"........"

"အာ Hyung ဝယ်စရာ မလိုဘူး...
ကျွန်တော် ဝယ်လာပြီ..."
လက်ထဲမှာ ပါဆယ်ထုပ်‌တွေနဲ့အတူ အသံကျယ်ကျယ် ပြုကာ ဝင်လာတဲ့ Chanhwa....

"ပြန်လာပြီလား...."

"အင်း Hyung...ကျွန်တော် တစ်ခါတည်း မုန့်တွေပါ ဝယ်လာတယ်...ခဏနော် ကျွန်တော် သွားပြင်လိုက်အုံးမယ်...."

ထို့နောက် မီးခိုချောင် ထဲ chanhwa ဝင်သွားလိုက်သည်....

'ဒီလိုကျတော့လဲ သူ Chanhwaကိုပါ ခေါ်လာတာ မှန်သွားပြန်ပြီ...ဒီကောင်လေးက ပြောလို့ ပြောတာ မဟုတ် တကယ်လဲ အားကိုးရသည်...ခုနတုန်းကလဲ သူပဲ ဆရာဝန် သွားခေါ်ပေးခဲ့သည် မဟုတ်လား...'

Taehyung တွေးနေရင်းက ‌ရှေ့က အကောင်ငယ်လေးဆီ အကြည့်ပို့မိပြန်သည်.... ကုတင်လေးပေါ် မှီလှဲနေတဲ့ ကလေးလေးက အငိုတိ်တ်သွား‌ေပမဲ့ မျက်ရည်စလေးတွေက‌တော့ မခြောက်သေးပေ၊ Taehyungနဲ့ ဆန့်ကျင်ဘက်ကို မျက်နှာပြုထားတဲ့ ခေါင်းလုံးလုံးက Taehyungသိခဲ့တဲ့ တကယ် အ ေကြာတင်း‌ေလးပင် ဖြစ်သည်။
" ဒီည Christmas နေ့ဆိုတော့ ကိုယ်တို့ ညနေကျ အပြင်ခဏ ထွက်မလား....အော်...ပြီးတော့ မနက်ဖြန်ညကျ ကိုယ်တို့တွေ ကိုရီးယား ပြန်မယ်နော် မင်းလဲ ကျောင်းဆက်တက်စရာ မလိုတော့ဘူး.... ဘွဲ့လွန်အတန်း ဆိုတော့ အရေးလဲ သိပ်မကြီးဘူးလေ ဟိုရောက်မှ ဆက်တက်ချင် တက်ပေါ့...."

"ကျွန်တော်က ခင်ဗျား လက်ခုပ်ထဲက ရေပဲ ....ကြိုက်သလို လုပ်ပါ...."

"ကိုယ်ပြောချင်တာက..."

"ကျွန်တော် ဗိုက်ဆာနေပြီ..."

ကလေးက စကားလမ‌်းကြောင်း လွှဲလိုက်မှန်း Taehyungသိလိုက်သည်....ဒီတစ်နှစ်အတွင်း အတော် အေးစက်သွားတဲ့ ကောင်ငယ်လေးကို သူ ဘယ်လို လုပ်မှ နဂိုအတိုင်း ပြန်ဖြစ်နိုင်မလဲ....နီးနီးလေးနဲ့ ဝေးနေတဲ့ ကြိုးတွေက ထိစပ်နိုင်ဖို့ ပိုခက်သည်ဆိုတာ သူနားလည်ခဲ့ပြီ....ဒါပေမဲ့ သူ ဇွဲ မ‌ေလျှာ့နိုင်ပါ...သူ့ ကလေးလေးကို အရင်အတိုင်း ပြန်နွေး ‌ေထွးအောင်လုပ်ပြီး အများကြီး ချစ်ပေးရအုံးမည်....

Chanhwa မီးဖိုချောင်မှာ အစားအစာ ပြင်နေရင်း ဝင်လာတဲ့ ဖုန်းcall‌ကြောင့်....
သူ ဖုန်းသံ အမြန်တိုးကာ ကိုင်လိုက်ပြီး....

Only Then 💔(Edited Version)Where stories live. Discover now