အပိုင်း ၃

7.8K 449 8
                                    

Uni.....

ကိုယ့်အချစ်များသက်သေတည် (အပိုင်း၃)

မာန်ခန့်တည်၀င်ကြည့်ေတာ့တွေ့လိုက်ရတာက ကြမ်းပြင်မှာမှောက်ကျနေတဲ့ ခေါက်ဆွဲတွေနဲ့ ဒယ်အိုးတစ်လုံး
ပြီးတော့ ဇိုင်းခွန်းခကသူ့လက်တစ်ဖက်ကို တစ်ဖက်ကကိုင်ထားကာ ကြမ်းပြင်ကဟာတွေကိုကြည့်နေသည်။မာန်ခန့်တည်အနေနဲ့ ဒီလောက်ဆိုဘာဖြစ်လဲ ခန့်မှန်းလို့ရပါပြီ...။

" ခွန်း အဆင်ပြေရဲ့လား....."

ဇိုင်းခွန်းခမအီမသာရုပ်နဲ့ခေါင်းငြိမ့်ပြသည်။

မာန်ခန့်တည်အနားသွားပြီး ဇိုင်းခွန်းခရဲ့လက်ကိုယူကြည့်လိုက်တော့...
" အပူလောင်သွားပြီးပဲ ခဏလာ ဒီဘက်လာထိုင် "ဆိုတာ
ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
" ဆေး မရှိဘူးမလား။ ခဏနော် ကိုယ်ဆေးသွားယူလိုက်အုံးမယ်..."
ပြောရင်သူ့အိမ်ကိုပြန်ပြေးကာဆေးသွားယူသည်။

ဆေးယူလာပြီး ဇိုင်းခွန်းခရဲ့အပူလောင်ထားတဲ့လက်လေးကို ဆေးလိမ်းပေးသည်။
လက်ကောက်ဝတ်နားတစ်လျှောက်လုံးနီရဲနေတာကြောင့် 
" ဆေးခန်းသွားရမယ်နဲ့တူတယ်"

" ဘာမှမဖြစ်ပါဘူး အရမ်းမပူတော့ဘူး ခဏကဖြစ်ဖြစ်ချင်မို့...အား...စပ်တယ်"

" sorry အရမ်းစပ်သွားလား ကိုယ်လေမှုတ်ပေးမယ်" ဆိုကာမာန်ခန့်တည်
ဇိုင်းခွန်းခလက်လေးကိုလေမှုတ်ပေးရင်း
" ဒါနဲ့ ဘယ်လိုဖြစ်တာလဲ "

မာန်ခန့်တည် ကြမ်းပြင်က ခေါက်ဆွဲကိုထိုးပြတော့

" ဟဲဟဲ အဲ့ဒါကလေ။ ခေါက်ဆွဲအိုးကိုင်တာ ပူတော့အခန့်မသင့်ပဲလွှတ်ကျသွားလို့"

မာန်ခန့်တည်ဆေးလိမ်းပေးပြီးမှ အိမ်ထဲကိုသေချာကြည့်မိသည်။
" ဒီအိမ်မှာ မင်းတစ်ယောက်ထဲနေတာရောဟုတ်ရဲ့လား။ ရှုပ်ပွနေတာပဲ မုန့်ထုပ်ခွံ့တွေလည်းနေရာတကာ အင်္ကျီတွေလည်း ဟိုနားထားဒီနားထားနဲ့။
အခုတလောခေါက်ဆွဲထုတ်တွေပဲစားနေတာလား"

" ခေါက်ဆွဲ ကြီးပဲတော့မဟုတ်ပါဘူး။ပေါင်မုန့်လည်းစားတယ်"

" အဲ့ဒါတွေပဲစားနေရင် ဘယ်လိုလုပ်ပြီး အားရှိမှာလဲ ရောဂါတောင်ဖြစ်အုံးမယ် ထမင်းချက်စားလေ"

ကိုယ့်အချစ်များသက်သေတည် Where stories live. Discover now