"jungkook...ကလေးလေး နှိုးလာပြီလား...."
သတိရလို့ မျက်လုံးဖွင့်တာနဲ့ Jungkook သူ့ဘေးက လူကြောင့် မျက်ဝန်းအစုံကျယ်သွားပြီးနောက် တစ်ခဏမှာပင် ဒေါသရိပ်သမ်းတဲ့ မျက်ဝန်းတွေ အဖြစ် ပြောင်းလဲသွားသည်....
"ခင်ဗျား....ထွက်သွား...."
"...."
"သွား....ခင်ဗျား မျက်နှာ မမြင်ချင်ဘူး....အခု ထွက်သွားလို့...."
Taehyung ပုခုံးကို တွန်းကာ သူနှင်ထုတ်နေမိသည်...'ဒီလောက် ချစ်ပေးခဲ့တာတောင် အနိုင်ကျင့်ဖို့ပဲ ခင်ဗျားသိတယ် ကျွန်တော်က ခင်ဗျားအတွက် ဘာလဲ! စိတ်ရှိတိုင်း ထင်သလိုလုပ်ရမယ့် ရုပ်သေးရုပ်လား ဟမ်....'
Taehyung,သူ့ကို အတင်းတွန်းထုတ်နေတဲ့ ကလေးကြောင့် ကလေးရဲ့လက်တစ်စုံကို အမိ ဖမ်းဆုပ်ကိုင်လိုက်ပြီး ကိုယ်လုံးလေးကိုပါ နစ်မြုပ်အောင် ဖက်ထားပစ်လိုက်သည်...
"မဆိုးပါနဲ့ ကလေးငယ်ရာ....ကိုယ် လိမ်မာပါတော့မယ်နော်"
မထိတွေ့ရတဲ့ ကြာပြီ ဖြစ်တဲ့ ခန္ဓာကိုယ်ငယ် လေး....
ကိုယ် မင်းကို သိပ်လွမ်းနေခဲ့ရတာပါ ........
မြန်ဆန်လွန်းနေတဲ့ ရင်ခုန်သံတွေကို လျစ်လျူရှုရင်း Jungkookရုန်းထွက် မရတဲ့အဆုံး ကျောက်ရုပ် တစ်ရုပ်အနှယ် သူငြိမ်သက်ပစ်လိုက်သည်....
"အဟက်!! မေးပါရစေဦး၊ ကျွန်တော်က ခင်ဗျားအတွက် အရုပ်သာသာပဲ မလား Taehyung...."
ဝမ်းနည်းစိတ်တွေကြောင့် Jungkookထိန်းမရနိုင်တော့ဘဲ မျက်ဝန်းအစုံဟာလဲ ပြောနေရင်းကနေ မျက်ရည်တွေ လျှံလာတော့သည်.....
"မ...မဟုတ်ပါဘူး ကိုယ် ပြောပြ..."
"ခင်ဗျား ဂရုစိုက်ချင်တဲ့ အချိန်မှာ ဂရုစိုက်ေပးပြီး....
လွှင့်ပစ်ချင်တဲ့ အချိန် အဝေးကို လွှင့်ပစ်ခံရတဲ့ အရုပ်သာသာလေ ....."
"....."
"ကျွန်တော့်ဘဝမှာလေ ခင်ဗျားကိုသာ မတွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ....အနည်းဆုံးတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးမခံရတာပေါ့...."
"ချစ်တယ်......"
".....ဟင်...."
မျက်ရည်တွေကြားထဲက ထွက်မိတဲ့ အာမေဋိတ် တစ်ခု....ချစ်တယ်..Taehyung! ခင်ဗျားကလား....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT(16)
Start from the beginning
