အပိုင်း (၃၀) ဇာတ်သိမ်း zawgyi

277 14 3
                                    

ရှောင်ကျန့် ဖုန်း Alarm မြည်သံကြောင့် လန့်နိုးသွား၏။ သူမနေ့က ဆေးရုံအုပ်ကြီး၏အမှာစကားကို သတိရ သွားမိသည်။ ရှောင်ကျန့်ကို ဆေးရုံမှာပြန်လုပ်ဖို့ခေါ်နေခြင်းဖြစ်သည်။ လတ်တလော အနားယူချင်သေး သည်ဆိုလျှင်တောင် မနက်ဖြန်ခွဲမည့် VIP လူနာတစ်ယောက်ကို လက်ခံပေးရန်တောင်းဆိုထားခြင်းပင်။

ထိုလူနာသည် မိမိနှင့်တစ်ခါခွဲစိတ်ဖူးသူဖြစ်သလို အပမ်းမကြီးသောကြောင့်ရှောင်ကျန့် လက်ခံခဲ့ခြင်းဖြစ်သည်။ သူလည်း လက်ရည်မသွေးရသည်မှာကြာပြီဖြစ်၏။ တစ်ကိုယ်လုံး အ၀တ်ဖွတ်သလိုအဖွတ်ခံထားရသကဲ့သိုနာကျင်နေသည်။ ဘေး၍ ၀မ်ရိပေါ်၏နေရာသည် လစ်လပ်နေသောကြောင့် ရှောင်ကျန့် နာကျင်နေသည့်ကြားမှ မျက်မှောင်ကျုံကာ တွေး လိုက်သည်။ သည်ကောင်လေး လူကိုလုပ်ချင်တိုင်းလုပ်ပြီး ဘယ်ထသွားပါလိမ့်ဟု..။

အိပ်ယာနှင့် ခန္ဓာကိုယ်ကို ရှောင်ကျန့်မနည်းဆွဲခွာကာ အိပ်ယာပေါ်မှဆင်းလိုက်သည်။ ခြေထောက်များ အားအင်ကုန် ခမ်းထားသကဲ့သို့ တုန်ချီနေ၏။ ရေချိုးခန်းထဲသို့ ရောက်အောင် မနည်းပင်အားယူလျှောက်ရသည်။ ဆရာဝန်တစ်ယောက်မို့ သိထားသင့်သည်များကို လေ့လာထားသောကြောင့် ရှောင်ကျန့် ရေနွေးနွေးဖြင့် ချိုးရန်တွေးတောလိုက်၏။

သူ့ကိုယ်ပေါ်မှာ ၀တ်ဆင်ထားသည့် ၀တ်စုံလေးကြောင့် ကျေနပ်သယောင်ပြုံးလိုက်သည်။ အင်္ကျီကိုချွတ်လိုက် သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဒူးများပင်ခွေယိုင်သွားချင်မိသည်။ ၀မ်ရိပေါ် သောက်ကလေး မင်း ငါနဲ့ တွေ့ပြီမှတ်လို့ အံကျိတ်ကြိမ်းပစ်လိုက်သည်။ ၀မ်ရိပေါ်က လူမဟုတ်ဘူး။ သွေးစုပ်ကောင်....။

ရှောင်ကျန့် ရေချိုးပြီး အ၀တ်အစားလဲပြီးသည်အထိ အသံပင်မပြောနှင့် အရိပ်အယောင်ပင်မတွေ့ရသည့် ၀မ်ရိပေါ် ကြောင့် ရှောင်ကျန့် အလိုမကျစွာမျက်ခုံးများပိုပိုတွန့်ချိုးပစ်လိုက်သည်။ ရေချိုးပြီးသွား၍ နာကျင်မှုအနည်းငယ်လျော့ပါးသွား သော်လည်း ရှောင်ကျန့် ဆေးသောက်မှဖြစ်မယ်လို့ တွေးလိုက်သည်။

အချိန်ကိုက်ပင် အစာအိမ်မှ အချက်ပြလေပြီ။ သူညက တစ်ကိုယ်လုံးမှာရှိသည့်အားအင်များကုန်ခမ်းသွားကြောင့် ထိုသိုဖြစ်သည်မှာမဆန်းပေ။ အရင်ဆုံးတစ်ခုခုရှာဖွေစားမှဖြစ်မည်ဟု တွေးကာ မီးဖိုခန်းထဲသို့ဝင်ခဲ့လိုက်သည်။ ရေခဲသေတ္တာ ထဲ၌ ရေအပြင် စားလို့ရတာတစ်ခုခုရှိနေပါစေဟုလည်း ဆုတောင်းလိုက်၏။

You've reached the end of published parts.

⏰ Last updated: May 29, 2022 ⏰

Add this story to your Library to get notified about new parts!

The Edge of Shored (Completed)Where stories live. Discover now