အပိုင်း ၁၄

4.9K 327 14
                                    

Uni....

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၁၄)

" Hello Dark အခုbarမှာရှိနေသေးလား"
မာန်ခန့်တည် ဖုန်းဆက်ကာထပ်မေးလာတာဖြစ်သည်။

" မင်းရဲ့ ခွန်းကို ငါ့ကလေးခေါ်သွားပြီ။ barကိုမလာနဲ့တော့"

" ဘာ"

" ဇိုင်းခွန်းခ အရက်မူးနေတယ် ဇွဲကသူ့အိမ်ကိုပဲခေါ်သွားမယ်တဲ့ "

" အခုထွက်သွားပြီပေါ့"

"အင်း ။မင်း ဇိုင်းခွန်းခကိုပစ်ထားနိုင်လို့လား
မပစ်ထားနိုင်ရင်လည်းဇွဲဆီမှာသွားခေါ်..."
Dark ပြောလို့မပြီးသေး မာန်ခန့်တည် ကတော့ဖုန်းချသွားလေသည်။

" အရက်လေးမူးတာတောင်အဲ့လောက်စိတ်ပူနေတဲ့ဟာ မင်းဇိုင်းခွန်းခကို မကြိုက်ဘူးဆိုတာ ငါ့မယုံဘူး မာန်ခန့်တည်ရာ " ဆိုပြီး Dark တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

ဇိုင်းခွန်းခ တစ်ယောက် ဇွဲကားပေါ်သို့မတက်ဘဲ ယိုင်တိုင်တိုင်ဖြင့်လမ်းလျှောက်သွားကာ လမ်းမှာတွေ့သမျှဓာတ်တိုင်တိုင်းကိုလိုက်ဖက်နေသဖြင့် ဇွဲမှာကားထားခဲ့ပြီး ဇိုင်းခွန်းခကိုသာ
အတင်းလိုက်ခေါ်နေရသည်။

" ဟင် ဘာလို့ မင်းကအရမ်းအရပ်ရှည်နေရတာလဲကွာ မသိရင်ငါကအရပ်ပုတဲ့အတိုင်းပဲ"
ဆိုပြီး ဓာတ်တိုင်ကိုဖက်ကာ စကားပြောနေသူဇိုင်းခွန်းခကြောင့်

" ဇိုင်းရာ လာပါကွာ ဓာတ်တိုင်ကိုဘာလို့ပြဿနာရှာနေရတာလဲ..."

" မဟုတ်ဘူး မဟုတ်ဘူး ငါကပြဿနာရှာတာမဟုတ်ဘူးနော် ဒီဓာတ်တိုင်ကရှာတာ ဇွဲ မင်းဒီဓာတ်တိုင်ကိုသေချာကြည့်စမ်း တစ်ယောက်ယောက်နဲ့ မတူဘူးလား"

" ဓာတ်တိုင်နဲ့တူတဲ့လူ ဘယ်သူရှိလို့လဲကွာ လာပါအမြန်ပြန်ရအောင်"

ဇွဲကအတင်းဆွဲသော်လည်း ဇိုင်းခွန်းခက ဓါတ်တိုင်ကိုမလွတ်သေး
" သေချာကြည့်ပါ ကိုခန့်နဲ့တူသလိုပဲ ဒီဓာတ်တိုင်ရော ဟိုနားကဓာတ်တိုင်ရော ဟိုးဘက်ကဓာတ်တိုင်ရော"

ဇွဲ သူဆံပင်သူလက်နဲ့ထိုးဖွလိုက်ရင်း
" ကျစ် ဒီအမူးသမားကိုငါဘယ်လိုလုပ်ရမလဲ စိတ်ညစ်တယ် "

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now