"ကိုယ် မင်းကို သိပ်ချစ်ပါတယ် ကလေးငယ်ရယ်...အတိတ်က ဖြစ်ရပ်တွေ အတွက် ကိုယ်တကယ် တောင်းပန်ပါတယ်ကွာ ...ကိုယ်တို့ အသစ်ကနေစပြီး ပျော်ပျော်ရွှင်ရွှင် လေး နေသွားကြရအောင်ေလနော်...."
"....."
.
.
.
.
.
.
.
.
.
.
Tbc......
(တိုသွားတယ်နော် ညကျ ထပ်Upပေးပါ့မယ်ရှင့်😚)
#Zawgyi
Chanhwa ခေါ်လာတဲ့ ဒေါက်တာက ကလေးငယ်ကို စစ်ဆေးကာ ဆေးပါ တစ်ခါတည်း သွင်းပေးလိုက်ပြီးနောက်....
"လူနာရှင်က ခင်ဗျားလား..."
Taehyungဘက်ကိုလှည့်ပြီး မေးလာတာကြောင့်....
"ဟုတ်ပါတယ် ကျွန်တော်ပါ..."
"လူနာက နှလုံးခွဲစိတ်ထားတာ ထင်တယ်၊ လူနာနဲ့ ပတ်သတ်တဲ့ ဆေးမှတ်တမ်းတွေရော ခင်ဗျားဆီမှာရှိလား..."
"သူ ခွဲစိတ်တုန်းကဆေးမှတ်တမ်းတွေကတော့ ကျွန်တော့်ဆီမှာ မရှိဘူး...ဒါနဲ့ အခုက သူ အခု ဘာဖြစ်တာလဲ...အရမ်း စိုးရိမ်ရလား"
"ဖျားတာရော လန့်တာရောပေါင်းပြီး သွေးလန့်သလို ဖြစ်သွားတာပါ...ပြီးတော့ သွေးလန့်ပြီး သတိမေ့တာ ကြာသွားတာကြောင့် နှလုံးရဲ့စွမ်းဆောင်ရည် ကျဆင်းပြီး ကလဲ ခန္ဓာကိုယ်က အလွန်အမင်း အေးစက်လာတာ...ဒီထက် ပိုကြာသွားရင်တော့ စိုးရိမ်ရတဲ့ အခြေအနေပဲ....
ပြီးတော့ သူ့ကို ဆေးရုံမှာ ဆေးသေချာသွားစစ်စေချင်တယ်...ခွဲစိတ်ထားတဲ့နှလုံးကနေ သိပ်မူမမှန်တဲ့ အနေအထားတွေ တွေ့နေရတယ်...."
"အဲ့ဒါက စိုး..စိုးရိမ်ရလား ဒေါက်တာ..."
"အင်း.....အဲ့ဒါတော့ ကျွန်တော် မပြောတတ်သေးဘူး သေချာ သွားစစ်ဆေးကြည့်လိုက်ပါ....."
"ဟုတ်ကဲ့ပါ....ဒေါက်တာ...."
"လူနာ မကြာခင် သတိရပါလိမ့်မယ်...အဖျားလဲရှိသေးတော့ သေချာလေးတော့ ဂရုစိုက်လိုက်ပေးပါ..."
Taehyung ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဒေါက်တာလည်း ပြန်သွားလေတော့သည်...
Chanhwaပါ ဒေါက်တာကို ပြန်လိုက်ပို့ဖို့ထွက်သွားပြီးတဲ့နောက်တွင်တော့
Taehyung လဲ ကုတင်ပေါ်က အခုထိ နိုးမလာသေးတဲ့ ကလေးငယ်နားလေး သွားလိုက်ကာ အေးစက်စက် လက်ဖဝါးလေးကို ဖွဖွလေး ဆုတ်ကိုင်လိုက်သည်....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT(16)
Start from the beginning
