အပိုင်း ၁၅

5.3K 327 11
                                    

Uni....

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၁၅)

မာန်ခန့်တည် တစ်ယောက် ညနေပိုင်းတွင်အပြင်ထွက်ခဲ့သည်မှာ အခြားအကြောင်း မဟုတ်ပေ။
ရန်ကုန်ကနေ ဇိုင်းခွန်းခအတွက်မွေးနေ့လက်ဆောင်မှာထားတာကြောင့် ကားဂိတ်တွင်လာစောင့်ယူခြင်းဖြစ်သည်။
ဇိုင်းခွန်းခမွေးနေ့ရယ်လို့ သိတဲ့အချိန်ထဲက ကြိုပြီးပြင်ဆင်ထားခဲ့ဖြစ်သည်။

မာန်ခန့်တည် ပစ္စည်းကိိုသေချာစစ်ဆေးကြည့်ကာ သူမှာထားတဲ့အတိုင်း တစ်ထပ်တည်း ကျတာမို့ ကျေနပ်မိလေသည်။ လက်ဆောင်မှာအခြားမဟုတ် လက်ပတ်နာရီလေးတစ်လုံးသာ ထူးခြားသည်ဆိုလို့ ထိုနာရီလေးအား မာန်ခန့်တည်ကိုယ်တိုင် ဒီဇိုင်းဆွဲကာ ပြုလုပ်ခိုင်းထားခြင်း နာရီကိုလက်မှာပတ်၍ချိတ်သည့်နေရာတွင် အခြားနာရီများကဲ့သို့မတူ တစ်ဖက်က သော့ခလောက်လေးထဲတွင် နောက်တစ်ဖက်က သော့တံလေးဖြင့်တွဲ၍ ပိတ်ရတာဖြစ်သည်။

မာန်ခန့်တည် မြင်ရသလောက် ဇိုင်းခွန်းခ လက်တွင်နာရီပတ်ထားတာမတွေ့ဖူး
ဒါကြောင့် နာရီလေးပေးရန်စဥ်းစားမိလိုက်တာဖြစ်သည်။
ဒီရက်ပိုင်း ဇိုင်းခွန်းခကသူ့ကိုအရင်လိုစကားလည်း တွတ်တွတ်ထိုးမပြော သူနဲ့ ဇိုင်းခွန်းခဆက်ဆံရေးမှာ အနည်းငယ်အလှမ်းဝေးလာသလိုခံစားမိတာကြောင့် ဒီနေ့ညတွင်တော့ ပြေပြေလည်လည်ပြန်ဖြစ်အောင် ကြိုးစားရမည်ဟုစဥ်းစားထားသည်။

ချစ်သူရည်းစားလို မဟုတ်ပေမဲ့လည်းအရင်ကလို
ဇိုင်းခွန်းခရဲ့ ပေါက်ပေါက်ဖောက်သလိုပြောနေတဲ့ စကားသံလေးတွေ ပြန်ကြားချင်ပါသေးသည်။ မာန်ခန့်တည် ဇိုင်းခွန်းခဆီပြန်ဖို့ကားစက်နိုးလိုက်ချိန်တွင် ဖုန်းတစ်ကောလ် ဝင်လာသည်။ ဆက်သွယ်သူကတော့ Snow...
မာန်ခန့်တည်မကိုင်ဖို့စဥ်းစားပေမဲ့ ခဏခဏ ဆက်ခေါ်နေမှာစိုး၍ ကိုင်လိုက်ရသည်။

" ပြော Snow ဘာကိစ္စလည်း မင်းအခုထိရန်ကုန်မပြန်နိုင်သေး...."မာန်ခန့်တည် ပြောလို့မဆုံးသေး တစ်ဖက်က အားမရှိတဲ့လေသံဖြင့် ပြန်ဖြေလာသည်။

" မာန် ငါဖျားနေတယ် ကျေးဇူးပြုပြီး ငါ့ကိုဆေးခန်းလိုက်ပို့နိုင်မလား "

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now