အပိုင်း ၁၁

5.4K 515 8
                                    

Uni...

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၁၁)

ဇွဲက စိတ်ရှုပ်စွာခေါင်းကုတ်ရင်း
" မင်းကလည်း ငါလည်းဘယ်သိမှာလဲ "

ဇိုင်းခွန်းခလည်းသက်ပျင်းချကာ
" ကျစ် ဟုတ်သားပဲ မင်းလည်း ရည်းစားတစ်ယောက်မှမထားဖူးတဲ့ဟာ။ ဟိုကောင်မှသိမှာ"

"ဒါနဲ့ မင်းဘယ်သူ့ကိုကြိုက်နေလို့လဲ ဘယ်လိုခံစားနေရလို့လဲ"

" အခုတလောလေ သူ့ကိုတွေ့ရရင်အရမ်းပျော်တယ်။ ငါ့မျက်လုံးထဲမှာလည်း သူကအချောဆုံးပဲဖြစ်နေတာ သူ့နောက်ကျောလေးမြင်ရရင်တောင် အလိုလိုပြုံးမိလာတာ သူငါနဲ့နီးကပ်နေတဲ့အချိန်ဆို ရင်ခုန်သံတွေမြန်လာသလိုမျိုး ပြီးတော့။ ငါမဟုတ်ပဲတစ်ခြားတစ်ယောက်နဲ့ အတူတူရှိနေတာမျိုးမြင်ရင်လည်း ငါမကြိုက်ဘူးဖြစ်လာတာ ပြီးတော့ဘယ်လိုပြောရမလဲကွာ သူကငါ့အပိုင်ဖြစ်ရင်အရမ်းကောင်းမှာပဲ ဆိုတဲ့အတွေးမျိုးလည်းခဏခဏဝင်လာတယ်။ သူနဲ့ပတ်သက်တာအကုန်လုံးကိုသဘောကျတယ်ကွာ။ သူ့အပြုံးတွေကအစ သူ့စကားသံလေးအဆုံး မဖြစ်သင့်ဘူးဆိုတာသိနေတာတောင် သူ့ကိုသဘောကျတဲ့ခံစားချက်ကတစ်ဖြည်းဖြည်းပိုတိုးလာတာ သူ့အနားမှာပဲအမြဲတွယ်ကပ်နေချင်နေတယ် "

ဇွဲကတော့ ခွန်းပြောတာတွေနားထောင်ရင်း ပါးစပ်အဟောင်းသား
" မင်းပြောပုံအရဆိုရင် မင်းသူ့ကိုသဘောကျနေတာ သေချာသလောက်ရှိနေပြီ ဒါနဲ့အခုမင်းပြောနေတဲ့တစ်ယောက်ကဘယ်သူလဲ"

ဇိုင်းခွန်းခက ခဏစဥ်းစားပြီး
" မင်းငါ့ကိုမလှောင်နဲ့နော်"

" ဘာလို့လှောင်ရမှာလဲ ပြောပါ"

" ကိုခန့်လေ ကိုမာန်ခန့်တည်"

"ဘာ..." ဆိုကာဇွဲအလန့်တကြားအော်လိုက်သည်၊

" မင်းကလည်း မအော်နဲ့လေ"

ဇွဲကမယုံကြည်နိုင်သည့်ပုံဖြင့်
" ကိုမာန်ခန့်တည်ကိုလား ဘယ်လိုဖြစ်ပြီးတော့ သူ့ကိုကြည့်လိုက်ရင် အမြဲရုပ်တည်ကြီးနဲ့လေ အေးတိအေးစက်နဲ့ "

" အေးတိအေးစက်မဟုတ်ပါဘူး။ နွေးထွေးပါတယ်နော် ငါ့အတွက်တော့"
ဇိုင်းခွန်းခက ပြန်ချေပသည်။

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now