အပိုင်း ( ၂၀ ) unicode

635 65 7
                                    

"ဒါ...ဒါက....။"

ဟောင်းနွမ်းနေပြီဖြစ်သော်လည်း ဓာတ်ပုံထဲမှကောင်လေး၏အပြုံးများသည်သက်၀င်တောက်ပဆဲဖြစ်သည်။ ပုံထဲ၌ ရှောင်ကျန့်သည်အပြုံးအရယ်မရှိသော်လည်း သူ့ကိုစောင်းငဲ့ကြည့်နေသည့် ၀မ်ရိပေါ်၏ မျက်နှာထက် နှစ်လိုဖွယ် ကောင်းသောအပြုံးချိုချိုလေး။ ဓာတ်ပုံလေးသည် သာမန်ဓာတ်ပုံလေးတစ်ပုံမဟုတ်။ အထိမ်းအမှတ်နေ့တစ်ခု၏ အမှတ် တရပုံလေး။ ပုံလေးအောက်ခြေ၏ digital date အရ လွန်ခဲ့သောနှစ်ပေါင်း ၅၀ခန့်ကပင်။

ရှောင်ကျန့် တစ်ဆက်ဆက်တုန်ရင်နေသောလက်ဖြင့် ဓာတ်ပုံလေး၏နောက်ကျောသို့လှန်ကြည့်လိုက်သည်။ ကျန့်ကောနှင့် မင်္ဂလာဓာတ်ပုံရိုက်သည့်အမှတ်တရနေ့လေးဟု အရောင်ပျယ်လွင့်နေသော စာတမ်းလေးကိုတွေ့လိုက်ရသည်။

"အံ့သြသွားလား မြေးကျန့်။ ဒါတွေက အစစ်အမှန်တွေပါပဲ။ အဲ့စာအုပ်ထဲက စာလေးတွေဖတ်ကြည့်လိုက်ပါ ပိုပြီးသေချာ သွားလိမ့်မယ်...။"

လင်းယွင် အရမ်းအံ့သြနေပုံရသည့် ရှောင်ကျန့်ကို ၀မ်းနည်းတမ်းတနေသောလေသံလေးဖြင့်ပြောလိုက်၏။ လင်းယွင်သည်လည်းအတိတ်သို့မြင်ယောင်ကာ ၀မ်းနည်းမိခြင်းဖြစ်သည်။

ရှောင်ကျန့်ခပ်မြန်မြန်ပင် စာအုပ်များကိုလှန်ဖတ်ကြည့်လိုက်၏။ စာအုပ်ထဲမှအကြောင်းအရာတစ်ချို့နှင့် အိမ်မက်ထဲမှာမြင်ခဲ့ရသည့်ပုံရိပ်များကိုဆက်စပ်ကြည့်လိုက်သည်။ အတိတ်ဘ၀မှရှောင်ကျန့်သည် Alzheimer ဝေဒနာရှင် တစ်ယောက်ဖြစ်သည်။ တစ်နေ့တာတိုင်းမှာ သူ့ကိုယ်သူ မေ့မသွားရအောင် နေ့စဥ်လိုလို ရေးမှတ်ထားသည့် အကြောင်း အရာများပါ၀င်သည်။

စာမျက်နှာတိုင်းမှာ နေ့စဥ်လိုလို မပါမဖြစ်အကြောင်းအရာသည် ၀မ်ရိပေါ်သည် သူ့အမျိုးသားဆိုတာကိုပင်။ ချစ်နေလျှက်နှင့် မချစ်ဟန်ဆောင်ထားရသည့် အတိတ်ဘ၀မှရှောင်ကျန့်၏ စိတ်ဒုက္ခသည်ကြီးလွန်း၏။ အပင်ပမ်းဆုံးနှင့် သနားစရာ အကောင်းဆုံးမှာ ၀မ်ရိပေါ်ဆိုသည့်လူသားလေးပင်ဖြစ်သည်။

ထိုကြောင့်လည်း ရှောင်ကျန့်သည် ချစ်ရသည့်သူမှာ သူသာဖြစ်ပါစေဟု ဆုတောင်းခဲ့ပုံရ၏။ ၀ါကျင်ကျင် ဖြစ်နေပြီး ရက်ပိုင်းသာခြားသည် နာရေးကြော်ငြာဖြတ်ပိုင်းလေး နှစ်ခု။ ရှောင်ကျန့် နားမလည်ဟန်ဖြင့် ၀မ်ဖိုးဖိုးကို ကြည့်မိသည်။

The Edge of Shored (Completed)Where stories live. Discover now