အပိုင်း ၂

8K 522 8
                                    

Uni....

ကိုယ့်အချစ်များသက်သေတည် (အပိုင်း၂)

မနက်ခင်းဇိုင်းခွန်းခ နိုးလာသည့်အချိန် အစ်ကိုက အိမ်မှာမရှိ​
တော့ "ဟင် ဘယ်သွားတာလဲ မသိဘူး"ဆိုတာ ဟိုရှာဒီရှာရင်း
ဇိုင်းခွန်းခလည်းအိမ်ပြင်ထွက်ကြည့်တော့ အအေးဓါတ်ကမျက်နှာမှတစ်ဆင့် တစ်ကိုယ်လုံးကိုလာဟပ်သည်။

" လခွမ်း အေးလိုက်တာဟ အိမ်ထဲမှာတုန်းကအပူပေးစက်ရှိတော့ သတိမထားမိဘူး။"
အပြင်ဘက်ရှုခင်းကိုကြည့်ရင်း
"Woo နှင်းတွေကြီးပါဘဲလား လှလိုက်တာ
နေချင်စရာတော့ကောင်းပါတယ် တော်တော်အေးတာတစ်ခုပဲ"

မာန်ခန့်တည်မုန့်ဝယ်ပြီးပြန်လာတော့ အိမ်ရှေ့မှာ
လက်လေးပိုက်ပြီးဟိုကြည့်ဒီကြည့် ကြည့်နေသည့် ဇိုင်းခွန်းခကိုတွေ့တာကြောင့်

" ဟိတ် နိုးပြီးလား မျက်နှာသစ်ပြီးပြီလား "

" မသစ်ရသေးဘူး အစ်ကိုကဘယ်သွားနေတာလဲ"

"မုန့်တွေသွားဝယ်နေတာ လာ မျက်နှာအရင်လာသစ် ပြီးရင်မနက်စာစားရအောင်"

" ဟုတ် "
မနက်စာကိုမာန်ခန့်တည်က နွားနို့ပူပူလေးရယ် ပေါင်မုန့်မီးကင်ထောပတ်ယိုသုတ်လေးရယ်ကြက်ဥကြော်လေးရယ်ပြင်ပေးပြီး
ဇိုင်းခွန်းခကတော့အပီအပြင်စားနေလေသည်။
" ဒါနဲ့လေ ဒီအိမ်ဘေးမှာအိမ်တစ်လုံးရှိသေးတာ လူလည်းမတွေ့ဘူးရော"

" လူမနေဘူး... "

" ဟုတ်လား အဲ့အိမ်ရှင်ကိုသိလားဟင် ဟိုတယ်ထက်စာရင် အိမ်လေးငှားနေတာပိုကောင်းမယ်ထင်လို့"

" အဲ့မှာနေချင်လို့လား"

"အင်း" ဇိုင်းခွန်းခ ပေါင်မုန့်ကိုပါးစပ်မှာကိုက်လျက်သားနဲ့ခေါင်းငြိမ့်ပြလိုက်တယ်....

" ok နေလေ အဲ့ဒါကိုယ့်အိမ်ပဲ "

" ဗျာ အဲ့ဒါဆို ဒီအိမ်ကရော"

" ဒီအိမ်လည်း ကိုယ့်အိမ်ပဲ"

" ဟင် ဒီမှာနေတာတစ်နှစ်ကျော်လောက်ပဲရှိသေးတာကို အိမ်နှစ်လုံးတောင်ဝယ်ထားတာလား အစ်ကိုက ဘယ်ကနေဒီကိုပြောင်းလာတာလဲ ဘာအလုပ်လုပ်တာလဲဟင်"

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now