အပိုင်း ( ၆ ) zawgyi

272 14 3
                                    

"ဟုတ္ကဲ့။ ၀မ်ဖိုးဖိုး အမိန့်ရှိပါခင်ဗျာ။"

ရှောင်ကျန့် မနက်ပိုင်းဂျူတီအပြီး အိပ်ငိုက်ပြေကော်ဖီတစ်ခွက်လောက်သောက်ရန်ပြင် နေစဉ်မြည်လာသော ဖုန်းကြောင့် ကောက်ကိုင်လိုက်ကာ ရိုရိုသေသေပြောလိုက်သည်။

" ဒေါက်တာရှောင်း ဖုန်းပြောလို့ အဆင်ပြေရဲ့လား။ မအားရင် ဖိုးဖိုးနောက်မှပြန်ခေါ်ပါ့မယ်။"

ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် လင်းယွင်တစ်ဖက်အခြေအနေကို မေးလိုက်ခြင်းဖြစ်သည်။

"ရပါတယ် ဖိုးဖိုး ပြောပါခင်ဗျာ။ "

"ဒေါက်တာရှောင်းကို ဖိုးမြေးပေါ်ပေါ် ဘာများ အနှောက်အယှက်ပေးထားလဲသိချင်လို့ပါ။ "

"မပေးပါဘူး။ ဘာလို့များလဲ ဖိုးဖိုး ကျွန်တော်နဲ့ ပြီးခဲ့တဲ့အပတ်က အိမ်ကပြန်သွားပြီးနောက်ပိုင်း ပြန်မဆုံဖြစ်သေးဘူး။ "

ရှောင်ကျန့် တွေးဆရင်း ပြန်ဖြေလိုက်သည်။ သူနှင့်ထိုကောင်လေး နောက်ဆုံး သူ့အိမ်မှပြန်သွားစဉ်မှ အကြောင်းကို ပြန်စဉ်းစားလိုက်ခြင်းဖြစ်သည်။ ထိုကောင်‌လေးစိတ်ဆိုးသွားပုံပေါ်သော်လည်း သူ့အတွက် အနှောက်အယှက်မဖြစ်ပေ။

" တော်သေးတာပေါ့ကွာ။ ဖိုးမြေးလေးက ဆိုးတော့ မေးကြည့်တာပါ။ ဒေါက်တာရှောင်းကို မျက်နှာပူစွာနဲ့ တောင်းဆိုပါရစေ။"

"ကျွန်တော့်ကို ရှောင်ကျန့်လို့ပဲခေါ်နိုင်ပါတယ် ဖိုးဖိုး။ ပြောပါ ကျွန်တော်ဘာများကူညီပေးရမလဲ။"

ရှောင်ကျန့် ပြန်ဖြေရင်း ထိုလူဆိုးကောင်လေး ဘာများလုပ်ထားပြန်ပြီလဲဟု တွေးလိုက်သည်။

"အင်း ..ဒီလိုပါ ရှောင်ကျန့် ကို ဖိုး ပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ နော်......။"

လင်းယွင် ၀မ်ရိပေါ်မှ ရှောင်ကျန့်ကို ကားပေးချင်သည့်ဆန္ဒရှိကြောင်းကိုပြောပြလိုက်သည့်အပြင် ထိုကားကို စိတ်သန့်သန့် ဖြင့်လက်ခံပေးရန်ကိုပါ တောင်းဆိုလိုက်၏။ ထိုနောက် မြေးဖြစ်သူကားလာပေးလျှင် တောင်းဆိုသွားသည့်ကိစ္စ ရှိပါက ရှောင်ကျန့်ဆန္ဒအတိုင်းလုပ်နိုင်ကြောင်းနှင့် ၀မ်ရိပေါ်ကို ၀ိုင်းဝန်းထိန်းကျောင်းပေးဖို့ပါ အကူအညီတောင်းလိုက်သည်။

The Edge of Shored (Completed)Where stories live. Discover now