"သားနဲ့ သမီး ဧည့်သည်တွေစုံနေပြီလေ"


စကားတပြောပြောနှင့် ဝင်လာသော ‌မဟော်၏မိခင်သည် သားဖြစ်သူနှင့်‌ ချွေးမဖြစ်သူ၏ မြင်ကွင်းကို မြင်ပြီး အံ့အားသင်ကာ


"သမီးကြိုး"


"ဟယ် အန်တီ"


မဟော်က ဒူးထောက်ရာမှ ထထိုင်ကာ


"မာမီ "


ဒေါ်မာမြိုင်က ကြိုး၏ရှေ့သို့ တိုးသွားပြီး


"သမီး အန်တီ‌နဲနဲပြောချင်ပါတယ်ကွာ"


ဒီကိစ္စတွေ အကုန်လုံး မဟော့်မိဘ‌တွေပါသိနေတာလား။


"ကြိုး လွန်ခဲ့တဲ့ ခြောက်နှစ်က သမီး ပျောက်သွားတဲ့ အချိန်ကစပြီး သား မင်းကိုပဲ တမ်းတနေတာ မင်းကို ရှာချင်တဲ့ စိတ်အတွေးနဲ့ HKL စံအိမ်ကနေထွက်ပြီး သူတယောက်ထဲ သီးသန့်နေပြီး သမီးကိုပဲ ရှာနေခဲ့တာ ဒါပေမယ့် ပုန်းနေတဲ့သူကို ရှာဖို့ဆိုတာက မလွယ်တာကို သားလုံးဝလက်မခံခဲ့ဘူး လွန်ခဲ့တဲ့လက သမီးလေးကို သူတွေ့တဲ့အချိန်ကစပြီး အန်တီတို့ကို ပြောပြပါတယ် ဒါတွေအားလုံးဟာ သမီးလေးနဲ့ မြေးလေးကို ချစ်တဲ့စိတ်ကြောင့် လုပ်ခဲ့တဲ့ သားရဲ့ အကြီးမှားဆုံးအမှားပါကွယ် အန်တီတောင်းပန်ပါတယ် တကယ်လို့ သမီးဘက်က ငြင်းဆန်ချင်တယ်ဆိုရင် အန်တီတို့ အခု ဖျက်သိမ်းပေးပါ့မယ်"


ဒေါ်မာမြိုင် ပါးတစ်ဖက်စီသို့ စီးကျလာသော မျက်ရည်စတွေအား သုတ်ပစ်လိုက်၏။ အခန်းထဲသို့ ပြေးဝင်လာသော ဘုံဘုံ။ အဖြူရောင် ဂါဝန်အရှည်လေးကို ဝတ်ထားသော သမီးငယ်လေးက


"မေမေနဲ့ ဖေဖေ ဖွားဖွားက ဆင်းခဲ့တော့တဲ့"


ဒေါ်မာမြိုင်က မြေးဖြစ်သူ၏ ပုခုံးလေးအား ဆုပ်ကိုင်ကာ


"မြေးလေး ပျော်ရဲ့လား"


"ဟီး ပျော်တာပေါ့ ဘွားဘွား အခုဆို သမီးမှာ ဖေဖေကော မေမေကောရှိပြီလေ ကျောင်းကို ဖေဖေတို့နဲ့ တူတူသွားမယ် အရင်ကဆို သူများဖေဖေတွေလာရင် အရမ်းအားကျတာ"


‌ဪ ငါးနှစ်အရွယ်သမီးလေးက သူခံစားရတာတွေ ဘာမှမပြောပဲ ဖုံးကွယ်ခဲ့ပါလား။ သမီးလေးက ရုတ်တရက်ဆိုသလိုပင်လက်တဖက်က ဘုန်းမဟော်၏ လက်ကိုဆွဲ၊ အခြားတဖက်က ကြိုး၏ လက်ကို ဆွဲကာ


"မေမေတို့ သွားစို့နော်"


ကြိုး ငြင်းဆန်လို့ရသည့်တိုင် ပျော်ရွှင် မြူးထူးနေသော သမီးဖြစ်သူအား ကြည့်ပြီး မငြင်းဆန်မိခဲ့။ နှစ်ဖက်အသိုင်းအဝိုင်းကြောင့် လာရောက်သည့် ဧည့်ပရိတ်သတ်မှာ များလွန်းလှသည်။ သမီးငယ်ကတော့ ဟိုဘက်ပြေး ဒီဘက်ပြေးနှင့် ပျော်ရွှင်စွာ ဆော့ကစားနေလေ၏။ မင်္ဂလာခန်းမထက်တွင် ထိုင်ပြီး မပျော်ရွှင်နေသူသည်ကား ကြိုးပင်ဖြစ်ပေလိမ့်မည်။ ပြုံးရွှင်ခြင်းမရှိ တည်ငြိမ်နေသော သူမ၏ မျက်နှာကြောင့်


"ကြိုး"


"...."


"ကိုယ်တောင်းပန်ပါတယ်ကွာ"


"ရှင်တိတ်တိတ်နေစမ်းပါ ကျွန်မဒေါသမထွက်ချင်ဘူး"


သူမ ဒေါသထွက်ပြီး ပွဲကြမ်းလိုက်လျှင် အကုန်ပြဿနာ တက်သွားမည်ကို စိုးရိမ်၍ မဟော် ဆိတ်ဆိတ်သာနေလိုက်တော့သည်။ အခမ်းအနားတခုလုံး မဲ့တပေါက်မျှ မရှိပဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ချေပြီ။ ဒီပွဲအတွင်း တပည့်ရင်းဖြစ်သူ မန်နေဂျာသည် သူ၏အရှေ့တွင် တခါမျှပင်ပေါ်မလာ။ ဧည့်ခန်းထဲတွင် ထိုင်နေသော ဘော့စ်ထံသို့


"ဘော့စ် အိမ်အသင့်ဖြစ်ပါပြီ"


"အေးအေး ငါအားတဲ့နေ့ မင်းကို လစာတိုးပေးမယ်"


"လခွမ်း"


ဒီ plan တခုလုံးစသည်နှင့် အပင်ပန်းဆုံးလူသားက မိုးမင်းပင်ဖြစ်ပေလိမ့်မည်။ တလထဲနှင့် အိမ်တလုံးအား အပြီးစီစဉ်ခိုင်းသည်။ ကြိုကြိုကြားထဲ ဟိုဟို ဒီဒီခိုင်းနေသည်တွေက ရှိသေးသည်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now