အပိုင်း၈

5.8K 355 3
                                    

Uni...

ကိုယ့်အချစ်များသက်သေတည် ( အပိုင်း ၈)

" ချမ်းတယ် " ဆိုကာ ညည်းနေတဲ့ဇိုင်းခွန်းခကို
နွေးေထွးသွားအောင်လို့ မာန်ခန့်တည် သူ့ရင်ခွင်ထဲကိုသာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။
မီးပုံလေးတစ်ပုံနဲ့ ပွေ့ဖက်ကာ အိပ်နေတဲ့ လူနှစ်ယောက်။ဇိုင်းခွန်းခကတော့ မာန်ခန့်တည် ရင်ခွင်ထဲမှာနွေးထွေးလျက်ရှိပါရဲ့...။

....
မနက်ရောက်တော့...

ဇွဲတစ်ယောက်ပြန်နိုးလာသည်။ သို့ပေမယ့်မျက်လုံးရော လက်တွေရော တစ်ခုခုနဲ့ ချည်နှောင်ခံထားရသည်။

" ဟင်....ဘယ်လိုဖြစ်ပြီး "

" နိုးလာပြီလား "ဆိုကာပြောလိုက်သူက Dark

" ခင်ဗျား ဘယ်သူလဲ ဘာလို့ကျွန်တော့်ကိုဖမ်းထားတာလဲ"
ဇွဲကြိုးစားကာ ကြိုးဖြည်ရန်လုပ်သော်လည်းမရ ဘာမှမမြင်ရတာကြောင့်ပိုဆိုးသည်။ တစ်ဖက်လူမှာ သေနတ်ရှိနေနိုင်တာမို့ အရမ်းလည်းအတင့်မရဲသေး။

" ကိုယ်မင်းကိုမဖမ်းထားရင် မင်းကကိုယ့်ကိုပြန်ဖမ်းမှာလေ မဟုတ်ဘူးလား"

ဇွဲခန္ဓာကိုယ်ကိုနောက်နည်းနည်းရွေ့ရင်း
" ခင်ဗျား ကခေါင်းဆောင်လား"ဟုမေးလိုက်သည်။

" ခေါင်းက ဒါဏ်ရာနာနေသေးလား"

" မေးတာကိုပဲဖြေလေ"

Darkကတော့ဇွဲမေးတာမဖြေပဲ ဆက်ပြောသည်က
" မြို့ထဲပြန်ရောက်ရင် ဆေးရုံသွားပြလိုက် ဒီတိုင်းမနေနဲ့"

" ကျွန်တော့်ကို သတ်ချင်လည်းသတ် ကျွန်တော်လွှတ်လို့ကတော့ ခင်ဗျားကိုရအောင်ဖမ်းပြမယ်"

Darkပြုံးလိုက်သည်။ ထိုအပြုံးကို မျက်လုံးစည်းခံထားရသည့် ဇွဲကတော့မမြင်ပေ။
" စိတ်ကြီးပဲ... ..ထားပါ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး။ ရော့ အခုလောလောဆယ် ဗိုက်ဆာပြီမလား။ ကိုယ်ယုန်သားကင်ထားတယ် စားမလား ခွံ့ကျွေးမယ် လက်ကကြိုးကိုတော့ မဖြည်ပေးနိုင်ဘူး"
(ဇာတ်လမ်းအရမို့သားယုန်သားထည့်လိုက်ရတာပါ အပြင်မှာတော့ယုန်သားလိုက်မစားကြပါနဲ့နော်)

" မစားဘူး..."

" ခဏနေ ပြန်ရအုံးမှာလေ ဗိုက်ဆာနေမှာနော် ဒီလောက်မွှေးနေတာ မစားချင်ဘူးလား"

ကိုယ့်အချစ်များသက်သေတည် Unde poveștirile trăiesc. Descoperă acum