အပိုင်း ( ၂၂ ) unicode

640 58 4
                                    

"သားတစ်ကယ်ပဲဆုံးဖြတ်လိုက်ပြီလား။ မားတို့ကို မငဲ့ညှာပေးတော့ဘူးလားသားရယ်။"

"သား ပါးတို့မှာ အားကိုးစရာဆိုလို့ သားပဲရှိတာသိတယ်မလား။ အဲ့လိုမြန်မြန်ကြီးမဆုံးဖြတ်စေချင်ဘူး။ "

မြေးဖြစ်သူကို ချော့မော့ပြီး နားချနေသည့် သားဖြစ်သူလင်မယားကို လင်းယွင် တစ်ခွန်းမှ၀င်ပြောခြင်းမရှိပဲ ထိုင်ကြည့်နေခြင်းဖြစ်သည်။ သူတို့မည်သို့ပင်ကြိုးပမ်းစေကာမှု အသုံး၀င်မည်မဟုတ်တာကိုလည်း လင်းယွင်သိနေ၏။ သူသိထားသည့် ၀မ်ရိပေါ်သည် ဆုံးဖြတ်ပြီးလျှင် တွေဝေတတ်ခြင်းမရှိသူဖြစ်သည်။ အထူးသဖြင့် ရှောင်ကျန့်နှင့် ပတ်သက် လျှင်‌ပေါ့။

"ပါး မား ကျွန်တော်ယောင်္ကျားတစ်ယောက်ကိုချစ်မိရုံနဲ့ ၀မ်အိမ်တော်အတွက်ကြီးမားတဲ့နစ်နာဆုံးရှုံးစရာမှ မရှိတာ။ ပါးနဲ့ မားတို့သား ၀မ်ရိပေါ်က ၀မ်ရိပေါ်ပါပဲ။ နောက်ထပ် သားတစ်ယောက်ထပ်ရတယ်လို့တွေးကြည့်ပေးပါလား။ ဒါပေမယ့် သူ့အတွက်က ကျွန်တော်မရှိရင်မဖြစ်သလို၊ ကျွန်တော်လည်း သူ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးနိုင်ဘူး။ ကျွန်တော် အတွေးတွေ အစွန်းရောက်နေလို့ အချိန်တွေအများကြီး ဖြုန်းတီးမိသွားပြီမားရယ်။ "

၀မ်ရိပေါ် တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားရ၍ ပြန်လည်အားပြည့်သွားပြီဖြစ်သည်။ အိပ်ယာမှ နိုးသည် နှင့် ဖိုးဖိုးကို ရှောင်ကျန့်အကြောင်းမေးကြည့်ပြီးဖြစ်၏။ လောလောဆယ်အခြေအနေသည် ဒေါက်တာလင်းဝေနှင့်တွေ့မှသာ ရှောင်ကျန့်ရှိမည့်နေရာကိုသိနိုင်မည်ဖြစ်သည်။ ဒေါက်တာလင်းဝေကိုလည်း လေဆိပ်မှာသွားကြိုနေပြီဖြစ်၏။

ဖိုးဖိုးမှ ပါးနှင့်မားကို စကားသေချာပြောဖို့ မှာထားခြင်းပင်။ သို့ပေမယ့် ၀မ်ရိပေါ် သူ့ဆုံးဖြတ်ချက်ကိုပြင်မှာ မဟုတ်သည့်ပုံစံဖြင့်ပြောလိုက်၏။အခုတောင် ရှောင်ကျန့်သတင်းမသိရသေး၍ သူ့ရင်ထဲမှအပူကို သူကိုယ်တိုင်ပဲသိသည်။

"သား မားက သားကိုမရ ရတဲ့နည်းနဲ့ တားမယ်ဆိုရင်ကော...။"

"ရလောက်မှာပါ မားဆန္ဒရှိရင်ပေါ့။ သားရဲ့ ခန္ဒာကိုယ်ကို ၀မ်အိမ်တော်သိက္ခာစောင့်ထိန်းဖို့အတွက်ထားခဲ့ပါမယ်။ ဒါဆို သားရဲ့စိတ်၀ိဉာဥ် သူ့ဆီလွတ်လွတ်လပ်လပ် လိုက်သွားလို့ရပြီ။ "

The Edge of Shored (Completed)Dove le storie prendono vita. Scoprilo ora