🌵Extra 2🌵

14.4K 1K 78
                                    

"အချစ်တွေအပြည့်နဲ့ ပျော်ရွှင်စရာ မိသားစု ကမ္ဘာ..."

တရွေ့ရွေ့ပြောင်းလဲလာသည့် အချိန်ဟာအခုတော့ ငါးနှစ်ခန့်အကြာ.....

"ဟေးးးးဂျွန်ထယ်ဂျူ....ဒီကိုလာ.."

"လာဝူး...!ခစ်..ခစ်..."

"ရားးးးထယ်ဂျူလေးက လိမ်မာတယ်မဟုတ်လား...ဒယ်ဒီဆီလာပါနော်..."

အိပ်ခန်းထဲ၌ ဆူညံနေသော မောင်တို့ သားအဖအသံကြောင့် အခန်းအပြင်၌ရှိနေသော ထယ်ယောင်းပြုံးမိသွားရသည်။ဒါက အင်္ကျီဝတ်ခါနီးတိုင်း ထယ်ဂျူနဲ့မောင်တို့ကြားထဲက ပြဿနာ...

ဂျွန်ထယ်ဂျူ....။

မောင်နဲ့ကျွန်တော်ရဲ့ ဒုတိယမြောက် ရင်နှစ်သည်းချာလေး...။

သမီး အူဂျူထက် ပိုလည်ပြီး ဒီအဖေနှစ်ယောက်ကို ချစ်စရာအပြုမူတွေနဲ့ နိုင်စားလွန်းတဲ့ ပိစိကွေးရယ်ပါ။

ငါးနှစ်အရွယ်ဆိုပေမယ့် စကားလည်းသိပ်တက်ပြီး အဖိုးအဖွားကိုပါမချန် ညာစားတက်တဲ့ ကိုလူလည်လေးပါ။

ထယ်ဂျူလေးရဲ့ အကျင့်ကဘောင်းဘီဝတ်ခါနီး panties အရင်ဝတ်ပေးလိုက်ရင် အခုလိုမျိူးပတ်ပြေးတော့တာ....

သဘာဝ သိပ်ဆန်ချင်တဲ့ ကျွန်တော့်သား...

ဒီလိုအချိန်တိုင်း မောင်နဲ့သားက ပြဿနာတက်နေကြ...သားက ပတ်ပြေးမယ်...မောင်က လိုက်ဖမ်းမယ်။

ကျွန်တော့်ရဲ့ ချစ်မဝနိုင်တဲ့ အသက်သွေးကြောတွေပေါ့. ....

"လာဝူး!! လာဝူး!! ခစ်..ခစ်."

"လာပါ panties man လေးရာ...လိမ်မာတယ်နော်.."

panties manလို့ ချစ်စနိုးခေါ်ပြီး ချော့မော့နေသည့်တိုင် ထယ်ဂျူက နားထောင်ပုံမရ။

ဒီလိုဆိုမဖြစ်တော့ဘူး...ထယ်ယောင်းဝင်ပါမှ ရတော့မယ်။

"ဂျွန်ထယ်ဂျူ....တော်ပြီ!"

ထယ်ယောင်းရဲ့ ဟန့်သံတစ်ချက်မှာ ပြေးနေတဲ့ ခြေထောက်ဖောင်းဖောင်းလေးက ချက်ချင်း ရပ်တန့်လို့သွားခဲ့သည်။

"မင်းတော့နော်....ငါ ဒီလောက်ချော့မော့ခေါ်တာကျ နားမထောင်ဘူး...သူ့ ပါးပါးစကားကျ တစ်ခွန်းတည်းပဲ...မင်းပါးပါးကို ပိုချစ်တာပေါ့ ဟုတ်လား.."

CACTUS....🌵[ completed ]Tahanan ng mga kuwento. Tumuklas ngayon