အပိုင်း ( ၅ )unicode

652 77 2
                                    

            ၀မ်ရိပေါ် အိပ်ယာ၏စိမ်းသက်သက်အထိအတွေ့ကြောင့် နိုးလာခဲ့သည်။ မြင်ကွင်းရှေ့မှ မြင်နေရသည့် မရင်းနှီး သည့်အရာများကြောင့် ညမှအဖြစ်အပျက်ကို သတိရသွားမိ၏။ အိပ်ယာပေါ်မှ ငေါက်ကနဲထထိုင်လိုက်မိသည်။ သူအိပ်သည့် ကုတင်ဘေးကြမ်းပြင်၌ အိပ်သောထိုသူ့အစား သေသပ်စွာခေါက်သိမ်းထားသော အိပ်ယာကို သာတွေ့ရသည်။

ဟိုလူအိပ်ယာအစောကြီးထသွားတာလားဟုတွေးကာ ၀မ်ရိပေါ်နာရီကိုကြည့်လိုက်သည်။ မနက် ၁၀နာရီပင်ခွဲ နေပြီ ဖြစ်၏။ ညက ကြောက်စိတ်နှင့်အရွဲ့တိုက်လိုစိတ်ကြောင့် သူ သည်အိမ်မှာအိပ်ဖို့ပြောလိုက်သော်လည်း ယခုလို သွေးအေး သွားသည့်အချိန်မှာတော့ အနည်းငယ်မျက်နှာပူမိသလိုပင်။

"အော.. နိုးနေပြီလား ၀မ်ရိပေါ်.. ကိုယ်က မနက်စာစားဖို့ လာနှိုးတော့မလို့။ ဟေး အိပ်ရေးမ၀သေးတာလား။"

ကုတင်ပေါ်မှ သူ့ကို အူကြောင်ကြောင်လေးထိုင်ကြည့်နေသည့်ကောင်လေးရှေ့ လက်ယမ်းကာ ရှောင်ကျန့် ပြော လိုက်သည်။ ဆံပင်စုတ်ဖွား လေးနှင့် အိပ်ယာနိုးစကောင်လေးပုံစံသည် တန်ဖိုးမြင့်အမွှေးစုတ်ဖွားခွေးလေး ငုတ်တုတ် ထိုင် နေသကဲ့သို့ပင်။ ထောင့်မကျိုး တာ လေးနှင့်ဒေါသကြီးတာလေးကိုဖယ်လျှင် ထိုကောင်လေးသည် ကလေးငယ် တစ်ယောက် ကဲ့သို့ ချစ်စဖွယ်ပင်။

"အွန်း.. ကျွန်တော်ပြန်တော့မယ်။ "

၀မ်ရိပေါ် ရှက်ရှက်ဖြင့် အိပ်ယာပေါ်မှဆင်းကာပြောလိုက်၏။ သူကြည်စင်နေသည့် ထိုသူ့မျက်နှာကို ခတ္တမျှငေးမိ သွားခြင်းကြောင့်ဖြစ်သည်။မြင်နေကျငြင်းသိုးသိုးအိပ်ရေးမ၀သည့်ပုံစံအစားထိုသူ၏မျက်နှာသည်ကြည်လင်စွာ တောက်ပ နေ၏။

"ဒီလို ပုံစံကြီးနဲ့လား။ ကဲပါ ရေမိုးချိုးမျက်နှာသစ်လိုက် မားက မနက်စာစားဖို့ပြင်ပေးထားတယ်။ ကိုယ်လဲ ရိပေါ်ကို စောင့် နေတာ ပြီးရင် ဆေးရုံသွားရမှာ..။"

ရှက်လျှင်မျက်နှာနီလာတတ်သည်မှာ ထိုကောင်လေး၏ပုံစံမှန်ဖြစ်လိမ့်မည်။ ယခုလည်းသူပြောလိုက်၍ ရှက်ရှက် ဖြင့် ရေချိုးခန်းထဲ၀င်ပြေးသွားလေ၏။ရှောင်ကျန့် သည်နေ့မနက်အိပ်ယာမှကြည်လင်စွာနိုးလာခြင်းဖြစ်သည်။ ကောင်းစွာနှစ် နှစ်ခြိုက်ခြိုက်အိပ်လိုက်ရ၍ စိတ်များလည်း ကြည်လင်နေ၏။ထို့အတွက် လူဆိုးကောင်လေးကို ရှောင်ကျန့် ကျေးဇူးတင် နေမိသည်။

The Edge of Shored (Completed)Where stories live. Discover now