အပိုင်း ၂၀

5.2K 284 4
                                    

Uni...

ကိုယ့်အချစ်များသက်သေတည် (အပိုင်း ၂၀)

“ ဇွဲ… ”

“ မခေါ်နဲ့ လူလိမ်ကောင်” ဇွဲ အသံမှာမကျယ်သော်လည်း ဒေါသထွက်နေပုံရသည်။

Dark ဇွဲ ပုခုံးနှစ်ဖက်အားကိုင်ရင်း
“ ဇွဲ ကိုယ် ကိုယ်ရှင်းပြပါရစေ”

ဇွဲကထိုလက်တွေကိုပုတ်ချလိုက်ရင်း
“ ဘာကိုရှင်းပြမှာလဲ ခင်ဗျား ကမှောင်ခိုဂိုဏ်းခေါင်းဆောင်ဆိုတဲ့အကြောင်းလား။ ဒါမှမဟုတ်
ကျွန်တော့်ကိုဂရုစိုက်သလိုနဲ့ ကျွန်တော့်ကိုစောင့်ကြည့်နေပြီး လိမ်ညာလှည့်ဖျားနေတဲ့ အကြောင်းလား”

“ ကိုယ် ကိုယ်မင်းကိုစောင့်ကြည့်တာမျိုးမဟုတ်ပါဘူး ဒီတိုင်းလေးအနားမှာနေချင်ယုံပါ”

“ ဒီနေ့ ခင်ဗျား တို့ဘယ်အချိန်ပစ္စည်းလဲလိုက်ကြတာလဲ  ကျွန်တော်ည၂နာရီထိသတင်းရထားတဲ့ နေရာမှာစောင့်နေပေမဲ့ မတွေ့ရဘူး။ အဲ့ဒါခင်ဗျာကျွန်တော်တို့လာမယ်မှန်းသိလို့ သက်သက်လှည့်စားလိုက်တာမလား။ ကျွန်တော့်နားမှာနေပြီးသတင်းယူနေတာမလား”
ဇွဲ ခံပြင်းနေတဲ့ အသံနဲ့ပြောလိုက်သည်။

“ ကိုယ် မင်းဆီကသတင်းယူဖို့မင်းနားနေနေတာမဟုတ်ပါဘူး။ ကိုယ် ဘယ်တုန်းက မင်းအလုပ်နဲ့ပတ်သတ်ပြီး စေ့စေ့ပေါက်ပေါက်မေးဖူးလို့လဲ။ မင်းကိုယ်တိုင်လဲ အလုပ်နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ကိုယ့်ရှေ့ဘယ်တုန်းကပြောဖူးလို့လဲ…။
ကိုယ်အချိန်ပြောင်းလိုက်တာမှန်တယ် ဒီတိုင်း စိတ်ထဲထင့်နေလို့ မင်းဆီကနေသတင်းတစ်ခုခုရလို့မဟုတ်ရပါဘူး”.
Dark သူ့ဂရုစိုက်မှုတွေကို ဇွဲအထင်မလွဲစေရန်သေချာရှင်းပြနေသည်။

“ဪ အဲ့တော့ စိတ်ရှည်ရှည်နဲ့ မစောင့်ခဲ့မိတဲ့ ကျွန်တော်ပဲမှားတာပေါ့။ဒါပေမဲ့ စိတ်မပူနဲ့ ခင်ဗျားကိုအခုကျွန်တော်ဖမ်းမှာ “

Dark ကဖမ်းခံရမှာမစိုးရိမ်ပဲ ဇွဲသူ့ကိုမမုန်းဖို့သာ ပြန်ပြောလာသည်။
“ မင်းကိုယ့်ကိုဖမ်းမယ်ဆိုလည်းရပါတယ်။ ဒါပေမဲ့ မင်းကိုယ့်ကိုမမုန်းဘူးဆိုတဲ့ကတိတည်ပေးပါ။
ကိုယ်မင်းအပေါ်ထားတဲ့ ခံစားချက်တွေအကုန်လုံးက အစစ်အမှန်တွေမို့”

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now