အပိုင်း ( ၁၉ ) unicode

591 63 2
                                    

"ရိပေါ်....။"

ရှောင်ယွီခေါ်လိုက်သော်လည်း သူ့ကိုအသိအမှတ်ပြုရုံတစ်ချက်ကြည့်ပြီး ချက်ချင်းအကြည့်လွှဲသွားသည့် ရိပေါ် နံဘေးသို့ ထိုင်ချလိုက်သည်။ ဆိုင်ကယ်ပြေးလမ်းပေါ် ခြေပစ်လက်ပစ် လှဲအိပ်နေခြင်းဖြစ်၏။ မလှမ်းမကမ်း၍ တုန်းလုံး လဲနေသည့်ဆိုင်ကယ်ကိုကြည့်ခြင်းအားဖြင့် ၀မ်ရိပေါ် မည်မျှပေါက်ကွဲနေသည်ကို ရှောင်ယွီမှန်းဆမိသည်။

သူ့ဆီ ရှောင်ကျန့်ကောမှဖုန်းဆက်လာပြီး ၀မ်ရိပေါ် ကို ဂရုစိုက်ပေးဖို့ပြောသည်။ ရှောင်ကျန့်ကော နှင့်ပြဿနာ အနည်းငယ်တတ်ကာ စိတ်ဆိုးသွားသည်ဟူ၍ပဲ သိရသည်။ ဘာပြဿနာဆိုသည်ကို ရှောင်ယွီမသိရပေ။ ရှောင်ကျန့်ကော အသံမှာအရမ်းကိုစိတ်ပူနေသည့်ပုံပင်။

ရှောင်ယွီ ဖုန်းခေါ်သော်လည်း ၀မ်ရိပေါ်မှ ဖုန်းမကိုင်ပေ။ နောက်ဆုံး သွားတတ်သည့်နေရာအချို့ကိုစဥ်းစားရင်း ဆိုင်ကယ်ပြိုင်ကွင်းသို့ရောက်ခဲ့ခြင်းဖြစ်သည်။

"ရှောင်ယွီ....မင်းသိလား ရှောင်ကျန့်က Gayဆိုတာ...။"

၀မ်ရိပေါ် နံဘေးသို့ ရှောင်ယွီရောက်ပြီး အချိန်တော်တော်ကြာသည်အထိ တိတ်ဆိတ်နေရာမှ ၀မ်ရိပေါ် ပြောလိုက် ခြင်းဖြစ်သည်။ ရှောင်ယွီသည် ကျန်သည့်နေရာတုံးချင်တုံးမည်။ ၀မ်ရိပေါ် ဒေါသထွက်နေသည့်အချိန်ဆိုလျှင် နံ‌ဘေး၌ တိတ်ဆိတ်စွာအဖော်ပြုပေးတတ်၏။

၀မ်ရိပေါ် ဆိုင်ကယ်ပြေးလမ်းပေါ် အကြိမ်မည်မျှပတ်နေမိသည်မသိ။ ရှောင်ကျန့်ဆီမှ ထွက်လာပြီး စိတ်ထွက် ပေါက်တစ်ခုအနေဖြင့် လုပ်မိနေခြင်းပင်။ သို့သော်တင်းကြပ်နေသည့်စိတ်သည် လျော့ပါးသွားခြင်းမရှိ။ နောက်ဆုံး ခြေကုန် လက်ပန်းကြသွားသည်အထိပင်။

ယခုလည်း ရှောင်ယွီသူ့ဆီ သူမခေါ်ပဲရောက်လာသည့်အကြောင်းကို ၀မ်ရိပေါ် ခံစားမိနေပြန်သည်။ တစ်စုံ တစ်ယောက်မှ စိတ်ပူကာ သူ့ဆီလွှတ်လိုက်ခြင်းဖြစ်မည်။ထိုသို့တွေးမိသည်နှင့် စိတ်တွေမွန်းကြပ်လာသလိုပင်။ တစ်ခုခုကို စွန့်လွှတ်လိုက်ရသလိုမျိုး သို့မဟုတ် တန်ဖိုးထားသည့်ပစ္စည်းတစ်ခု ဆုံးရှုံးသွားသကဲ့သို့ပင်။

The Edge of Shored (Completed)Where stories live. Discover now