အပိုင်း ( ၄ ) Unicode

692 74 6
                                    

"ရှောင်ကျန့်.. ရှောင်ကျန့်.. ဘာဖြစ်နေတာလဲ။"

"ဟင် ! လင်းဝေ .. မင်းတောင်ပြီးသွားပြီလား။ ဘယ်လိုလဲ အဆင်ပြေလား။"

လက်မောင်းကိုဆွဲလှုပ်ခြင်းခံရသောကြောင့် ရှောင်ကျန့် သတိ၀င်လာမိသည်။ ၀မ်ရိပေါ် ပြန်သွားကတည်းမှ သူအတွေးလွန်နေမိခြင်းဖြစ်၏။ ထိုကောင်လေးအသားကို သူထိမိလိုက်စဥ်ရသည့်ခံစားချက်မျိုးကို ထပ်တလဲလဲစဥ်းစား နေမိခြင်းပင်။ တိုက်ဆိုင်မှုတစ်ခုလေလား သို့မဟုတ် ထိုကောင်လေးမှာ မမြင်နိုင်သည့်စွမ်းအားတစ်ခုရှိနေသည်လား။

"အားလုံးအောင်မြင်တယ်။ အဆင်ပြေရဲ့လားက ငါမေးရမှာ ဘာဖြစ်နေတာလဲ။ "

လင်းဝေသူငယ်ချင်းဖြစ်သူကိုပြောလိုက်ရင်း ခုံမှာ၀င်ထိုင်လိုက်သည်။ ရှောင်ကျန့်၏ ယခုပုံစံသည် အခြားသူများ အရူးဟု ခေါ်နိုင်လောက်သည်။ ပွယောင်းယောင်းဆံပင်၊ အိပ်ရေးပျက်ထား၍ ရဲနေသည့်မျက်လုံးများသည် ချောင်ကျနေ၏။ မမြင်ရသည့်အရာများသည် သူ့သူငယ်ချင်းကိုအနှောက်အယှက်ပေးလွန်းသည်။

ရှောင်ကျန့်လို စိတ်မာသည့်သူမို့သာ ယခုထိတောင်ခံထားနိုင်ခြင်းဖြစ်သည်။ ရှောင်ကျန့်နေရာ၌ သူဆိုလျှင် သည်းခြေပျက်ကာ အမှန်တစ်ကယ်ရူးသွပ်သွားနိုင်သည်။

"လင်းဝေ ... "

"ဘာ..ဘာ ဖြစ်တာလဲ ရှောင်ကျန့်.."

ရုတ်တရက်ကြီး သူ့နာမည်ခေါ်ကာ ထလာပြီးပေါင်ပေါ် တက်ထိုင်သည့် ရှောင်ကျန့်ကြောင့် လင်းဝေအလန့်တကြား မေးလိုက်သည်။

"အဲ့ဒါလည်း မဟုတ်သေးဘူး။"

ရှောင်ကျန့် ၀မ်ရိပေါ် ပေါင်ပေါ်ပြုတ်ကျသွားစဥ် ထူးဆန်းသည့်ခံစားချက်ကိုအတည်ပြုကြည့်ခြင်းဖြစ်သည်။ ထို အထိအတွေ့သည်ထူးဆန်း၏။ ဓာတ်လိုက်သကဲ့သို့ကျဥ်တတ်သွားပြီး လျပ်စီးကြောင်းတစ်ခုသူ့ကိုယ်ထဲ တိုး၀င်သွား သကဲ့သို့ ပင်ဖြစ်သည်။

"ရှောင်ကျန့် ဟေ့ရောင် ငါလန့်လာပြီ။ မင်း ရှောင်ကျန့်တော့ ဟုတ်ပါတယ်နော်။"

ရှောင်ကျန့်၏ထူးဆန်းသည့်ပုံစံကို လင်းဝေအမှန်တစ်ကယ်လန့်နေခြင်းဖြစ်သည်။ ရှောင်မားမှ ရှောင်ကျန့်ကို ဂရုစိုက်ပေးဖို့ဖုန်းဆက်လာ၏။ ယခုတစ်ခေါက်သွားတွေ့သည် နတ်ဆရာမမှ ရှောင်ကျန့်သည် ယန်ဓာတ်အားနည်းမှုကြောင့် ပရလောကသားများသည် သူ့ခန္ဓာကိုယ်ကို ယူသုံးလိုကြသည်။ အခန့်မသင့်လျှင် ရှောင်ကျန့်ခန္ဓာကိုယ်ဆုံးရှုံးသွားနိုင်သည်ဟု ဆို၏။

The Edge of Shored (Completed)Where stories live. Discover now