အပိုင်း ၁၆

5.3K 326 15
                                    

Uni

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၁၆)

မာန်ခန့်တည် တစ်ညလုံးစဥ်းစားပြီးနောက်...ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။

မနက်အလင်းရောင်ထွက်သည်နှင့် မာန်ခန့်တည် ဇွဲအိမ်ကိုရောက်သွားသည်။
" ဇွဲ ဇိုင်းခွန်းခ ကချင်​​ပြည်နယ်မှာပဲ ရှိနေသေးတယ်မလား"

" မ မဟုတ်ပါဘူး ရန်ကုန်ပြန်ရောက်ပြီးလက်တောင်လက်ထပ် တော့မှာ"
ဇွဲမလိမ်တက် လိမ်တက်ဖြင့် လိမ်လိုက်သည်။
အကြောင်းကား Darkက သူ့အားထိုသို့ပြောမှ ဇိုင်းခွန်းခ နဲ့မာန်ခန့်တည် ပြန်အဆင်ပြေနိုင်မည်ဟု ဆိုသောကြောင့်ပင်...။

မာန်ခန့်တည် ခေါင်းငြိမ့်ပြလိုက်ပြီး
" ဇွဲ အစ်ကို့ကို လိမ်ရတဲ့အကြောင်းအရင်းကို နားလည်ပါတယ် ဒါပေမဲ့ ခွန်းရဲ့ Phone ကတည်နေရာက ပူတာအိုမှာလို့ပြနေတယ်"

ဇွဲ အံ့သြသွားပြီး
" ဟင် အစ်ကို ကဘယ်လိုသိတာလဲ"

" အရင်တစ်ခါ ခွန်းပျောက်ပြီး နောက်ပိုင်း သူ့ဖုန်းနဲ့ အစ်ကို့ဖုန်းချိတ်ပြီး တည်နေရာပြတဲ့ဟာထည့်ထားလိုက်တာ။ အစ်ကို့ကို အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့ သူဘယ်နေရာမှာရှိနေလဲ အတိတကျ ပြောပြပေးနိုင်မလား...."

.........

ဇိုင်းခွန်းခ တစ်ယောက်ထဲပျင်း​နေတာကြောင့်
သူငှားထားတဲ့ အိမ်ရှေ့ထွက်လိုက်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကိုမော့ကြည့်နေသည်။

နှင်းဖွဲဖွဲလေး​ကျနေပြီး နှင်းပွင့်အချို့က ဇိုင်းခွန်းခ ဆံပင်နဲ့ ခန္ဓာကိုယ် ပေါ်မှာတင်ကျန်နေသည်။
ဇိုင်းခွန်းခ သက်ပျင်းတစ်ချက်ချလိုက်တာကြောင့်
ပါးစပ်နဲ့ နှာခေါင်းကနေ အငွေ့များ ပြေးထွက်လာပြန်သည်။

အခုချိန် ဇိုင်းခွန်းခစိတ်ထဲ စဥ်းစားနေတဲ့သူကတော့ မာန်ခန့်တည်သာ။
မမြင်ရရင် အနည်းငယ်များသက်သာရာရမလား ထင်မိပေမယ့် ဝေးကာမှ သတိရစိတ်တွေက ပိုတိုးနေလေသည်။

ဇိုင်းခွန်းခ သက်ပျင်းကိုအခါခါချနေတုန်း...
သူ့ဘက်ကို လာနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်သည်။
နည်းနည်းဝေးသေးတော့ ဘယ်သူလည်းသိပ်မသည်းကွဲပေမဲ့ တဖြည်းဖြည်း ထိုလူက လမ်းမီးတိုင်အောက်ရောက်လာတော့
ဇိုင်းခွန်းခ လွမ်းဆွတ်တမ်းတကာ တွေ့ချင်တဲ့လူဖြစ်နေမှန်း သိလိုက်ရသည်။

ကိုယ့်အချစ်များသက်သေတည် Opowieści tętniące życiem. Odkryj je teraz