အပိုင်း ၆

5.9K 358 11
                                    

Uni

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၆)

"Dark ဘယ်တုန်းကဒီဘက်ပြန်ရောက်လာတာလဲ"

" မနေ့ကပဲ...ဒါနဲ့ မင်းကြောင်မွေးလိုက်တာလား"
Dark ...Snowလေးကိုတွေ့၍မေးလိုက်တာဖြစ်သည်။

"အင်း ....ငါမင်းကိုပြောစရာရှိတယ်
မနေ့ကညဘက် ဘိန်းတွေသယ်နေတဲ့အဖွဲ့တွေ့ခဲ့တယ် အဲ့တာမင်းတို့အဖွဲ့လား"

" မဟုတ်ပါဘူး ဒီရက်ပိုင်း ငါဘာမှမလှုပ်ရှားရသေးဘူးတစ်ခြားအဖွဲ့နေမှာ..."

" မင်းလည်းသတိထားအုံး....အခုမင်းတို့အဖွဲ့တွေကိုဖမ်းဖို့လှုပ်ရှားလာတဲ့လူရှိနိုင်တယ်"

Dark ကခပ်ရေးရေးပြုံးရင်း
"အင်း ငါသိတယ် အခုဒီကိုလျို့ဝှက်စုံစမ်းရေးအဖွဲ့တွေရောက်နေတာ အဲ့ထဲကတစ်ယောက်တောင် ခဏက ဟိုဘက်အိမ်ကထွက်လာတာ"

"မင်းကအကုန်သိနေတော့တာပဲ"

" ငါလည်း သူလျှိုတွေအများကြီးထားထားတယ်လေ ငွေရှိရင် အဲ့လောက်မခက်ပါဘူးကွာ ဒါနဲ့ ဟိုဘက်အိမ်ကိုမင်းအိမ်ငှားထားထားတာလား"

"အင်း ချာတိတ်ပေါက်စတစ်ယောက်ပါ"

"ထူးထူးဆန်းဆန်းပါလား အရင်ကမင်းဘယ်သူ့မှမငှားပေးပါဘူး ဘယ်သူနဲ့မှမပတ်သတ်ချင်ဘူးဆို"

"ဒီလိုပါပဲ သူအကူအညီလိုနေတာနဲ့"

Dark အဓိပ္ပာယ်ပေါက်စွာ တစ်ချက်ရယ်လိုက်သည်။

.....
ခွန်းလည်းဝင်မယ်မဝင်ဘူးစဥ်းစားရင်း အိမ်ပေါက်ဝတွင်ရပ်နေသည်။
" ငါဝင်သွားလိုက်ရမလား မဖြစ်သေးဘူး ကိုခန့်အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဘာမှမဖြစ်လောက်ပါဘူးလေ ဝင်သွားတာပဲကောင်းတယ် "

မာန်ခန့်တည် လည်းတံခါးခေါက်သံကြားတာကြောင့် သွားဖွင့်ပေးလိုက်သည်။

" ကိုခန့် ဝင်လို့ရမလား"

" ရတယ် လာလေ "

"ဧည့်သည် ရောက်နေတာလား "

"အင်း ကိုယ့်သူငယ်ချင်း "
ဆိုကာမိတ်ဆက်ပေးဖို့လုပ်တုန်း

"Hi.... " ဆိုပြီး Dark ကအရင် ဇိုင်းခွန်းခအား လက်ပြကာနှုတ်ဆက်လိုက်သည်။

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now