အပိုင်း ၇

5.6K 359 2
                                    

Uni...

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၇)

ဇိုင်းခွန်းခ မုန့်ဝယ်ပြီးပြန်လာတော့ ဟိုနေ့ကတွေ့ခဲ့တဲ့လူတွေထဲက နှစ်ယောက်ကိုတွေ့လိုက်ရသည်။ ဦးထုပ်တွေကို ခပ်ငိုက်ငိုက်ဆောင်းထားပေမဲ့လည်း
ဇိုင်းခွန်းခကတော့ကျိန်းသေမှတ်မိသည်။
ထို့ကြောင့်မြန်မြန်ပြန်ပြီ ဇွဲဆီ ဖုန်းဆက်ရန်အလုပ်
မထင်လိုက်တဲ့ အချက်က ဖြစ်လာတော့သည်။

ထိုနှစ်ယောက်ထဲက တစ်ယောက်က ဇိုင်းခွန်းခကိုမှတ်မိနေခြင်း ဇိုင်းခွန်းခရဲ့ camera ကိုမှတ်မိနေတယ်ဆိုရင်ပိုမှန်လိမ့်မည်။
ထို့ကြောင့်ဇိုင်းခွန်းခ နောက်ကနေ ပြေးလိုက်လာကာ လက်ကိုဆွဲလိုက်ရင်း...
" ဟိတ် မင်းဟိုနေ့ကတစ်ယောက်ပဲ ဟုတ်တယ်မလား"ဟုအသံမာမာနှင့်မေးလာသည်။

" ဘာပြောနေတာလဲ မသိဘူး"

" မလိမ်နဲ့ မင်းရုပ်ကို မမှတ်မိလိုက်ပေမဲ့ မင်းလည်ပင်းမှာဆွဲထားတဲ့ camera ကိုတော့မှတ်မိတယ်ကွ "
ဇိုင်းခွန်းခအော်ဟစ်ကာ အကူအညီတောင်းဖို့မလုပ်နိုင်ခင် ထိုသူတို့လက်ထဲမှာမေ့သွားလေသည်။

ပြန်နိုးလာတော့ အခန်းတစ်ခန်းရဲ့ကြမ်းပြင်ပေါ်မှာ လက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရပြီ ပါးစပ်ကိုလည်း အဝတ်စနဲ့စည်းခံထားရသည်။ ပြီးတော့ကြားနေရတဲ့ စကားသံတွေက

" မင်းတော်တယ် ဒီကောင်လေးကဖြူဖြူသန့်သန့်လေး ရောင်းစားရင်စျေးကောင်းရမှာ မနက်ဖြန် ငါတို့တစ်ဖက်နိုင်ငံကူးရင် သူ့ပါခေါ်သွားရမယ်"

" ဟုတ်တယ် boss အစကတော့ ကျွန်တော်လည်း သူ့ကိုရိုက်သတ်ပစ်မလို့ပဲ လူကကောင်းကောင်းသန့်သန့်လေးဆိုတော့ ခေါ်ခဲ့လိုက်တာ"

"ငါတို့မနက်ဖြန်မနက်ကျ မြန်မြန် ထွက်ရမယ် အခုငါတို့လူတွေကအထူးစုံစမ်းရေးအဖွဲ့လက်ထဲရောက်သွားတာအရင်လိုပိုက်ဆံနဲ့ပြန်ရွေးလို့မရဘူး။ အခန့်မသင့်ရင် ငါတို့ဆီပါရောက်လာတော့မှာ"

"ဟုတ်ကဲ့ boss"

" သူများကိုမရောင်းခင် ဟိုကောင်လေးနဲ့ငါအရင်သွားနေလိုက်အုံးမယ် ဒီတိုင်းပဲ ရောင်းပစ်လိုက်ရင် နှမြောစရာ ဘာကိစ္စမှမရှိရင်လာမနှောင့်ယှက်နဲ့ကြားလား"

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now