အပိုင်း ( ၁၈ ) unicode

600 62 11
                                    

"ရိပေါ်.... ရိပေါ်...။"

ဒေါသတကြီးဆုပ်ကိုင်ခံထားရသည့် သူ့လက်ကောက်၀တ်နာကျင်လာသောကြောင့် ရှောင်ကျန့် သတိပေးသည့် သဘောဖြင့်ခေါ်လိုက်ခြင်းဖြစ်သည်။ မျက်ခုံးများတွန့်ချိုးထားပြီး မေးကျောများတည်တင်းနေသည့် မျက်နှာလေးသည် ၀မ်ရိပေါ်၏ ဒေါသကိုဖော်ပြနေ၏။ သူတင်းတင်းဆုပ်ကိုင်ထားသည့်လက်သည် ရှောင်ကျန့်လက်ဆိုသည်ကိုပင် သတိမေ့ လျော့နေပုံပင်။

ရှောင်ကျန့် ဂျူတီထွက်သည့်အချိန် လျိုကောရောက်လာ၍ စကားလက်ဆုံကျနေခြင်းဖြစ်သည်။ နှစ်ယောက်တည်း ပင်မဟုတ် လင်းဝေလည်းပါ၏။ ဘားမှာဆုံပြီးသည့်နောက် ခင်မင်သွားသည်ဟုပြောရမည်။ ယခုလည်း ဆိုင်ကယ်စီးရင်း ပုခုံးအကျောတင်သွား၍ ရောက်လာခြင်းဖြစ်သည်။

ရှောင်ကျန့် ဂျူတီထွက်သည့်အချိန်ဖြင့်တိုက်ဆိုင်နေ၍ လင်းဝေကိုခေါ်ကာ အပ်ပေးရင်း စကားကောင်းနေခြင်း ဖြစ်သည်။ ရုတ်တရက် ၀မ်ရိပေါ် ရောက်ချလာကာ သူ့ကိုဆွဲခေါ်ခြင်းခံလိုက်ရသည်။

"ခင်ဗျား.. ဟိုလူနဲ့ ဘယ်တုန်းကရင်းနှီးသွားတာလဲ... ဘယ်လောက်တောင် ဘယ်အဆင့်ထိ ခင်ဗျားတို့ရင်းနှီးနေပြီလဲ...ဟမ်.."

၀မ်ရိပေါ် ရှေ့ကသွားနေရာမှ ရုတ်တရက်လှည့်ကာဒေါသတကြီးပြောလိုက်သည်။ လန်ဟွား ခြေခေါက်လဲ၍ သူ့ထံ အကူအညီတောင်းလာသည်။ ရှောင်ကျန့် ဆေးကုတော်ကြောင်းကို သူတစ်ခါကြွားထားဖူး၍ဖြစ်သည်။ လန်ဟွားမိဘများ ကပါ အကူအညီတောင်းလာ၍ ၀မ်ရိပေါ် ငြင်းရခက်သွားခြင်းပင်။

၀မ်ရိပေါ် လန်ဟွားနှင့် ပြန်လည်အဆင်ပြေသွားခြင်းတော့မဟုတ်။ လူကြီးချင်းစကားလွန်သည့်ကိစ္စမို့ သူမလည်း မလွန်ဆန်နိုင်လို့ပါဟု လန်ဟွားမှတောင်းပန်လာသလို အရင်လို သူငယ်ချင်းအဖြစ်ဆက်ပြီးခင်ခင်မင်မင်နေဖို့ပြောလာသည်။ ထိုစကားကို ၀မ်ရိပေါ် သူမနှင့် ဖုန်းနှင့်ဖြစ်စေ၊ နှစ်ဦးတည်းဖြစ်စေ ပြောဖြစ်ခဲ့လျှင် မဆိုင်းမတွငြင်းဆိုမှာဖြစ်သည်။

သို့သော် ပါးနပ်သည့်လန်ဟွားသည် အိမ်တိုင်ရာရောက် အဓိကအားဖြင့်ဖိုးဖိုးရှေ့၌ ပြောဆိုလာသည်။ ၀မ်ရိပေါ် ခေါင်းငြိမ့်သဘောတူခြင်းမဟုတ်သော်လည်း ဖိုးဖိုးမှ ကြင်နာတတ်သူပီပီ ဖျောင်းဖြသောကြောင့်လက်ခံခဲ့ခြင်းပင်။ယခုလည်း ၀မ်ရိပေါ် သူ့စိတ်ကူးအရ ရှောင်ကျန့်ကိုခေါ်ကာ လန်ဟွားဆီသွားမည်။ ပြီးလျှင် အပြန်စျေး၀င်၀ယ်ပြီး သူ့ကွန်ဒိုမှာ စားချင်တာများ ချက်စားကြမည်။

The Edge of Shored (Completed)Where stories live. Discover now