အပိုင်း ( ၁၄ ) unicode

588 66 5
                                    

"ဒေါက် ..ဒေါက်.. "

"ဒေါက်.. ဒေါက်.."

"ဘယ်သူလဲ........။"

မကြည်မလင်ဖြင့် ခပ်မာမာအသံဖြင့် အော်ပစ်လိုက်သည်။အခန်းတံခါးကို လာခေါက်နေသည့်အသံကြောင့် ၀မ်ရိပေါ် နိုးသွားခဲ့သည်။ သည်အိမ်မှာ သူအိပ်နေလျှင် လာနှောက် ယှက်မည့်သူမရှိပေ။ လာနှိုးသည့်သူကို ၀မ်ရိပေါ် ပြဿနာ ရှာတတ်သောကြောင့်ဖြစ်၏။

"တောက်...။ လန်ဟွား.. စောစောစီးစီး ဘာကိစ္စလဲ။ "

မေးနေတာပြန်မဖြေတာကြောင့် ၀မ်ရိပေါ် တောက်တစ်ချက်ခေါက်ကာ အိပ်ယာမှထလာပြီးတံခါးဆွဲဖွင့်လိုက် သည်။ အခန်း၀မှာ ပြုံးပြီးရပ်နေသည့်သူမကို မျက်မှောင်ကုတ်ကာ မေးလိုက်၏။

"Surprise လာလုပ်တာလေ။ ရိပေါ် အံ့သြသွားအောင်...။ ၀မ်မားက လန်ဟွားတို့မိသားစုကို ထမင်းစားဖိတ်ထားလို့လာတာ.။"

အံ့သြ၀မ်းသာ မသွားသည့်အပြင် ဘုဆတ်ဆတ်မေးလာသောကြောင့် လန်ဟွား ခပ်မြန်မြန်ရှင်းပြလိုက်သည်။ ၀မ်ရိပေါ်ကို ပိုင်ဆိုင်ချင်လျှင် ထိုအသေးအဖွဲကိစ္စလောက်ကို သီးခံရမည်ဖြစ်သည်။ ထိုကြောင့် အရင်ရက်က ၀မ်ရိပေါ် မိဘများနှင့် မတော်တဆတွေ့ဆုံသည့်ပုံစံ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူမမိဘများကလည်း ၀မ်အိမ်တော်၏တစ်ဦးတည်းသော သားဖြစ်သူကို သားမက်တော်ရမည်မို့ အားတတ်သရောရှိလှ၏။

"ကျွတ်.. ဆင်းခဲ့မယ် အောက်မှာပဲစောင့်....။"

၀မ်ရိပေါ် စိတ်ပျက်သလို စုတ်တစ်ချက်သက်ကာပြောလိုက်ပြီး အခန်းထဲပြန်၀င်ခဲ့လိုက်သည်။ မားမားတို့ကတော့ လောကွတ်ချော်ပြန်ပြီဟု တွေးလိုက်သည်။ ကိုယ့်အိမ်ရောက်လာသည့် ဧည့်သည့်ကိုရိုင်းပြလို့မကောင်းတာကြောင့် ၀မ်ရိပေါ် ဆက်မအိပ်တော့ပဲ ရေချိုးခန်းသာ၀င်ခဲ့လိုက်သည်။

သူ၏မနက်ခင်းသည် အနှောက်အယှက်ဖြင့်စတင်လေပြီ။

....................

"ဟေ့ရောင် ရိပေါ် စောစောစီးစီးကစ်နေတာလား။ "

ဘားကောင်တာမှာ ထိုင်သောက်နေသည့် ရိပေါ်ကို ရှောင်ယွီပြောလိုက်ရင်း ဘေးမှာ ၀င်ထိုင်လိုက်သည်။ သည်နေ့ သူအလုပ်ထဲမလာတော့ဘူးဟု ဖုန်းဆက်ကာ ညနေတွေ့ဆုံရန်ချိန်းထားသည့် ဧည့်သည်ကို ရှောင်ယွီကိုသွားတွေ့ခိုင်းသော ကြောင့် သွားပြီးပြန်လာခြင်းဖြစ်သည်။ လမ်းမှာ ၀မ်ရိပေါ် မှ ဖုန်းဆက်လာပြီး သူ ထိုင်နေကျ ဘားမှာဆို၍ ၀င်ခဲ့ခြင်း ဖြစ်သည်။

The Edge of Shored (Completed)Where stories live. Discover now