့်အင်း ဖေဖေ သွားစို့လေ”
“ဪ အေး သမီး”
သူမအား ဂရုမစိုက်ပဲ ထွက်သွားသော ဘုန်းမဟော်တို့အား ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။
“ရွှေချည်ကြိုး ရွှေချည်ကြိုး မင်းက တို့ပိုင်ဆိုင်တာတွေကို အားလုံး လှယူချင်တဲ့ပုံပဲ တွေ့ကြတာပေါ့ကွာ”
မာမီ ကျန်းမာရေး အတော်ပြန်ကောင်းလာသည်အထိ ကြိုးကော သမီးကော သူပါ မာမီ့ အိမ်တွင်သာ နေဖြစ်ခဲ့ကြသည်။ ဆိုဖီယာကိုတော့ ကြိုးကော သူပါ
သတိမရမိခဲ့ပေ။
“မာမီ မာမီလဲ သက်သာလာပြီဆိုတော့ ကြိုးတို့လဲ ပြန်တော့မယ်နော်”
“အေးကွယ် သမီးတို့ သားတို့လဲ မာမီ့ကြောင့် အလုပ်တွေ ပိုနေကြရောပေါ့”
“အဲ့လိုလဲ မဟုတ်ပါဘူး မာမီ တခုခုအကြောင်းရှိရင် ကျွန်တော့် ကို ဖုန်းဆက်ခဲ့နော် ကျွန်တော် လာခဲ့လိုက်မယ်”
“အေးပါ”
ခွဲခွာကြရမည်ကို မသိသော လူသုံးဦးသည် ပျော်ရွှင်မှုတွေ ပြည့်နှက်နေလေရက်။ အိမ်ထဲဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသော ဆိုဖီယာ။ သမီးလေးကတော့ ဆိုဖီယာနှင့် မည်သည့်အခါမျှ မျက်နှာချင်းမဆိုင်သဖြင့် တန်း ၍ အပေါ်သို့ တက်သွားလေ၏။ စကားပွဲပေါ်တွင် တင်ထားသော စာချုပ်သုံးခုက အသက်မဲ့စွာ။
“မောင် ပြန်လာကြပြီလား”
“မင်း အဲ့စာချုပ်တွေက ဘာလုပ်တာလဲ”
“မောင်နဲ့ လက်ထပ်ဖို့လေ ဒီမှာ ဒါက မောင်တို့ ကွာရှင်းဖို့ စာချုပ်”
“ဘာ”
“ကွာရှင်းတယ်ဟုတ်လား”
ကြိုးပင် အံ့အားသင့်မိသည်။
“အဟက် သိပ်ဟုတ်တာပေါ့ ရွှေချည်ကကိုး မင်းက သိပ်သနားစရာကောင်းတာပဲ မင်းကို တို့ပြောခဲ့သားပဲ မောင့်ကို တချိန်ချိန်တို့ ပြန်လာခေါ်လာမှာပါလို့”
“ရှင်ကလေ မာယာများတဲ့ မိန်းမပဲ မြွေမ”
ကိုယ်မွေးသည့် ခွေးက ကိုယ့်ကို ပြန်ကိုက်သည်ဆိုသည်မှာ ဤမျိုး‌ကို ခေါ်သည် ထင်သည်။ကြိုးကတော့ မိန်းမချင်း ကိုယ်ချင်းစာ၍ အိမ်ပေါ်ခေါ်တင်ထားကာမှ သူ၏ယောက်ျားနှင့် ကွာရှင်းခိုင်းသတဲ့လား။
ဪ လောက လောက မယားငုတ်တုတ်ရှိနေသည်ကိုတောင်
မကြောက်မလန့်နှင့်ပါလား။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now