အပိုင်း ( ၁၅ )unicode

604 67 3
                                    

၀မ်ရိပေါ် ဆိုင်ကယ်ကို ဂိုထောင်ထဲထိမောင်းသွားလိုက်ပြီး ပြန်ထွက်လာစဥ် အိမ်ထဲမှ ရေကြီးသုတ်ပြာဟန်ဖြင့် ဖိုးဖိုးထွက်လာပြီး ကားပေါ်သို့တက်ရန်ပြင်နေလေသည်။

"ဖိုး....။"

၀မ်ရိပေါ် အော်ခေါ်လိုက်ပြီး ကားနားသို့အပြေးတစ်ပိုင်းဖြင့်သွားလိုက်သည်။ သူ့ကိုမြင်၍ ဖိုးဖိုးက ကားပေါ်သို့ မတတ်ပဲ ရပ်စောင့်နေ၏။

"မြေးလေး ဖိုး ခရီးခဏသွားမယ်။ ဖိုးသူငယ်ချင်း ခွဲစိတ်ဖို့ လိုနေလို့...။"

လင်းယွင် သူငယ်ချင်းတစ်ယောက် အရေးပေါ်ခွဲစိတ်ရန် လိုအပ်လာ၍ဖြစ်သည်။ အသက် ၈၀ကျော်လာပြီဖြစ် သည့် အမျိုးသားများအတွက် ဆီးရောဂါက ပြဿနာတစ်ခုလိုပင်။ သူငယ်ချင်းဖြစ်သူမှ ပေါ့ဆကာ ဂရုမစိုက်မိတာကြောင့် ဝေဒနာပိုဆိုးလာခြင်းဖြစ်သည်။

လင်းယွင်ပြဖူးသည့် ဆရာ၀န်ကိုစုံစမ်းကြည့်ရာ ထိုင်၀မ်သို့ အရေးကြီးဆွေးနွေးပွဲတစ်ခုတက်ရောက်ရန် သွားသည် ဟုဆိုသည်။ ပြန်ရောက်ရန် တစ်ပတ်လိုသေးသည်ဆို၍ လင်းယွင် ဆရာ၀န်ထံသို့ ကိုယ်တိုင်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထိုဆရာ၀န်ညွှန်ကြားချက်အတိုင်း စစ်ဆေးပြီးနောက် ခွဲစိတ်ရန်လိုအပ်သည့်အခြေအနေဖြစ်သည်။

ကျန်းမာရေးနှင့်ပတ်သက်လျှင် လင်းယွင်သည် စိတ်စောတတ်သည်။ အသိနောက်ကျသွားလို့ဆိုသည့်အဖြစ်မျိုးကို သူ့ ညီလေးကိုဆုံးရှုံးလိုက်ရခြင်းနှင့်လုံလောက်ပြီဖြစ်သည်။ ထိုကြောင့် ထိုဆရာ၀န်ရှိရာ သွားရောက်ခွဲစိတ်မှုခံယူဖို့ စီစဥ်လိုက်ခြင်းဖြစ်သည်။

"ဖိုး ဘယ်ကိုသွားမှာလဲ။ ကြာမှာလား..။"

၀မ်ရိပေါ် အကာအကွယ်မဲ့သွားသလို ခံစားလိုက်ရသည်။ ကျန်းမာရေးကိစ္စဆို၍ သူဘာမှမတတ်နိုင်ပေ။ သောက် လာသည့်အမူလေးတောင်ပြေသွားသလိုပင်။

"ထိုင်၀မ်တင်ပါ။ မကြာဘူး သူခွဲပြီးတာနဲ့ ဖိုးပြန်လာမှာ...။ ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်..။"

မြေးဖြစ်သူ၏မျက်၀န်းထဲ သူ့အကူအညီလိုအပ်နေသည်ဟု လင်းယွင်ခံစားမိသည်။ သို့သော် တစ်ဖက်မှာလည်း အရေးအကြီးနေ၍ သူစီစဥ်ပေးသည့်ကိစ္စဖြစ်သောကြောင့် မသွားမဖြစ်ပေ။

The Edge of Shored (Completed)Where stories live. Discover now