အပိုင်း ၉

5.4K 339 9
                                    

Uni....

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၉)

" ဟိတ်..."

ခေါ်သံကြောင့် ဇွဲလှည့်ကြည့်လိုက်သည်။ ဘေးဘီကြည့်တော့လည်းဘယ်သူမှမရှိသူတစ်ယောက်ထဲသာရှိတာမို့ သူ့ကိုခေါ်သည်မှာ ကျိန်းသေသည်။
" ကျွန်တော့်ကိုခေါ်တာလား"

"အင်း မင်းကိုခေါ်တာ"

" ဘာကိစ္စရှိလို့လဲ"

" ချောကလတ်ကျွေးချင်လို့ " ဆိုကာ Dark သူ့အိတ်ကပ်ထဲကနေ ချောကလတ်အတုံးလေးတွေနှိုက်ပြီး ဇွဲလက်ထဲသွားထည့်ပေးလိုက်သည်။

ဇွဲလည်းအစတော့ခဏကြောင်နေပြီး
" ဘာလုပ်တာလဲ ကျွန်တော့်ကိုသိလို့လား"

" မပြောတက်ဘူးလေ သိတယ်ထင်တာပဲ"
ပြီးတော့ Dark ကဇွဲနဖူးက ဒဏ်ရာလေးကိုဖွဖွထိလိုက်ပြီး
"နဖူးမှာ ဒါဏ်ရာလေးရနေတာပဲဒါဏ်ရာကိုဆရာဝန်နဲ့သေချာပြနော်" ဆိုကာပြုံးပြပြီးထွက်သွားလေသည်။

ဇွဲကတော့သူ့နဖူးသူပြန်ပွတ်ကြည့်နေပြီမှ
" ဘာလဲဟ ငါ့ကိုသိလို့လား။ နေပါအုံး ငါသူ့ကိုတွေ့ဖူးနေသလိုပဲ ဘယ်မှာပါလိမ့်။ အား
ဟုတ်တယ် သူပဲ ဟိုနေ့ကငါဇိုင်းအိမ်သွားတုန်းကရှေ့မှာတွေ့ခဲ့တဲ့လူပဲ mask အုပ်ထားတယ် ဆိုပေမဲ့ သူပဲသေချာတယ်။ ဒါနဲ့အသံကလည်းရင်းနှီးနေသလိုပဲ စကားလဲတစ်ခါမှမပြောဖူးပါဘူး။ ကျစ် ဘာလဲဟငါ့ကို ဦးနှောက်စားအောင်လာလုပ်သွားတယ်။ နောက်တစ်ခါ တွေ့လို့ကတော့ ရှင်းအောင်လုပ်ရမယ်"

....

" ခွန်း စားအုံးလေကွာ ဘာလို့နည်းနည်းပဲစားရတာလဲ"

" တော်ပြီ ဆန်ပြုတ်မကြိုက်ဘူး ထပ်မစားချင်တော့ဘူး ကိုခန့်ရာ"

" မင်းလေးကလေ အမြဲပြောစကားနားမထောင်ဘူး"

ထိုအချိန်ပဲ ဇွဲကတံခါးဖွင့်ပြီးဝင်လာသည်။
" ဟေ့ ဇိုင်းနိုးပြီလား အစ်ကိုသူ့ကိုဆန်ပြုတ်တိုက်နေတာလား။ ကျွန်တော့်ကိုပေး ကျွန်တော်တိုက်မယ် အစ်ကိုတိုက်ရင် သူသောက်မှာမဟုတ်ဘူး။ သူကဆန်ပြုတ်လုံးဝမကြိုက်ဘူး"

" အပိုလာလုပ်မနေနဲ့ ဇွဲ မင်းတိုက်လည်းငါမသောက်ဘူးနော်"
ဇိုင်းခွန်းခကအသည်းအသန်ငြင်းသည်။

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now