အပိုင်း ( ၃ ) Unicode

699 79 7
                                    

"မင်း ငါ့နောက်ကနေ လိုက်မနေစမ်းနဲ့။ အခုငါမအားသေးဘူး။ ပြီးရင် လုပ်ပေးမယ်လို့ပြောနေတယ်လေကွာ။"

ရှောင်ကျန့် သူ့နောက်မှ တစ်ကောက်ကောက်လိုက်နေသည့် ကောင်မလေးကိုလေသံဖြင့်ကျိတ်ပြောရင်း အနားပတ် ၀န်းကျင် ကိုပါ အကဲခတ်လိုက်သည်။ သူဆေးရုံမှထွက်လာကတည်းက လိုက်လာခြင်းပင်။ သူရောက်နေသည့်နေရာသည် သူဌေးရပ်ကွက်ဖြစ်သောကြောင့် လမ်း၌ လူသွားလူလာ တိတ်ဆိတ်နေ၏။

၀မ်ဖိုးဖိုး၏ အနူးညွှတ်တောင်းဆိုချက်အရမြေးဖြစ်သူကို အိမ်မှာပင်ဆက်လက်ကုသပေးရန် ရှောင်ကျန့်လာခဲ့ရခြင်း ဖြစ်သည်။ ဆရာ၀န်ကို သူ့လက်အောက်ငယ်သားလို သတ်မှတ်ချင်နေသည့် ထိုဂျစ်ကန်ကန်ကောင်စုတ်လေးကို အမြင် ကတ်သော်လည်း ၀မ်ဖိုးဖိုးကို ရှောင်ကျန့်အားနာသောကြောင့်ဖြစ်၏။

ဖြစ်ချင်တော့ ရှောင်ကျန့်၏ တစ်စီးတည်းသောကားစုတ်လေးသည် ကျန်းမာရေးမကောင်း၍ ၀ပ်လျော့အပ်ထား ရသည်။ Taxi ဖြင့်လာခဲ့သော်လည်း ဘေးနားမှဂျီကျနေသောတစ်စုံတစ်ရာကြောင့် ရှောင်ကျန့် ၀မ်အိမ်တော်နားမရောက်ခင် ဆင်းလိုက်ရသည်။ တစ်ကယ်ပဲ ၀ိဉာဥ်တွေ လူသားများထက်ပိုပြီး ဇွဲကြီးတာများလားမပြောတတ်၊ လိုချင်တာမရမခြင်း တွယ်ကပ်နေသည်က စိတ်ပျက်ဖို့ကောင်းလှ၏။

မျက်နှာသေဖြင့်အေးတိအေးစက်ကြည့်နေသည့်ပုံကြောင့် ရှောင်ကျန့် ဆက်မပြောဖို့စဥ်းစားလိုက်သည်။ ၀မ်အိမ် တော်ရှေ့လည်းရောက်နေပြီဖြစ်သောကြောင့် လူခေါ် ဘဲလ်ကိုသာတီးလိုက်၏။ဖွင့်ပေးသည့် ခြံတံခါးမှ ရှောင်ကျန့် ၀င်လာ လိုက်သည်။ ၀မ်အိမ်တော်၏ ချမ်းသာမှုသည့်အံ့မခန်းပင်ဖြစ်သည်။

"အာ ဒေါက်တာရှောင်း ကားမပါလာဘူးလား။ ဖုန်းဆက်လိုက်တာမဟုတ်ဘူး ကားလွှတ်ပေးမှာပေါ့။"

လမ်းလျှောက်၀င်လာသည့် ရှောင်ကျန့်ကို လင်းယွင် အိမ်၀မှဆီးကြိုကာပြောလိုက်သည်။

"ရပါတယ် ၀မ်လူကြီးမင်း ကျွန်တော့်ကား ၀ပ်လျှော့ပို့ထားရလို့ပါ။"

ရှောင်ကျန့် သူ့ကိုကြိုနေသည့် ၀မ်ဖိုးဖိုးသည် အားနာနေဟန်ဖြစ်သည်။ ခြံ၀မှပင်အိမ်ထိရောက်ဖို့ အချိန်အနည်းငယ် သုံးလိုက်ရသည်။ ထိုနေရာ၌ သူ၏ခြေတန်ရှည်များသည် များစွာအသုံး၀င်သည်။

The Edge of Shored (Completed)Where stories live. Discover now