အပိုင်း ၁၃

4.6K 311 4
                                    

Uni

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၁၃)
(22.11.2021)

မနက်ရောက်တော့ ဇိုင်းခွန်းခတို့ပစ္စည်းတွေသိမ်းဆည်းကာ ပြန်လာခဲ့ကြသည်။
တစ်လမ်းလုံး ဇိုင်းခွန်းခဘက်ကဖြစ်စေမာန်ခန့်တည်ဘက်ကဖြစ်စေ စကားတစ်လုံးမှမပြောကြ
မာန်ခန့်တည်ကတော့ သူ့ဘာသာကားသာဂရုစိုက်မောင်းနေလေသည်။
ဇိုင်းခွန်းခကတော့ မျက်နှာမကောင်း စိတ်ထဲကပါ
"ကိုခန့်ကငါ့ကိုစကားတောင်မပြောတော့ဘူး။
ကျစ် ငါ့ကိုစိတ်ဆိုးသွားပြီ ငါဘယ်လိုပြန်ပြောရမလဲ "
တစ်ညလုံးတဲထဲမှာလည်း အိပ်မရပဲ နောင်တတွေရနေခဲ့တာဖြစ်သည်။

ဇိုင်းခွန်းခလည်း အိမ်နားရောက်ခါနီးကျ အားတင်းပြီးတော့ မာန်ခန့်တည်ကိုစကားစပြောဖို့ပြင်လိုက်သည်။
" ကိုခန့် ညတုန်းက ကျွန်တော်...."
ဇိုင်းခွန်းခပြောမလို့လုပ်တုန်း အိမ်ရှေ့ရောက်ပြီမို့ကားကရပ်လိုက်သည်။

ပြီးတော့ မာန်ခန့်တည်က အရှေ့ကိုမျက်မှောင်ကြုတ်ပြီး ကြည့်နေတာမို့ ဇိုင်းခွန်းခလည်း လိုက်ကြည့်မိသည်။
မာန်ခန့်တည်အိမ်ရှေ့မှာရပ်နေသည့်မိန်းကလေး တစ်ယောက်....
တောင့်တင်းလှပတဲ့ ခန္ဓာကိုယ် နဲ့အတူ ဆံပင်တွေကိုအကုန်စုစည်းထားတာကြောင့် လှပကျော့ရှင်းတဲ့မျက်နှာဝင်းဝင်းပပလေးမှာ မြင်ရသူတိုင်းကြည်နူးစရာ...

" ခွန်းအိမ်ထဲဝင်နှင့် " ဆိုကာ
မာန်ခန့်တည်လည်းကားတံခါးဖွင့်ကာ ဆင်းသွားပြီး ထိုမိန်းကလေး ဆီလျှောက်သွားသည်။
" Snow မင်းဒီကိုဘာလာလုပ်တာလဲ"

" မာန့် ဆီလာတာပေါ့ "

" ဒီကိုမလာဖို့ပြောထားတယ်မလား"

ထိုမိန်းကလေးကသက်ပျင်းချရင်း
" Snow ကိုဒီကိုမလာစေချင်ရင် မာန်ရန်ကုန်ပြန်လိုက်ခဲ့လေ"

" ပြန်လိုက်ပြီဘာလိုက်လုပ်ရမှာလဲ ကျေးဇူးပြုပြီး ကိုယ့်ကိုတစ်ယောက်ထဲပေးနေစမ်းပါ "

" မာန့်ကျန်းမာရေးလည်းရှိသေးတယ်လေ
ရန်ကုန် လာပြီးသေချာဆေးကုသသင့်တာပေါ့။ ဒီတိုင်းနေမယ်ဆို မကောင်းဘူးလေ။ ဦးလည်းအရမ်းစိတ်ပူနေတာ"

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now